Flag Counter


Pages

Sunday, November 12, 2017

Softwarepost 11

Software Post11

MTK Dead boot ဖြစ်ရခြင်း အကြောင်းရင်းနဲ့ Dead Boot မဖြစ် အောင် ကာကွယ် ပြီး Firmware ဘယ်လို တင် မလဲ ဆိုတာလေး ပြောပြပေးပါမယ်။
****************************************************************************************************************************************************************
ဟိုးအစ ပိုင်းလောက်က Mtk phone တွေ Dead boot ဖြစ် သွားတယ် ဆို ရင် ကျနော် တို့ firmware အမှန် ပြန်တင်ကြတယ် သို့မဟုတ်ရင် လည်း အကောင်းတစ်လုံးထဲ က နေပြီး Firmware ကို back up ဆွဲထုတ်လိုက်ပြီး Dead boot
ဖြစ် နေတဲ့ Phone ထဲကို Restore ပြန်လုပ်ပေးလိုက် ကြတယ် အဲ့လောက်နဲ့တင် အဆင်ပြေသွားတယ် ။ အခုနောက် ပိုင်း Boot Partation 4mb နဲ့လာတဲ့ ဖုန်းတွေမှာ ဆိုရင်တော့ Firmware အမှန်ပြန်တင် ရင်လဲ မနိုးတော့ပါဘူး ။ Back up
firmware ပြန်တင်ရင်လဲ မရတော့ ပါဘူး ။ အဖြစ်များတဲ့ ဖုန်းတွေက တော့ Vivo Y15,Y22,Y28 Huawei U10 , Oppo R831K ,R2001,A11w အဲ့ ကောင်တွေမှာ အဖြစ် များပါတယ် ။ ဒီကောင်တွေက Boot Partation 4 mb နဲ့လာတာပါ ။
ဥပမာ ဖုန်းက virus ကိုက်ပြီး လာရင် လာမယ် , Imei ပျောက် လာရင် လာမယ် Internal Storage ပျောက် ပြီး လာရင် လာမယ် ။ Logo stop ဖြစ်ပြီ်းလဲ လာရင် လာမယ် ။ အဲ့ လိုအခြေအနေတွေနဲ့ လာ ရင် သတိထားပါ ။ အဲ့လိုဖုန်းတွေကို
firmware တင်တော့ မယ် ဆိုရင် တော့ ပုံမှန်Firmware တင်နေကျ အတိုင်း Download Only နဲ့ပဲ တင် ပါ Format all + Download နဲ့ မတင်သင့်ပါဘူး ။ Flashtool Error တက်တယ် ဆိုရင် Flashtool ပြောင်းသုံးပါ။ Format လုံးဝ ရိုက် ဖို့ မစဉ်းစားပါနဲ့
Format ရိုက်လိုက် ရင် ဘာဖြစ်သွားနိုင်လဲ ဆို တော့ နဂိုက ရှိနေတဲ့ Boot partation 4mb ဖုန်းထဲ မှာ ပြန်ပါမလာတော့ပါဘူး။ Boot partation size သာ ပြန်ပါမလာတော့ ဘူး ဆိုရင် ဖုန်းကလဲ ဘယ် လို မှ ပါဝါတက် လာနိုင် မှာ မဟုတ်တော့ ပါ။ နောက် တစ်ချက်က
DA Dl All ဆိုတာ ကို အမှန်ခြစ် ဖြူတ်ထားပါ။ ဘယ်တော့ မှ မခြစ် ပါနဲ့ ။ IC ကောင်းနေရင် ဘာမှ မဖြစ် နိုင် ဘူး ဆိုပေမယ့် ခုဏ ကျနော် ပြောသလို error တွေနဲ့ လာတဲ့ ဖုန်းတွေဆိုရင် မခြစ် ပါနဲ့ ။တကယ် လို့ အမှန်ခြစ် ခြစ်လိုက်မယ် ဆိုရင် DA DL Fail ပြသွားးလိမ့်မယ်
Fail ပြသွားပြီးရင်တော့ Dead သွားနိုင် ပါတယ် ။ ကဲ ဒီလောက်ဆိုရင်တော့ Boot partatiion 4mb နဲ့ လာတဲ့ ဖုန်းတွေကို Dead Boot မဖြစ်အောင် Firmware Flashing လုပ်တက်ပြီလို့ ထင်ပါတယ် ။ နောက်တစ်နေ့မှာတော့ Boot Partation Size ကို ဘယ် လို စစ် ရမလဲ ဆိုတာ ပြောပြပေးပါမယ်

No comments:

Post a Comment