Flag Counter


Pages

Saturday, November 25, 2017

Baidu မှာ 1 TB account ဖွင့်နည်းပါ

Baidu  မှာ 1 TB account ဖွင့်နည်းပါ

1> မိမိဖုန်း Browser App ကနေ http://pan.baidu.com/ လိပ်စာကို ရိုက်ပြီးဝင်ပါ။
2> အောက်ခြေ ညာဘက် အပြာရောင်တရုတ်စာတန်း ပေါ် နှိပ်ပါ။
3> login page ရောက်လာပါမယ်။ အပြာရောင်တရုတ်စာတန်းအောက် ညာဘက်ထောင့်က တရုတ်စာတန်းပေါ် နှိပ်ပါ။
4> ရွေးချယ်စရာ တရုတ်စာတန်း သုံးခု တက်လာပါမယ်။ အပေါ်ဆုံးက တရုတ်စာကို ရွေးပါ။
5> ဖုန်းနံပါတ်ထည့်ပေးရပါမယ်။ +95 ကိုရွေးပါ။ ပြီးရင် MPT ဖုန်းနံပါတ်ဆိုရင် ရှေ့ က 9 ခံပြီး မိမိဖုန်းနံပါတ်ထည့်ပါ။ Ooredoo ဖုန်းနံပါတ်ဆိုရင် ရှေ့ က 9 မခံပဲ ရိုက်ပါ။ ပြီးရင်အပြာရောင် တရုတ်စာတန်းကိုရွေးပါ။
6> မိမိဖုန်းထဲသို့ verification code ၆လုံး SMS ပို့ ပေးပါမယ်။
7> အဲဒါကိုဖြည့်ပေးပြီး နောက်တစ်ဆင့်ရောက်ရင် မိမိ ကြိုက်နှစ်သက်ရာပေးလိုသည့် Account နာမည်နဲ့ Password ကို ရိုက်ထည့်ပါ။ ပြီးရင် အပြာရောင်စာတန်းကိုနှိပ်ပါ။
8> ခဏစောင့်ပြီးရင် မိမိ ဖုန်းနံပါတ်နဲ့ ဖွင့်ထားတဲ့ Baidu Account 5GB ကို ရရှိပါမယ်။
9> 1TB Storage ရဖို့ အတွက် အောက်မှာပေးထားတဲ့ APK ဖိုင်ကို Download ဆွဲပြီး ဖုန်းထဲသို့ Install လုပ်ပါ။ ပြီးရင် APK ကိုဖွင့်ပြီး မိမိဖုန်းနံပါတ်နဲ့ Password ကိုအသုံးပြုပြီး login ၀င်လိုက်တာနဲ့ 1TB Storage ရရှိပါမယ်။

အောက်ကလင့်မှာ လိုအပ်တာလေး Download ဆွဲပါ
https://myte.pcloud.com/publink/show?code=XZEHV57ZENYQCyHBYiL59YOc5WbOIkc7pXf7

No comments:

Post a Comment