Flag Counter


Pages

Wednesday, September 20, 2017

MTK CHARGING BY SAYAR MOE HEIN

မနေ့ကပြောထားတဲ့ MTK Charging ပိုင်းလေးတင်ပေးလိုက်ပါတယ်။G610 U00 နဲ့ G730 U00 model ၂မျိုးနဲ့ Volt လေးတွေတိုင်းပြထားပါတယ်။ပထမဆုံး အားသွင်းမရလို့လာပြရင် စစစ်ရမှာကတော့ Usb ခေါင်း ရဲ့ pin no 1 မှာ 5v ရှိမရှိစစစ်ပါ။5v မရှိရင်,5v အောက်တော်တော်လျော့နည်းနေရင် usb ခေါင်းလဲပေးလိုက်ပါ။5v ရှိနေရင်တော့ လမ်းကြောင်းပိုင်း စစစ်ကြည့်ကြပါမယ်။
Mtk ဖုန်းတွေမှာ 0.5v ရှိနေတဲ့ Resistor ၂လုံးအမြဲပါပါတယ်။အဲဒီကနေစစစ်ပါမယ်။
ပထမဆုံး  တစ်ဖက်မှာ 5v နဲ့ ကျန်တစ်ဖက်မှာ 0.5v ရှိနေတဲ့ Resistor ကိုစစစ်ပါတယ်။ရှိနေရင်နောက်တစ်ဆင့် အဲဒီ R ကနေ pmu ကို သွားမယ့် တစ်ဖက်မှာ ground ကျနေပြီး ကျန်တစ်ဖက်မှာ 0.5v ရှိနေရမယ့် R ကိုစစ်ပါတယ်။အဲဒီနေရာထိ မှန်နေရင် ခြေ၃ချောင်း fet ကိုစစ်ပါမယ်။Fet ၂လုံးရှိနေရင် အသေးကိုစစ်ရမှာပါ။Fet အသေးရဲ့ တစ်ဖက်ကနေ 2.8v,ကျန်တစ်ကနေ 2.3v ဝန်းကျင်နဲ့ pmu ကိုသွားမယ့်လမ်းကြောင်းဆက်စစ်ကြည့်ပါ။အဲဒီအပိုင်းတွေမှာ အပျက်များပါတယ်။အဲဒီအထိမှန်နေရင်တော့ ခြေထောက်ခြောက်ချောင်း Transistor ရဲ့ pin no 4 မှာ 5v ရှိမရှိစစ်ပါ။Pin ရေတွက်ပုံကတော့ transistor မှာပါတဲ့ margin point လေးရှိတဲ့ဖက်က pin no 1 ဆိုပြီး အစဉ်လိုက်ရေတွက်သွားရမှာပါ။ပြီးရင် pin no 3 မှာ 4.2v ဝန်းကျင်နဲ့ ကျန်နေတဲ့ pin no 1,2,5,6 တို့မှာ 4.1v ဝန်းကျင်ရှိမရှိစစ်ပါ။pin no 3 မှာ 4.2v ဝန်းကျင်မရှိရင် fet ကိုလဲပေးပါ။ကျန် pin တွေမှာ 4.1v ဝန်းကျင်မရှိရင် c,d,r နဲ့ battery connector ကိုစစ်ပါ။အကုန်ကောင်းနေရင် transistor ကိုလဲပေးပါ။Fet ၂ ခုပါတဲ့ ဖုန်းတွေမှာ အားသွင်း sign တော့ပြတယ် တစ်ညလုံးသွင်းတာတောင်အားမပြည့်ဖူးဆိုတဲ့ ဖုန်းတွေမှာ အပေါ်ကပြောခဲ့တဲ့ fet နဲ့ transistor တွေရဲ့. 5v ရှိရမယ့်နေရာတွေမှာ 5v အောက်တော်တော်လေးလျော့နေရင်ဖြစ်တတ်ပါတယ်။အဲလိုဆို 5v ရှိနေတဲ့ test point ကနေ fet ကိုကြိုးကျော်,fet ကနေ transistor ကိုကျော် အဆင့်ဆင့်ပြုပြင်ပေးနိုင်ပါတယ်။
ဒီလောက်ဆို mtk ဖုန်းတွေ charging ပိုင်းနဲ့လာရင် လုပ်နိုင်လောက်ပါပြီခင်ဗျာ။
ကျနော်တင်ပေးနေတဲ့ post လေးတွေကနေ တစ်စုံတစ်ခု အကျိုးရှိသွားကြရင် အပင်ပန်းခံတင်ရကျိုးနပ်ပါပြီခင်ဗျာ။

#crd. sayar မိုးဟိန်း

Tuesday, September 19, 2017

how to backup mtk firmware easily methood

MTK Devices တွေကို အလွယ်ကူဆုံး Backup ထုတ်ကြရအောင်
=============================================

MTK Device တွေ Firmware မရေးခင်မှာ အရင် backup ထုတ်ထားသင့်ပါတယ် Firmware ရေးပီး ဖြစ်တက်တဲ့ Display Error Touch Error Deadboot Error တွေ မတက်တော့အောင်ပါ
ခုပေးထားတဲ့ Tool လေးက သုံးရတာအရမ်းလွယ်ပါတယ် အရမ်းလဲမြန်ပါတယ် ဖိုင် size လဲသေးပါတယ် သုံးကြည့်ပါဗျ အသုံးပြုနည်းကိုတော့ ပုံမှာကြည့်ပါ

File Size >> 53MB

Download Link >>
https://drive.google.com/uc?id=0B22tc4zufmFEd0ZpS1UyU0REems&export=download

#crd.
If You Need Me

09 259484046

Aung Thu Ya

how to solve camera error with hardware

(1)Camera အစင်းထခြင်း

Camera နောက်တွင် သံပြားလေးများပါတက်ပါသည်
ထိုသံပြားလေးများ မရှိခြင်း သံချေးလိုက်ထားခြင်းများဖြစ်ပါက
Camera အစင်းထတက်ပါသည်။
camera Colourပိုင်းဆိုင်ရာ
errorတက်ပါက Camera နားက LCD Connector
ဘေးနားတွင် ပါသလို MIPI DSIလေးတွေပါတက်ပါတယ်
အဝင် Vအထွက် Vရှိလားစစ်ပါ အဝင်ရှိပြီးအထွက်မရှိပါက
ဖြုတ်ဒဲ့ခဲဆက်ပေးပါ။

