Flag Counter


Pages

Saturday, September 16, 2017

Android Devices & Myanmar Fonts 100% အကောင်းဆုံး အတိအကျဆုံး နည်းလမ်း

Android Devices & Myanmar Fonts 100% အကောင်းဆုံး အတိအကျဆုံး နည်းလမ်း
===========================================
Android Devices & Myanmar Fonts 100% ဆိုတဲ့ ပိုစ့်ကိုရေးပေးဖို့ ယာထားခဲ့တာ ဒီနေ့ဆိုရင် လေးရက်မြောက်နေ့ကို ရောက်လာခဲ့ပါပြီ၊ ဖုန်းတွေလည်း အစုံစမ်းသပ်ရင်းနဲ့
Photos Collection ပြုလုပ်နေမိတာကြောင့် ကြာနေခဲ့ပါတယ်။

ဒီနေ့တော့ ဒီပိုစ့်လေးကို အကောင်းဆုံးမဟုတ်တောင်မှ လေ့လာနေသူများအတွက်
အထောက်အကူဖြစ် သွားအောင်လို့ အတတ်နိုင်ဆုံး ရှင်းလင်းပြပေးလိုက်ပါတယ်။

ဒီပိုစ့်အတွက် ပမဆုံး ကျေးဇူးတင်ချင်တာက ဆရာ Sithu Paing ပဲဖြစ်ပါတယ်၊
ဒုတိယ ကျေးဇူးတင်ချင်တာကတော့ စိုးသန်း၊ နောက်ဆုံး ကျေးဇူးတင်စရာရှိတဲ့
သူတွေကတော့ ဖုန်းကို မြန်မာစာလာထည့်ကြတဲ့ တပည့် ဘော်ဒါများဖြစ်ပါတယ်။

ကျနော် ဒီနည်းလမ်းများကို ဆရာ Sithu Paing (Android System) စာအုပ်လေးမှ ရခဲ့တာပဲဖြစ်ပါတယ်၊ ဖတ်ဖူးသမျှ နည်းပညာ စာအုပ်တွေထဲမှ အကြိုက်ဆုံး တစ်အုပ်ဖြစ် ကျနော့် ဒိုင်ယာရီထဲ ရေးထိုးထားလိုက်ပါပြီ၊ ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်ဗျာ...

ဒီပိုစ့်ကို မဖတ်ခင် (Android System မှာ Font တွေဘယ်လိုအလုပ်လုပ်သလဲ) ဆိုတဲ့
ပထမ ပိုစ့်ကို အရင်ဖတ်စေချင်ပါတယ် အဲဒီတော့မှ ယခုပိုစ့်နဲ့ ဆက်စပ်ပြီး လေ့လာကြည့်ရင် Android Device မှ System Fonts တွေကို နားလည်သွားမှာပါ

ဖေါ်ပြပါ နည်းလမ်းသည် ဖုန်းဆားဗစ်သမားများနဲ့ ဆရာများအတွက် တကယ်လိုအပ်ပြီး သိထားသင့် တတ်ထားသင့်တဲ့ Method ဖြစ်ကြောင်း 100% လောက် ပြောပြချင်ပါတယ်။

ဆရာ Sithu Paing (Android System) စာအုပ်ကိုလည်း ထပ်လောင်းပြီး တစ်ခါတည်း ကြော်ငြာပေးလိုက်ချင်ပါတယ်၊ ဆရာ့ စာအုပ်ကို နီးစပ်ရာ စာအုပ်ဆိုင်များမှ မဖြစ်မနေ ၀ယ်ဖတ်ပြီး ဆရာ့ စာအုပ်မှ Tutorial Videos များနဲ့ စာအုပ်ပါ နည်းလမ်းများကို လမ်းညွှန်အတိုင်း လေ့လာဖတ်ကြည့်စေချင်ပါတယ်။

