Flag Counter


Pages

Thursday, September 14, 2017

MTK တွေ Firmware တင်ရင် မ Dead အောင်တင်ကြမယ်

MTK တွေ Firmware တင်ရင်
မ Dead အောင်တင်ကြမယ်
********************************

►Board ID
►Android Version
►Model (သိပ်အရေးမကြီးပါ)

အဲဒီအချက် ၃ ချက်တူရင်
Dead စရာအကြောင်းကိုမရှိတာဗျ။

Phone Information ရယ်
Firmware Information ရယ်
တိုက်ဆိုင်စစ်ဆေးပြီးမှတင်သင့်ပါတယ်။

Phone Information ကို
Miracle နဲ့ စစ်လို့ ရပါတယ်။
Firmware Information ကိုတော့
MTK Extractor နဲ့ စစ်ဆေးလို့ ရပါတယ်။

ဖန်းဝဲလ်တစ်ခုတည်းကို
ဖုန်းမော်ဒယ် ၃ မျိုးလောက်တင်လို့ ရတဲ့
ပိုစ့်တွေမြင်ဘူးမယ်ထင်ပါတယ်။
အဲဒါ စောနက ကျနော်ပြောတဲ့
အချက်တွေတူညီနေလို့ ဖြစ်ပါတယ်။
မတူတာကတော့ ဖုန်းမော်ဒယ်ပဲဖြစ်ပါတယ်။
အဲဒါကြောင့် Model (သိပ်အရေးမကြီးပါ) လို့ 
ပြောတာပါ။

ပုံထဲမှာ Miracle နဲ့ Phone Information ကို
စစ်ပြထားပါတယ်။နောက်တစ်ပုံမှာကျတော့
ဖန်းဝဲလ်ထဲက System File ကိုဖြည် ၊
ထွက်လာတဲ့ BP လေးကို Notepad ++ နဲ့ 
ဖတ်ပြီး တိုက်ပြထားတာပါ။
ခြုံပြီးပြောရရင်တော့ ဒီဖန်းဝဲလ်ကိုတင်တဲ့အခါ
Dead သွားမှာ လုံးဝ (လုံးဝ) စိုးရိမ်စရာမလိုဘူးလို့ 
ဆိုလိုချင်တာဖြစ်ပါတယ်။

#Teacher_YarPyae 😍

No comments:

Post a Comment