(2)Can't Connect to camera

Camera Connectorအောက်ခြေနားမှာ
C/Dလေးဒေပါတယ် ဘယ်/ညာ
Connector အောက်ခြေကစရေ3pin ထို C/Dနဲ့အဆက်
သွယ်ရှိလားစစ် ရှိရင် C/Dက Volt pinရောက်မရောက်ကို
Camera Application ထဲဝင် Cameraတပ်စမ်းမှရမည်
မရှိပါက ပျောက်တဲ့Volt C/Dကနေကျော်ပါ
C/Dမှာမရှိပါက Circuitပေါမှ ရတဲ့နေရာကကျော်ပါ။
အသုံးပြု သောVoltများက 1.8/2.8 /0 Ground
အစရှိတာတွေဖြစ်ပါတယ်။

(3)Camera ရိုက်မရခြင်း

Camera application ထဲဝင်ပါက အမဲပဲပေါတာဆိုရင်
Resetချ Soft wareရေးcamera လဲ MIPI DSI စစ်ပါ။

(4)Can't Short SD Full

ဒီerrorကတော့ ပြောစရာမလိုဘူးပေါ့ဗျာ
ငွေတက်နိုင်ရင်SDရောင်းပေးလိုက်
မတက်နိုင်တဲ့သူဆိုSDထဲကမလိုအပ်တဲ့Fileအပိုတွေနဲ
Movie ဝိတ်လျော့ပေးပြီးServiceခပါးပါး
ပွတ်ပေါ့ဗျာ

(5)Gallery မှပြန်ထွက်ခြင်း

Cameraရိုက်ရန် Camera application ထဲဝင်ပါက
Gallery သို့ရောက်သွားပြီးHome Screenကိုပြန်ထွက်သွားပါကCamera မကိုက်ခြင်းဖြစ်တက်၍လဲကြည့်ပါ။
Factory data resetချကြည့်ပါ။
softwareရေးကြည့်ပါ။

(6)Camera image ပြောင်းပြန်ပေါခြင်း

Camera connectorတွင် ရေဂျိုးတည်နေခြင်း။
Camera ထဲရေဝင်ထားခြင်း။
Camera မကိုက်ခြင်း။
Camera ၏ အလုပ်လုပ်သော C R D လေးများErrorတက်ခြင်းကြောင့်ဖြစ်တက်ပါသည်။
#crd.
ONE NETWORK
U PHYO LAY
09455645497

တစ်ခါတစ်ခါ EMMC လဲဖို့အတွက် ဘာEMMC တံဆိပ်တပ်ရမှန်း

တစ်ခါတစ်ခါ EMMC လဲဖို့အတွက် ဘာEMMC တံဆိပ်တပ်ရမှန်း

မသိရင် ဒီထဲဝင်ကြည့်ပါ

ကိုယ်လဲမဲ့ ဖုန်းရဲ့ eMMC ကို RAM&ROM Size  တွေကအစ ကြည့်လို့ရတော့ အရမ်းအဆင်ပြေတာပေါ့နော် ☺☺☺

http://emmchelper.com/

#crd. mkkz

Monday, September 18, 2017

ဆိုင်သမားများအတွက် အလွန်တန်တဲ့ Reading Schematic diagram paid group

ဆရာ နိုင်းနိုင်းထွန်းရဲ့
Reading Schematic ဆိုတဲ့ paid ဂရုလေးပါ ခင်ဗျ
အခြေခံက စသင်တာ မို့phone သမားမှန်ရင် တက်ထားသင့်တဲ့ group လေးပါ  member ကြေးအနေကလည်း 20000ထဲမို့ ဖုန်းပြင်ပြီး diagram မဖတ်တက် သော အကိုများအတွက် အထူးသင့်လျော်ပါတယ်ဗျ။

##တချို့မန်ဘာဝင်ချင်တဲ့သူတေအမေးများတဲ့စကားလေးအဲ့တာကဘာလံဆိုတော့ မန်ဘာဝင်ချင်လို့နောက်ကျနေဘီလားမသိဘူးဆိုတဲ့မေးခွန်းလေးပါ။

ဟုတ်ကဲ့ကျော့ဂရုက နောက်ကျလေ ကောင်းလေဆိုရမလား ပိုစ့်တွေကိုစောင့်စရာမလိုပဲ ကြိုးစားရင်ကြိုးစားသလောက်မြန်မြန်တတ်ပါမယ်။ဘာလို့လဲဆိုတော့ ကျွန်တော့ပိုစ့်တွေက ဥပမာ ပိုစ့်နံပါတ်တစ်ကိုမဖတ်ပဲ ၂တို့၃တို့ကိုကျော်ဖတ်ရင်လဲအဆင်မပြေပါဘူး ။

Schematic တစ်ခုရဲ့ စက်နိုးခြင်းကနေစပြီး ကျန်တဲ့အပိုင်းတွေကို အခြေခံကျကျသင်ပေးထားလိုပါ။
Reading Schenatic လို့ပြောထားသလို ဘာဖြစ်ဘာလုပ်မပါပါဘူး ။ဘာကြောင့်ဆိုတဲ့ Concept တွေပေးပြီးကိုယ်တိုင် ဆုံးဖြတ်တတ်အောင်သာသင်ပေးပါတယ်။
ပြီးဒီဂရုကိုဂရုပြီးသည့်တိုင်အောင်အမြဲလေ့လာနိုင်အောင်လဲ ထားပေးထားမှာပါ။ မသိသေးတဲ့သူတ်ေအတွက်ဒီဂရုမှာ Schematic အတွက် Power ic အသုံးများတဲ့ MT6323 ကို 730 U00 နှင့်ဥပမာထားပြီးသော်လည်းကောင်း PM8110 ကို 8816 နဲ့သော်လည်ကောင်းဥပမာထားပြီးသင်ပေးပါတယ်။
နောက်များမကြာမီလာမဲ့ဂရုကတော့ အများစိတ်ဝင်စားမဲ့ Hi နဲ့ Mi တွေပါလာပါတယ်။

