Flag Counter


Pages

Sunday, November 12, 2017

software post8

Software Post8

ဒီတစ်ခါမှာတော့ SP Flashtool ရဲ့ Function အကြောင်း ရှင်းပေးလိုက်ပါတယ်
Sp Flashtool ရဲ့ functions တွေအကြောင်း ဆက်ပြော ချင်ပါတယ်

သေချာလေး ဖတ်စေချင်ပါတယ် ဘာလို့လဲဆိုတော့ ဒီအပိုင်းက အရေးကြီးပါတယ်
ကဲ အဲ့ဒီတော့ စပါမယ်

Download Only

မနေ့က ကျနော်တင်ပေးခဲ့ တဲ့ post မှာ Download ကို နှိပ်ပြီး  Firmware တင်တဲ့ အကြောင်း ရေးပေး ခဲ့ ပါတယ်။ အဲ့ ဒီနေရာမှာ ပြော ချင်တာက Download Only နဲ့ တင်တော့ မယ် ဆိုရင်
Phone က power လာနေတဲ့ အနေထားနဲ့ Firmware တင်တော့ မယ် ဆိုရင် Preloader ကို အမှန်ခြစ် ဖြုတ်ရေးသင့်ပါတယ်။ တချို့ ဖုန်းတော်တော်များများမှာ Preloader Pertition မကိုက်ရင်
Dead နိုင်ပါတယ် ။ LCD Error ပါ မတက်ချင် ဘူး ဆိုရင်တော့ Uboot လေးပါဖြုတ်ရေးပေါ့။ Download Only ဆိုတဲ့ function က တနည်းအားဖြင့် ပြောရမယ် ဆိုရင် Coustom ပါပဲ
ကြိုက်တဲ့ pertition ကို ထည့်ရေးနိုင်သလို မကြိုက်တဲ့ pertition ကို ဖြုတ်ရေးနိုင်ပါတယ်။

Format All + Download

သူကတော့ ဘာအသုံးဝင်လဲ ဆိုတော့ EMMC ထဲမှာ ရှိတဲ့ Pertitons တွေကို format ရိုက်ပြီးမှ ပြန်Flash တာဖြစ်ပါတယ်  ။ ပြောရမယ်ဆိုရင် အဲ့ နည်းနဲ့ Firmware တင် ချင်တယ် ဆိုရင် တော့ ခင်ဗျားတို့ တင်မဲ့ Firmware  က
Full Firmware တော့ ဖြစ်ဖို့လိုပါတယ်။ Firmware File ထဲမှာ  ပါဝါလာဖို့ အရေးကြီးတဲ့ Pertitions တွေသာ ပါမလာဘူးဆိုရင် ဖုန်းက Dead နေဦးမှာပါပဲ။ Power Supply နဲ့ ချိတ်လိုက်လို့ 0.18 နဲ့  0.2 ကြားမှာ ငြိမ်နေရပါမယ် အတက်အကျ
မရှိပါဘူး ။ တကယ်လို့ တက်လိုက်ကျလိုက်ဖြစ်နေရင် Hardware သာစစ်လိုက်ပါ။

Firmware Upgrade

ဒီ Function ကတော့ မူလ system file တွေကို မဆုံးရှုံးအောင် ကာကွယ် ပြီးတော့ Flashing လုပ်တာပေါ့ ။ ဒီFunction နဲ့ Firmware တင်မယ် ဆိုရင် နဂိုမူလ ရှိပြီးသား System File တွေ  User Data file တွေ မဆုံးရှုံးပါဘူး

No comments:

Post a Comment