ဒီနည်းလမ်းသည် Android System ထဲတွင် မိမိအသုံးပြုနေသည့် မြန်မာစာအတွက်
ဘယ်ဖောင့်တွေက အဓိကကျပြီး အဲဒီ ဖောင့်တွေက ဖုန်းရဲ့ ဘယ်နားမှ တည်ရှိနေကြတာလည်း သူတို့ကို Modify ပြုလုပ်နိုင်မလားစတဲ့ Android System ပိုင်းထိ နားလည်သွားမယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။
Credible ကျလွန်းတဲ့ ဒီနည်းလမ်းဟာ ဖုန်းအကြောင်းကို အသင့်အတင့်နားလည်ပြီးသား
သူတွေအတွက် အထူးသင့်တော်ပြီး သူများနဲ့ Android System ထဲကို မြန်မာစာအမှန် 100% နှုန်း ထည့်သွင်းနည်းကို လေ့လာလိုက်စားလိုကြတဲ့ ဘော်ဒါတွေအတွက် လေ့လာဖူးသမျှ နည်းလမ်းတွေထဲ အကောင်းဆုံးနည်းလမ်း အတိအကျဆုံး Method ဖြစ်ပါတယ်။

ဒီနည်လမ်းက ဖုန်းတိုင်း ကိုအဆင်ပြေပါ့မလားဆိုတာကိုတော့ အဖြေက တစ်ခုပဲရှိပါတယ်၊ဒီနည်းလမ်းအတိုင်း ကိုယ်တိုင် စမ်းသပ်ပြုလုပ်ကြည့်လိုက်ပါ၊ ပြီးတော့မှ ဆုံးဖြတ်ချက်ကို Agreement ပြုလုပ်ပေးစေချင်ပါတယ်။

ဖေါ်ပြပါ နည်းလမ်းသည် Zawgyi Flashable.zip များနဲ့ One Click font changer apps များမလိုပဲ အရင် ကျနော်တို့ သွားနေကြလမ်းများနဲ့ idea-logic များမဟုတ်ပဲ ထည့်သွင်းရယူနိုင်တဲ့ နည်းဖြစ်ပါတယ်။

စမ်းသပ်အောင်မြင်ပြီးဖုန်းများ
===================
ကျနော် ဒီပိုစ့်ကို ရေးဖို့ စမ်းထားတဲ့ ဖုန်းတွေကတော့ Sony xperia XA ဖုန်း နှစ်လုံး ဗားရှင်း 6.0 များနဲ့ Samsung Galaxy J710F/FN ဖုန်း ဗားရှင်း 6.0.1 နဲ့ အခြားသော Galaxy S3 ဖုန်း ဗားရှင်း 4.3
Grad Dous နှစ်လုံး ဗားရှင်း 4.2.2 ပြီးတော့ Huawei G610-U00 ဖုန်းဗားရှင်း 4.2.1 ဖြစ်ပြီး နောက်ဆုံး ဖုန်းတစ်လုံးကတော့ Galaxy Y GT-S5360 ဖုန်း ဗားရှင်း 2.3.6 ဗားရှင်းများဖြစ်ကြပါတယ်။

လိုအပ်ချက်များ
=========
၁။ Root access

၂။ SmartZawgyiPro.ttf

၃။ Frozen-keyboard.apk

၎။ USB Debugging Enable

၅။ ADB & Fastboot

၆။ ADB Command

၇။ Your own risk

ထည့်သွင်းနိုင်သည့် ဖုန်းဗားရှင်းများ
====================
၁။ Android Version 2.3 နဲ့ အောက်ဗားရှင်းများ
၂။ Android Version 4.0 နဲ့အထက်ဗားရှင်းများ
၃။ Android Version 5.0 နဲ့ အထက်ဗားရှင်းများ
၎။ Android Version 6.0 နဲ့အထက်ဗားရှင်းများ
၅။ Android Version 7.0 နဲ့အထက်ဗားရှင်းများ
(Not yet but probable)

Replacing Method ကိုသုံး၍ Myanmar Font သွင်းနည်း
================================
ဒီနည်းလမ်းသည် Android System/fonts ထဲတွင် ပါဝင်နေသည့် မြန်မာစာအတွက်
အထောက်အပံ့ ပေးထားသည့် ဖောင့်များကို မိမိထည့်သွင်းအသုံးပြုလိုတဲ့ ဖောင့်ဖြင့်
အစားထိုးပြီး ထည့်သွင်းနည်းဖြစ်ပါတယ်။

ဖုန်းဗားရှင်းအလိုက် System/Fonts တွင် ရှိသည့်ဖောင့်များ
==================================
၁။ Android Version 2.3 နဲ့ အောက် 2.3 အထက် ဖုန်းများတွင်