#ReadingSchematicPaidGroup
#20000ks

https://www.facebook.com/saibajan.saibajan
ဒါကတော့ ဆရာ ရဲ့ facebook profile ပါ။

Sunday, September 17, 2017

ALL IN ONE FRP REMOVE TOOL

FRP REMOVER TOOL လေးပါခင်ဗျာ ဟိုနေ့က ပုံပဲပြပေးထားတာပါ အခုဟာကတော့ READY MADE ပါခင်ဗျ အထဲမှာ TOOL အသုံးပြုပုံ GUIDE လည်းထည့်ပေးထားပါတယ်ခင်ဗျာ
5.3mb ပဲရှိပါတယ်ခင်ဗျာ
password > zawlin2028 ပါခင်ဗျာ

download link
https://app.box.com/s/u6wmq490cgqdmeryjvpfb8uu5fbzwo4e
cd ကိုဇော်လင်း

Saturday, September 16, 2017

Android Devices & Myanmar Fonts 100% အကောင်းဆုံး အတိအကျဆုံး နည်းလမ်း

Android Devices & Myanmar Fonts 100% အကောင်းဆုံး အတိအကျဆုံး နည်းလမ်း
===========================================
Android Devices & Myanmar Fonts 100% ဆိုတဲ့ ပိုစ့်ကိုရေးပေးဖို့ ယာထားခဲ့တာ ဒီနေ့ဆိုရင် လေးရက်မြောက်နေ့ကို ရောက်လာခဲ့ပါပြီ၊ ဖုန်းတွေလည်း အစုံစမ်းသပ်ရင်းနဲ့
Photos Collection ပြုလုပ်နေမိတာကြောင့် ကြာနေခဲ့ပါတယ်။

ဒီနေ့တော့ ဒီပိုစ့်လေးကို အကောင်းဆုံးမဟုတ်တောင်မှ လေ့လာနေသူများအတွက်
အထောက်အကူဖြစ် သွားအောင်လို့ အတတ်နိုင်ဆုံး ရှင်းလင်းပြပေးလိုက်ပါတယ်။

ဒီပိုစ့်အတွက် ပမဆုံး ကျေးဇူးတင်ချင်တာက ဆရာ Sithu Paing ပဲဖြစ်ပါတယ်၊
ဒုတိယ ကျေးဇူးတင်ချင်တာကတော့ စိုးသန်း၊ နောက်ဆုံး ကျေးဇူးတင်စရာရှိတဲ့
သူတွေကတော့ ဖုန်းကို မြန်မာစာလာထည့်ကြတဲ့ တပည့် ဘော်ဒါများဖြစ်ပါတယ်။

ကျနော် ဒီနည်းလမ်းများကို ဆရာ Sithu Paing (Android System) စာအုပ်လေးမှ ရခဲ့တာပဲဖြစ်ပါတယ်၊ ဖတ်ဖူးသမျှ နည်းပညာ စာအုပ်တွေထဲမှ အကြိုက်ဆုံး တစ်အုပ်ဖြစ် ကျနော့် ဒိုင်ယာရီထဲ ရေးထိုးထားလိုက်ပါပြီ၊ ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်ဗျာ...

ဒီပိုစ့်ကို မဖတ်ခင် (Android System မှာ Font တွေဘယ်လိုအလုပ်လုပ်သလဲ) ဆိုတဲ့
ပထမ ပိုစ့်ကို အရင်ဖတ်စေချင်ပါတယ် အဲဒီတော့မှ ယခုပိုစ့်နဲ့ ဆက်စပ်ပြီး လေ့လာကြည့်ရင် Android Device မှ System Fonts တွေကို နားလည်သွားမှာပါ

ဖေါ်ပြပါ နည်းလမ်းသည် ဖုန်းဆားဗစ်သမားများနဲ့ ဆရာများအတွက် တကယ်လိုအပ်ပြီး သိထားသင့် တတ်ထားသင့်တဲ့ Method ဖြစ်ကြောင်း 100% လောက် ပြောပြချင်ပါတယ်။

ဆရာ Sithu Paing (Android System) စာအုပ်ကိုလည်း ထပ်လောင်းပြီး တစ်ခါတည်း ကြော်ငြာပေးလိုက်ချင်ပါတယ်၊ ဆရာ့ စာအုပ်ကို နီးစပ်ရာ စာအုပ်ဆိုင်များမှ မဖြစ်မနေ ၀ယ်ဖတ်ပြီး ဆရာ့ စာအုပ်မှ Tutorial Videos များနဲ့ စာအုပ်ပါ နည်းလမ်းများကို လမ်းညွှန်အတိုင်း လေ့လာဖတ်ကြည့်စေချင်ပါတယ်။

ဒီနည်းလမ်းသည် Android System ထဲတွင် မိမိအသုံးပြုနေသည့် မြန်မာစာအတွက်
ဘယ်ဖောင့်တွေက အဓိကကျပြီး အဲဒီ ဖောင့်တွေက ဖုန်းရဲ့ ဘယ်နားမှ တည်ရှိနေကြတာလည်း သူတို့ကို Modify ပြုလုပ်နိုင်မလားစတဲ့ Android System ပိုင်းထိ နားလည်သွားမယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။
Credible ကျလွန်းတဲ့ ဒီနည်းလမ်းဟာ ဖုန်းအကြောင်းကို အသင့်အတင့်နားလည်ပြီးသား
သူတွေအတွက် အထူးသင့်တော်ပြီး သူများနဲ့ Android System ထဲကို မြန်မာစာအမှန် 100% နှုန်း ထည့်သွင်းနည်းကို လေ့လာလိုက်စားလိုကြတဲ့ ဘော်ဒါတွေအတွက် လေ့လာဖူးသမျှ နည်းလမ်းတွေထဲ အကောင်းဆုံးနည်းလမ်း အတိအကျဆုံး Method ဖြစ်ပါတယ်။

