Flag Counter


Pages

Wednesday, September 20, 2017

MTK CHARGING BY SAYAR MOE HEIN

မနေ့ကပြောထားတဲ့ MTK Charging ပိုင်းလေးတင်ပေးလိုက်ပါတယ်။G610 U00 နဲ့ G730 U00 model ၂မျိုးနဲ့ Volt လေးတွေတိုင်းပြထားပါတယ်။ပထမဆုံး အားသွင်းမရလို့လာပြရင် စစစ်ရမှာကတော့ Usb ခေါင်း ရဲ့ pin no 1 မှာ 5v ရှိမရှိစစစ်ပါ။5v မရှိရင်,5v အောက်တော်တော်လျော့နည်းနေရင် usb ခေါင်းလဲပေးလိုက်ပါ။5v ရှိနေရင်တော့ လမ်းကြောင်းပိုင်း စစစ်ကြည့်ကြပါမယ်။
Mtk ဖုန်းတွေမှာ 0.5v ရှိနေတဲ့ Resistor ၂လုံးအမြဲပါပါတယ်။အဲဒီကနေစစစ်ပါမယ်။
ပထမဆုံး  တစ်ဖက်မှာ 5v နဲ့ ကျန်တစ်ဖက်မှာ 0.5v ရှိနေတဲ့ Resistor ကိုစစစ်ပါတယ်။ရှိနေရင်နောက်တစ်ဆင့် အဲဒီ R ကနေ pmu ကို သွားမယ့် တစ်ဖက်မှာ ground ကျနေပြီး ကျန်တစ်ဖက်မှာ 0.5v ရှိနေရမယ့် R ကိုစစ်ပါတယ်။အဲဒီနေရာထိ မှန်နေရင် ခြေ၃ချောင်း fet ကိုစစ်ပါမယ်။Fet ၂လုံးရှိနေရင် အသေးကိုစစ်ရမှာပါ။Fet အသေးရဲ့ တစ်ဖက်ကနေ 2.8v,ကျန်တစ်ကနေ 2.3v ဝန်းကျင်နဲ့ pmu ကိုသွားမယ့်လမ်းကြောင်းဆက်စစ်ကြည့်ပါ။အဲဒီအပိုင်းတွေမှာ အပျက်များပါတယ်။အဲဒီအထိမှန်နေရင်တော့ ခြေထောက်ခြောက်ချောင်း Transistor ရဲ့ pin no 4 မှာ 5v ရှိမရှိစစ်ပါ။Pin ရေတွက်ပုံကတော့ transistor မှာပါတဲ့ margin point လေးရှိတဲ့ဖက်က pin no 1 ဆိုပြီး အစဉ်လိုက်ရေတွက်သွားရမှာပါ။ပြီးရင် pin no 3 မှာ 4.2v ဝန်းကျင်နဲ့ ကျန်နေတဲ့ pin no 1,2,5,6 တို့မှာ 4.1v ဝန်းကျင်ရှိမရှိစစ်ပါ။pin no 3 မှာ 4.2v ဝန်းကျင်မရှိရင် fet ကိုလဲပေးပါ။ကျန် pin တွေမှာ 4.1v ဝန်းကျင်မရှိရင် c,d,r နဲ့ battery connector ကိုစစ်ပါ။အကုန်ကောင်းနေရင် transistor ကိုလဲပေးပါ။Fet ၂ ခုပါတဲ့ ဖုန်းတွေမှာ အားသွင်း sign တော့ပြတယ် တစ်ညလုံးသွင်းတာတောင်အားမပြည့်ဖူးဆိုတဲ့ ဖုန်းတွေမှာ အပေါ်ကပြောခဲ့တဲ့ fet နဲ့ transistor တွေရဲ့. 5v ရှိရမယ့်နေရာတွေမှာ 5v အောက်တော်တော်လေးလျော့နေရင်ဖြစ်တတ်ပါတယ်။အဲလိုဆို 5v ရှိနေတဲ့ test point ကနေ fet ကိုကြိုးကျော်,fet ကနေ transistor ကိုကျော် အဆင့်ဆင့်ပြုပြင်ပေးနိုင်ပါတယ်။
ဒီလောက်ဆို mtk ဖုန်းတွေ charging ပိုင်းနဲ့လာရင် လုပ်နိုင်လောက်ပါပြီခင်ဗျာ။
ကျနော်တင်ပေးနေတဲ့ post လေးတွေကနေ တစ်စုံတစ်ခု အကျိုးရှိသွားကြရင် အပင်ပန်းခံတင်ရကျိုးနပ်ပါပြီခင်ဗျာ။

#crd. sayar မိုးဟိန်း

No comments:

Post a Comment