System/Fonts

DroidSansFallback.ttf

၂။ Android Version 4.0 နဲ့ အထက် 4.4.4 အထိ ဖုန်းများတွင်

System/Fonts

Roboto-Regular.ttf

၃။ Android Version 5.0 အထက် 5.1.1 အထိ ဖုန်းများတွင်

System/Fonts

NotoSansMyanmar-Bold.ttf

NotoSansMyanmar-Regular.ttf

NotoSansMyanmarUI-Bold.ttf

NotoSansMyanmarUI-Regular.ttf

SamsungMyanmar.ttf

(Roboto-Regular.ttf)

(အထက်ပါ ဖောင့်များသည် ဖုန်းအားလုံးနီးပါးမှာ ပါဝင်ကြပါတယ်၊
Samsung Devices များတွင် SamsungMyanmar.ttf ဆိုပြီးပါဝင်လာပါတယ်)

၎။ Android Version 6.0 အထက် 7.0 အထိ ဖုန်းများတွင်

System/Fonts

NotoSansMyanmar-Bold.ttf

NotoSansMyanmar-Regular.ttf

NotoSansMyanmarUI-Bold.ttf

NotoSansMyanmarUI-Regular.ttf

Roboto-Regular.ttf

(SamsuungMyanmar.ttf)

Galaxy J710F/FN ဖုန်းဗားရှင်း 6.0.1 တွင်တော့

NotoSansMyanmar-Bold.ttf

NotoSansMyanmar-Regular.ttf

NotoSansMyanmarUI-Bold.ttf

NotoSansMyanmarUI-Regular.ttf

Roboto-Regular.ttf

ဆိုပြီးသာ ပါပါတယ်၊ SamsuungMyanmar.ttf ကိုတော့မတွေ့မိပါ

မှတ်ချက်... ဖုန်းအမျိုးအစားလိုက် ဖောင့်များသည် ကွဲပြားခြားနားကြမှာပါ
ဒါပေမယ့် အောက်ပါ ဖောင့် လေးခုကတော့ အားလုံးမှာပါဝင်ပါတယ်။

NotoSansMyanmar-Bold.ttf

NotoSansMyanmar-Regular.ttf

NotoSansMyanmarUI-Bold.ttf

NotoSansMyanmarUI-Regular.ttf

အဆိုပါ ဖောင့်လေးခုသည် 5.0 အထက် 7.0 လောက်ထိ ဖုန်းအားလုံးမှာ
ပါဝင်နေကြမှာပဲဖြစ်ပါတယ်၊ Samsung Devicesလတစ်ခုသာလျှင်
5.0 ဗားရှင်းတွေမှာ (SamsuungMyanmar.ttf) ဆိုပြီးပါဝင်နေပါတယ်။

Read more tutorial & Download Here>>>http://www.zunite.org/…/android-devices-myanmar-fonts-100.h…

ပိုစ့်ကို တိုရှင်းနဲ့ လိုရင်းကို ရေးမလို့ပါပဲ နားမလည်မှာစိုးတာနဲ့
ရေးရင်းစာရှည်သွားတာကို နားလည်ပေးကြပါ

နာရီပေါင်းများစွာ အချိန်ကုန်ပြီး ရေးထားတာမို့
သတိမထားမိတဲ့နေရာတွေမှာ စာလုံး အမှားတွေပါနိုင်ပါတယ်

ဒီနည်းလမ်းကို ချပြပေးထားတဲ့ ဆရာ Sithu Paing ကို
တိုက်ရိုက်မေးပြီး ခွင့်တောင်းပြီးမှာ ဒီပိုစ့်ကိုရေးဖြစ်သွားတာပါ

အားနည်းချက်များသည် ကျနော့်ရဲ့ အားနည်းချက်များသာဖြစ်ပါတယ်
Video Tutorial နဲ့ တကွ လေ့လာချင်တယ်ဆိုရင်တော့

ဆရာ Sithu Paing ရဲ့ (Android System) စာအုပ်ကို
နီးစပ်ရာ စာအုပ်ဆိုင်များမှ ၀ယ်ယူအားပေးလိုက်ကြပါခင်ဗျား

#crd.

No comments:

Post a Comment