ဒီနည်လမ်းက ဖုန်းတိုင်း ကိုအဆင်ပြေပါ့မလားဆိုတာကိုတော့ အဖြေက တစ်ခုပဲရှိပါတယ်၊ဒီနည်းလမ်းအတိုင်း ကိုယ်တိုင် စမ်းသပ်ပြုလုပ်ကြည့်လိုက်ပါ၊ ပြီးတော့မှ ဆုံးဖြတ်ချက်ကို Agreement ပြုလုပ်ပေးစေချင်ပါတယ်။

ဖေါ်ပြပါ နည်းလမ်းသည် Zawgyi Flashable.zip များနဲ့ One Click font changer apps များမလိုပဲ အရင် ကျနော်တို့ သွားနေကြလမ်းများနဲ့ idea-logic များမဟုတ်ပဲ ထည့်သွင်းရယူနိုင်တဲ့ နည်းဖြစ်ပါတယ်။

စမ်းသပ်အောင်မြင်ပြီးဖုန်းများ
===================
ကျနော် ဒီပိုစ့်ကို ရေးဖို့ စမ်းထားတဲ့ ဖုန်းတွေကတော့ Sony xperia XA ဖုန်း နှစ်လုံး ဗားရှင်း 6.0 များနဲ့ Samsung Galaxy J710F/FN ဖုန်း ဗားရှင်း 6.0.1 နဲ့ အခြားသော Galaxy S3 ဖုန်း ဗားရှင်း 4.3
Grad Dous နှစ်လုံး ဗားရှင်း 4.2.2 ပြီးတော့ Huawei G610-U00 ဖုန်းဗားရှင်း 4.2.1 ဖြစ်ပြီး နောက်ဆုံး ဖုန်းတစ်လုံးကတော့ Galaxy Y GT-S5360 ဖုန်း ဗားရှင်း 2.3.6 ဗားရှင်းများဖြစ်ကြပါတယ်။

လိုအပ်ချက်များ
=========
၁။ Root access

၂။ SmartZawgyiPro.ttf

၃။ Frozen-keyboard.apk

၎။ USB Debugging Enable

၅။ ADB & Fastboot

၆။ ADB Command

၇။ Your own risk

ထည့်သွင်းနိုင်သည့် ဖုန်းဗားရှင်းများ
====================
၁။ Android Version 2.3 နဲ့ အောက်ဗားရှင်းများ
၂။ Android Version 4.0 နဲ့အထက်ဗားရှင်းများ
၃။ Android Version 5.0 နဲ့ အထက်ဗားရှင်းများ
၎။ Android Version 6.0 နဲ့အထက်ဗားရှင်းများ
၅။ Android Version 7.0 နဲ့အထက်ဗားရှင်းများ
(Not yet but probable)

Replacing Method ကိုသုံး၍ Myanmar Font သွင်းနည်း
================================
ဒီနည်းလမ်းသည် Android System/fonts ထဲတွင် ပါဝင်နေသည့် မြန်မာစာအတွက်
အထောက်အပံ့ ပေးထားသည့် ဖောင့်များကို မိမိထည့်သွင်းအသုံးပြုလိုတဲ့ ဖောင့်ဖြင့်
အစားထိုးပြီး ထည့်သွင်းနည်းဖြစ်ပါတယ်။

ဖုန်းဗားရှင်းအလိုက် System/Fonts တွင် ရှိသည့်ဖောင့်များ
==================================
၁။ Android Version 2.3 နဲ့ အောက် 2.3 အထက် ဖုန်းများတွင်

System/Fonts

DroidSansFallback.ttf

၂။ Android Version 4.0 နဲ့ အထက် 4.4.4 အထိ ဖုန်းများတွင်

System/Fonts

Roboto-Regular.ttf

၃။ Android Version 5.0 အထက် 5.1.1 အထိ ဖုန်းများတွင်

System/Fonts

NotoSansMyanmar-Bold.ttf

NotoSansMyanmar-Regular.ttf

NotoSansMyanmarUI-Bold.ttf

NotoSansMyanmarUI-Regular.ttf

SamsungMyanmar.ttf

(Roboto-Regular.ttf)

(အထက်ပါ ဖောင့်များသည် ဖုန်းအားလုံးနီးပါးမှာ ပါဝင်ကြပါတယ်၊
Samsung Devices များတွင် SamsungMyanmar.ttf ဆိုပြီးပါဝင်လာပါတယ်)

၎။ Android Version 6.0 အထက် 7.0 အထိ ဖုန်းများတွင်

System/Fonts

NotoSansMyanmar-Bold.ttf

NotoSansMyanmar-Regular.ttf

NotoSansMyanmarUI-Bold.ttf

NotoSansMyanmarUI-Regular.ttf

Roboto-Regular.ttf

(SamsuungMyanmar.ttf)

Galaxy J710F/FN ဖုန်းဗားရှင်း 6.0.1 တွင်တော့

NotoSansMyanmar-Bold.ttf

NotoSansMyanmar-Regular.ttf

NotoSansMyanmarUI-Bold.ttf

NotoSansMyanmarUI-Regular.ttf

Roboto-Regular.ttf

ဆိုပြီးသာ ပါပါတယ်၊ SamsuungMyanmar.ttf ကိုတော့မတွေ့မိပါ

မှတ်ချက်... ဖုန်းအမျိုးအစားလိုက် ဖောင့်များသည် ကွဲပြားခြားနားကြမှာပါ
ဒါပေမယ့် အောက်ပါ ဖောင့် လေးခုကတော့ အားလုံးမှာပါဝင်ပါတယ်။

NotoSansMyanmar-Bold.ttf

NotoSansMyanmar-Regular.ttf

NotoSansMyanmarUI-Bold.ttf

NotoSansMyanmarUI-Regular.ttf

အဆိုပါ ဖောင့်လေးခုသည် 5.0 အထက် 7.0 လောက်ထိ ဖုန်းအားလုံးမှာ
ပါဝင်နေကြမှာပဲဖြစ်ပါတယ်၊ Samsung Devicesလတစ်ခုသာလျှင်
5.0 ဗားရှင်းတွေမှာ (SamsuungMyanmar.ttf) ဆိုပြီးပါဝင်နေပါတယ်။

Read more tutorial & Download Here>>>http://www.zunite.org/…/android-devices-myanmar-fonts-100.h…

ပိုစ့်ကို တိုရှင်းနဲ့ လိုရင်းကို ရေးမလို့ပါပဲ နားမလည်မှာစိုးတာနဲ့
ရေးရင်းစာရှည်သွားတာကို နားလည်ပေးကြပါ

နာရီပေါင်းများစွာ အချိန်ကုန်ပြီး ရေးထားတာမို့
သတိမထားမိတဲ့နေရာတွေမှာ စာလုံး အမှားတွေပါနိုင်ပါတယ်

ဒီနည်းလမ်းကို ချပြပေးထားတဲ့ ဆရာ Sithu Paing ကို
တိုက်ရိုက်မေးပြီး ခွင့်တောင်းပြီးမှာ ဒီပိုစ့်ကိုရေးဖြစ်သွားတာပါ

အားနည်းချက်များသည် ကျနော့်ရဲ့ အားနည်းချက်များသာဖြစ်ပါတယ်
Video Tutorial နဲ့ တကွ လေ့လာချင်တယ်ဆိုရင်တော့

ဆရာ Sithu Paing ရဲ့ (Android System) စာအုပ်ကို
နီးစပ်ရာ စာအုပ်ဆိုင်များမှ ၀ယ်ယူအားပေးလိုက်ကြပါခင်ဗျား

#crd.

EDL Mode qdloader 9008 mode ၀င်နည်းအမျိုးမျိုး

EDL Mode qdloader 9008 mode ၀င်နည်းအမျိုးမျိုး
************************************************
This post credit by Mofadal Gsm &Xiaomi Myanmar Service

၁။ fastboot ကနေ fastboot oem edl (Mi Note Pro မှာအဆင်ပြေ)

၂။ adb ကနေ adb reboot edl (တော်တော်များများအဆင်ပြေ)

၃။ fastboot_edl.exe အသုံးပြုပြီး fastboot_edl.exe reboot-edl (Fastboot mode ကနေ Redmi Note 3 Pro အဆင်ပြေ)

၎။ Vol up + Power ကိုင်ပြီး Menu ကွက်ပေါ်လာလျှင် Download ၀င် ( Redmi 3s3x , Redmi 3 အဆင်ပြေ)

၅။ ဖုန်းပိတ်နေတဲ့အနေအထားမှာ Vol up + Down > ကြိုးထိုး (Mi Max တွေမှာအဆင်ပြေ)

၆။ Qualcomm jig ကြိုးနဲ့ ၀င်နည်း > fastboot Mode ကိုအရင်ဝင်ပြီး Power ခလုတ်ကိုဖိထားပါ Screen off သွားတာ နဲ့ ကြိုးက ဘုလေးကို ၅ စက္ကန့်လောက်ဖိထားပြီးလွှတ်ပါ ( ဒါကတော့ အလုံးတိုင်းအဆင်ပြေ)

၇။ Test Point ထောက်ပြီးဝင်ပါ (Dead နေတဲ့အလုံးများအဆင်ပြေပါတယ် 😂😂😂)
Download @ fastboot_edl.exe
http://www.mediafire.com/file/twcjl5nttc097wa/fastboot+edl.zip

ceridt #
xiaomimyanmarservice

Super Power Mobile Service-Hinthada.

EMMC TYPE AND REPLACEMENT

ကျွန်​​တော်​တို့တစ်​​တွေ EMMC လဲကျတဲ့အခါမှာ EMMC ​အောက်​က ပင်​​လေး​တွေ ပြတ်​တတ်​ပါတယ်​။အဲ့လို ပင်​​တွေပြတ်​တဲ့အခါ ပြတ်​​နေတဲ့ပင်​​တွေက
ပြတ်​လို့ရတဲ့ NC (no connection)လား ပြတ်​လို့မရတဲ့ ပင်​လားဆိုပီး pin assign ​လေး​တွေနဲ့ တိုက်​ကြရမှာဖြစ်​ပါတယ်​။ပြတ်​လို့မရတဲ့ pin ​တွေ ပြတ်​ခဲ့ရင်
တော့ emmc ဘယ်​​လောက်​ပဲကပ်​ကပ်​ ​အောင်​​တော့မှာ မဟုတ်​ပါဘူး။

အဲ့ဒီ​တော့ EMMC အမျိုးအစား​လေး​တွေနဲ့ NC
လေး​တွေကို ဆွဲ​ပေးထားပါတယ်​။ ကပ်​သမျှ အိုင်​စီတိုင်း ​အောင်​ကြပါ​စေဗျာ။

#CRD. ဆရာ မျိုးမီးတူး

SERVICE သမားများအတွက် BOX DONGLE PRICE

Box Dongle ဝယ်ယူလိုသူ PHONE SERVICES သမားများအတွက်

UFI BOX =420000

EMMC PRO =110000 +DATA

NCK PRO =80000

CM2 = 75000

MRT =95000

NCK =45000

UMT =40000

BST = 65000

EMATE PRO =120000

ECC =2500

EASY  LED BACKLIGHT =2000

မသိသေးတဲ့ အကိုများအတွက် BOX DONGLE တွေက ဘယ်လိုအသုံးဝင်လဲ

mtk တွေ clone တွေအတွက်

cm2

nck pro

miracle ကောင်းတယ် user lock firmware read write

lock မျိုးစုံအတွက် mrt bst ကောင်းတယ်

qualcomm read write နဲ့ samsung အတွက် ufs ကောင်းတယ် 

emmc dataရေးဖို့ deadတာနှိုးဖို့

ufi

emmc proကောင်းတယ် ..........အစရှိသဖြင့် အကြမ်းဖျဉ်းပြောပြပေးလိုက်ပါတယ်

#crd.

နယ်သမားများလည်း ပို့ပေးပါတယ်တဲ့

connect . 09975676767
Sayar MyoKoKoZaw
New Star Phone Sale,        Service, and Training
Address :69*38×39 Between-Mahamying-6 Mandalay

Oppo A57 Qualcomm MSM8937 9008 Myanmar firmware

Oppo A57

Qualcomm MSM8937 9008 Myanmar firmware

qfile နဲ့ရေးရေး

miflash နဲ့ရေးရေး

box / dongle နဲ့ရေးရေး

emmcdl နဲ့ရေးရေးပါ အဆင်ပြေပါတယ်

pass =newstarmkkz

http://www.mediafire.com/file/brlsp6ub0iypic2/msm8937_64-user+6.0.1+MMB29M+eng.root.20170507.165612+release-keys.zip

#crd. mkkz

OPPO A39 MTK 6750 NCK DONGLE BACKUP FIRMWARE

OPPO A39

MTK 6750

NCK DONGLE BACKUP FIRMWARE

PASS =newstarmkkz

http://www.mediafire.com/file/cdg7d74qcmlgtcc/MT6750_EMMC_OPPO_CPH1605_5_1_CPH1605EX_11_A_06_161219%282017_09_16_02_25%29.zip

#crd. mkkz

Huawei y3II Dead Firmware

Huawei y3II Dead Firmware

original singin secro

flashtool နဲ့လဲရေးရပါတယ်

pass=newstarmkkz

http://www.mediafire.com/file/ptsqgq3lb2xuu6q/Huawei+Y3II+Deadboot+Firmware.zip

#crd. mkkz

vivo y52 mtk 6580 full backup myanmar firmware

vivo y52

mtk 6580 full backup

myanmar firmware

pass=newstarmkkz

http://www.mediafire.com/file/ehtyrzxs3cwdapb/vivo+y52.zip

#crd. sayar myokokozaw

တန်မှတန် Software Online Training

Online မှ သင်ကြားပေးမယ့် အခြေခံ မိုဘိုင်းဖုန်း ပြုပြင်ခြင်း
Software Online Training သင်တန်းအပတ်စဉ် - ၂

Software Online Training - Basic Group
***  အာမခံ အတတ်သင်ကြားပေးခြင်းစနစ်ဖြင်  ***

အပတ်စဉ် ၁ မှ သင်တန်းသားများအဆင်ပြေမှု ရှိမရှိကို
ဒီကနေ ၀င်လေ့လာနိုင်ပါတယ်.
https://m.facebook.com/story.php?story_fbid=501606206847044&id=100009930079085&pnref=story

- လူဦးရေ ကန့်သတ် သင်ကြားပေးခြင်း စနစ် /
- Certificate ပါ ပေးခြင်း စနစ် /
- Firmware Brand အစုံ 2000 GB ပေးခြင်း စနစ် /
- သင်တန်းမှာ သင်ကြားသလို Video ဖြင့်လက်တွေ့
  သင်ကြားပေးခြင်းစနစ်
- Group မှသင်ပေးခြင်း ဖြစ်သည့်အတွက် မိမိ အဆင်ပြေသည့်
  အချိန်မှသာ ၀င်လေ့လာနိုင်ခြင်း စနစ် ./
- နားမလည် မခြင်း ပြန်မေးနိုင်သည့် စနစ် . /
- အချိန် ၂ လ လုံး လေ့လာနိုင်မြည့် စနစ် . /
- +30000 ဖြင့် ထပ်မံရရှိမည့် Firmware Data များ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp9N94UMhDXXk35-5Htj5fIAcewa42JzgB1HeynLYFoeGN9tCFFne8SHDV-Gv8ZqTEG77Rp8cEojsPFMatmA3IDHjct1lzZ_iRYKUKKLaqa2jFuUAM6VNdDVJ9b7FbVjk-b4cZjoMY5ao/s1600/Untitled.jpg

သင်တန်းပြီးဆုံးသွားရင် Certificate ပါပေးအပ်သွားမယ့်
ကျနော်ရဲ့ ပထမဦးဆုံး ၂ လတာ အခြေခံ မိုဘိုင်းဖုန်း
ပြုပြင်နည်း သင်တန်း လေးပါ. ဒီလို သင်တန်း မျိုး ဘယ်သူတွေ
တက်သင့်လဲ ? ဘာကြောင့်တက်သင့် ?
ဘယ်လို Support ပေးမလဲ? ဘယ်လို အာမခံချက် နဲ့?

Mobile Software သင်တန်းတစ်ခါမှ မတက်ဖူးဘဲ
Service လုပ်နေကြတဲ့ ညီအကိုတွေ နဲ့ သင်တန်းတက်ပြီး
Update ဖြစ်လာတဲ့ အခြေခံ သဘောတရားလေးတွေ
မသိလိုက်တာတွေ. ပြီးတော့ ဖုန်းတစ်လုံးကို Level တစ်ခုထိ
ပြင်နိုင်တယ် Service လုပ်နိုင်ပေမယ့် အခြေခံနားမလည်ထားတဲ့
ညီအကိုတွေ တက်သင့်ပါတယ်. ဘာကြောင့်လဲ . ရိုးရိုးလေးပါ.
*ဒီလိုဖြစ်ရင် ဒီလိုလုပ်ရတယ်ဆိုတာ သိပေမယ့် .
ဘာကြောင့် ဒီလိုလုပ်ရင် ကောင်းသွားတယ်ဆိုတာ
တော်တော်များများ မသိကြပါဘူး**

ဒီလိုအခြေခံကျကျ အချက်လေးတွေကို ပိုင်ပိုင်နိုင်နိုင်သိစေဖို့
အတွက် ညီအကိုတို့ရဲ့ အားလပ်အချိန်လေးကနေ တဆင့်
Online ကနေ လေ့လာနိုင်မယ့် Mobile Software
Online Training - Basic ကို တက်သင့်ပါတယ်.

ကျနော့်ရဲ့ အခြေခံသင်ကြားပေးမယ့် Online Groupထဲမှာ
ညီအကိုတို့အတွက် Video Tutorial လေးတွေနဲ့
သင်ကြားပေးမှာဖြစ်ပြီး ၁ ရက်ခြား တစ်ခါ C1/C2/C3/..ဆိုပြီး
Android သင်ခန်းစာများဖြစ်သော မိုဘိုင်းဖုန်းမျိုးစုံကို
Official Firmware တင်နည်း/Official Firmware တင်လို့
မရတဲ့ ဖုန်းများ CPU အလိုက်ခွဲပြီး UnOfficial Firmware
တင်နည်း/Android Ver 4.0 မှ 6.0 ထိ Root ဖောက်နည်း /
Root လုပ်ပြီး မြန်မာစာသွင်းနည်း/Root မလုပ်ပဲ
မြန်မာဖောင့်သွင်းနည်း/Firmware Backup ထုတ်နည်း/
Pattern,Password Lock ဖြည်နည်း/
Bootloader Unlock လုပ်နည်း/ FRP Lock ဖြည်နည်းတွေအပြင်
ခေတ်စားနေတဲ့ MI Account Lock ဖြည်နည်း။

IOS  သင်ခန်းစာတွေအတွက် မည်သည့် Iphone မဆို
Firmware တင်နည်း ။ Apple ID ဖွင့်နည်း ။
Jailbreak မလုပ်ပဲ မြန်မာဖောင့် သွင်းနည်း ။
Iphone Software များ ဖုန်းဖြင့် Download ဆွဲနည်း /
Computor မှ ဒေါင်းလုပ်ဆွဲနည်း စတဲ့ သင်ခန်းစာတွေသာ မက

Firmware File တွေ Root ဖိုင်တွေTWRP တွေ
Software တွေ Online ကနေ ကိုယ်တိုယ်ရှာဖွေနည်းတွေ
ကိုလည်း ထည့်သွင်းသင်ကြားပေးသွားမှာပါ. သင်ခန်းစာများကို
တတ်ကျွမ်းသည်အထိ သင်ကြားပေးပါသည်။

သင်ခန်းစာ တစ်ခု မှာလည်း သင်ခန်းစာအတွက် လိုအပ်မယ့်
Tool တွေ Driver တွေ File တွေကိုလည်း Supporting
ပေးသွားမှာဖြစ်ပြီး 1 Click Download Link တွေနဲ့
သင်ကြားပေးသွားမှာပါ. လိုင်းမကောင်းလို့ Video တိုက်ရိုက်
မကြည့်နိုင်တဲ့သူတွေအတွက်. Video ကို Download
ဆွဲနိုင်အောင် Link ပါ တစ်ခါတည်း ချပေးထားမှာပါ.

နောက်ပြီး ညီအကိုတို့ကိုသင်ကြားပေးမယ့် ကျနော့်ရဲ့
Online Training လေးထဲမှာ ကျနော်သင်ကြားပေးမယ့်
သင်ခန်းစာနဲ့ ပတ်သက်ပြီး နားမလည်မချင်း
ပြန်မေးနိုင်ခွင့်ရှိပါတယ် လုံးဝကို အတတ်သင်ပါ.
နားမလည်ရင် မလည်တဲ့အပိုင်းကို ပုံနဲ့တကွ တင်မေးပါ.
အပြင်မှာသင်သလို လုံးဝကို တတ်မြောက်စေရပါမယ်.

သင်တန်းကာလ     - ၂ လ ( 60 Days)
သင်တန်းအချိန်      - တစ်ရက် ၂ နာရီ
သင်တန်းကြေး       - ၃၀၀၀၀ ကျပ်.
သင်တန်းစမည့်ရက် - 20.9.2017
(ယခု အပတ်စဉ် မမီလိုက်တဲ့ သူတွေအတွက်
တတိယ အပတ်စဉ်ကို 20.11.2017 မှာ ပြန်စမှာ ဖြစ်ပါတယ်)

သင်တန်းပြီးဆုံးသွားပါက ပြန်လှန်သင်ကြားခြင်း /
Certificate ပေးအပ်ခြင်း / Service ညီအကိုတွေအတွက်
Service လုပ်ရာမှာ Firmware ဒေါင်းလုပ်ဆွဲရတဲ့
အခက်အခဲ မကြုံရလေအောင် အောက်ဖော်ပြပါ
Data 2TB ကိုလည်း 30000 ကျပ်ဖြင့် ရယူနိုင်ပါတယ်.
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp9N94UMhDXXk35-5Htj5fIAcewa42JzgB1HeynLYFoeGN9tCFFne8SHDV-Gv8ZqTEG77Rp8cEojsPFMatmA3IDHjct1lzZ_iRYKUKKLaqa2jFuUAM6VNdDVJ9b7FbVjk-b4cZjoMY5ao/s1600/Untitled.jpg

ကဲစိတ်ပါဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့

ငွေလွဲရမယ့် Bank Account တွေကတော့ -
KBZ ATM Card Account
Min Oke Kar Kyaw
99930799930167401
.
CB ATM Card Account
Min Oke Kar Kyaw
0110600100006629
.
AYA ATM Card Account
Min Oke Kar Kyaw
0075 1190 1000 3968
.
Wave maney ဖြင့်လည်း အကောင့်ထဲ ငွေသွင်းပေးလို့
ရပါတယ်. wave maney account - 09786490196
(ငွေသွင်းခြင်းနဲ့ ငွေလွဲရမှာပါ)

OK Dollar $
Account - 09786490196

ငွေလွဲပြေစာကိုတော့ ဒီအကောင့်ကနေ ပို့ပေးရမှာပါ.
https://www.facebook.com/mr.okekar

Block_0 & Dead Fix Firmware တွေနဲ့
China Clone Firmware & နမည်ရှိတဲ့ Brand တွေရဲ့
Update Official Rom တွေ စုစုပေါင်း 4TB (4000GB)ကို
100000 ကျပ်ဖြင့် ၀ယ်ယူအားပေးနိုင်ပါပြီ။                                                       
{အာမခံ ၂ နှစ် 4TB HDD + Data အပြီးအစီး 300000 ks}

သင်တန်းဆင်းပြီး သင်တန်းက ပေးထားတဲ့ Data တွေက
Update မဖြစ်လို့ Dead Fix မပါလို့ အဆင်မပြေတဲ့သူတွေနဲ့
ကိုယ့်ဆိုင်မှာ Clone တွေ အလာများတယ် Brand တွေလည်း
အလာများတယ်.Firmware တင်လိုက်လို့ Dead သွားတယ်
Firmware တွေ ပြန်တင်တဲ့အခါ Donwload ဆွဲရမယ့်
ကိစ္စ က ကင်းဝေးအောင် အခု ကျနော်ရောင်းချမယ့်
Firmware တွေကို အသက်သာဆုံး ဈေးနှုန်းနဲ့ ရောင်းချတုန်းလေး
ဝယ်ယူထားလိုက်ပါ.အရှုံးမရှိစေရပါဘူးလို့ ရဲရဲကြီးအာမခံပါတယ်

4TB ဆိုတာ ကျနော့်ဆီက China Clone တွေရော နံမည်ကြီး
Brand တွေရော Dead Fix တွေ ရော Block0 တွေရော
အကုန်ပါပါတယ်။ဒါ့အပြင် Driver ရော Android Tool တွေ
ကျနော် Online မှာ သင်ကြားနေတဲ့ Toturial Video တွေနဲ့
IMEI & Display Fix တွေ၊ အပျင်းပြေကြည့်ဖို့ HD Movie
မြန်မာစာတန်းထိုး ဇတ်ကား အကား ၁၀၀ ကိုလည်း
ထည့်သွင်းပေးမှာပါ။

ဒီတော့ဗျာ.Harddisk ရှိပြီးသားသူတွေအတွက်ကတော့
ငွေကျပ် ၁၀၀၀၀၀ လောက်ရင်းရုံနဲ့ဘ၀ အာမခံ ချက်ရှိတဲ့
Mobile ဖုန်းပြုပြင်ဖို့အတွက် Ready ဖြစ်သလောက်ပါပဲ။
ကဲ ဒီတော့ နောက် Update တွေ ဖြစ်လာတဲ့အခါ ဒီဈေးနဲ့
မရတော့မှာစိုးတဲ့အတွက် အမြန်ဆက်သွယ်လိုက်ပါ။

Dead Fix တွေ သီးသန့် GB 700 ပဲ လိုချင်တယ်ဆိုရင်တော့
50000 ကျပ်ပါ။ Dead Fix တွေ မယူပဲ ကျန်တဲ့
All Firmware လိုချင်တယ်ဆိုရင်တော့ 3TB(3000GB)ကို
70000 ကျပ်တိတိပါ၊ ၂ခုလုံးယူရင်တော့ ၁ သိန်းအတိပေါ့ဗျာ.

Dead Fix မှာ ဘာတွေ ပါမလဲ , All Firmware ထဲမှာရော
ဘယ် Model တွေပါလဲ. အသေးစိတ်လေ့လာလိုပါက -
https://minokekar.blogspot.com/2017/09/block0-board-firmware-dead-fix-firmware.html

ကဲ ၀ယ်ယူအားပေးလိုပါက ဆက်သွယ်ရန်
Min_Oaker - 09257711112 
၃၈ လမ်း(အထက်)၊ ပန်းဆိုးတန်းမှတ်တိုင်အနီး ၊
ကျောက်တံတားမြို့နယ် ၊ရန်ကုန်မှာ ဆက်သွယ်ဝယ်ယူနိုင်ပါပြီ။

Harddisk ပေးပို့ပြီး ကူးချင်တာလား ရတယ် ဖုန်းသာဆက်လိုက်
အဆင်ပြေအောင် Harddisk လာယူပေးမယ်.ဒါမှမဟုတ်
Harddisk ပါဝယ်ယူပြီး Data ပါတစ်ခါတည်း ကူးယူချင်တာလား
ရတယ် အောက်မှာ ငွေလွဲရမယ့် Bank Acc တွေပေးထားတယ်
ငွေလွဲ ချလန်ကို 09257711112_Viber ကနေပို့ပေးလိုက်ရုံပဲ

ကဲ ငွေလွဲရမယ့် Bank Account တွေကတော့ -

KBZ ATM Card Account
Min Oke Kar Kyaw
99930799930167401
.
CB ATM Card Account
Min Oke Kar Kyaw
0110600100006629
.
AYA ATM Card Account
Min Oke Kar Kyaw
0075 1190 1000 3968
.
Wave maney Account
09786490196
(ငွေသွင်းခြင်းနဲ့ ငွေလွဲရမှာပါ)

OK Dollar $ Account
09786490196

ကဲဆက်ပြီးတော့ Mobile နည်းပညာတွေဆက်ပြီးလေ့လာလိုပါက
၂ လပြတ် အာမခံ အတတ်သင် Basic Online Taining
https://www.facebook.com/MinOaker09/videos/1494788843917711/

Level အမြင့်သင်ခန်းစာများကို သင်ပေးနေတဲ့
Advanced Online Training Group -
https://www.facebook.com/MinOaker09/photos/a.985196868210247.1073741829.983582188371715/1501695259893736/?type=3

Advanced ရက်တိုသင်တန်းများကို စနေ၊တနင်္ဂနွေ ၂ ရက်
အပြတ်ဖြင့် လာရောက်သင်ကြားလိုသူများအတွက်ကိုတော့
ဒီ Page ဆက်လက် တင်ပေးသွားမှာပါ.

#Min_Oaker_Online_Training
#Software_Advacend_Online_Training
#Software_Basic_Online_Training
#Local_Advanced
#Basic_Regular_Class
#Min_Oaker_Dead_Boot_Fix_Firmwares

Contact -
Min Oaker - 09257711112 (9 AM to 9 PM)
https://www.facebook.com/mr.okekar

#Min_Oaker
#Online_Training
#Software_Online_Training
#Mobile_Software_Basic_Online_Training
#Mobile_Software_Advance_Online_Training