Redminote 4 (MTK) +5-5 & Backlight.......
+5-5 Driver IC မှာ Enable ကို EN N နဲ့ EN P ဆိုပီး 1.8 V နှစ်လိုင်းအလုပ်လုပ်ပါတယ်............
#crd.aung za paing
Redminote 4 (MTK) +5-5 & Backlight.......
+5-5 Driver IC မှာ Enable ကို EN N နဲ့ EN P ဆိုပီး 1.8 V နှစ်လိုင်းအလုပ်လုပ်ပါတယ်............
#crd.aung za paing
Mr.Sai ရဲ့ ပထမဆုံးစာအုပ် အခြေခံအကျဆုံး Hardware Player ကို PDF ထုပ်ပြီး တင်ပေးလိုက်ပါတယ်
download link
https://drive.google.com/uc?id=1MDt7aPfZ5qpD1xqmJEOLBFdWmhAT8h6H&export=download
crd. sayar sai pee
Diagram ကြည့်နည်း အခြေခံကို Video File အနေနဲ့ တင်ပေးလိုက်ပါတယ်....
လိုအပ်ချက်တွေ ရှိနေရင် နားလည်ပေးပါဦး...
ကျွန်တော် လည်း ကြိုးစားဆဲမို့လို့ပါ...
Paid က Bro တွေအတွက်တင်ပေးရင်း Public Share ချင်စိတ်လေးဖြစ်လာလို့...
Video Download Link>>
http://1ink.cc/pnhk0
File Size(37.8MB)
#crd.အောင်ပြည့်ဖြိုး
မင်္ဂလာပါခင်ဗျာ..........ကျနော်အခုပြောချင်သောအကြောင်းအရာကတော့ ၊မိုဘိုင်းလ်နဲ့ပတ်သတ်လို့
ပါဝါမနိုးခြင်း(no power)ထဲမှ ၊ရှောစ့်(shock)ဖြစ်သောဆားကစ်ဘုတ်ပြားအား စမ်းသပ်ရာတွင်အသုးံပြုသော 5 Ampere power supply အကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်။
5 Ampere Power Supply မှာဆိုရင်လည်း
တံဆိပ်အမျိုးမျိုးဝင်ရောက်လျှက်ရှိကြပါတယ်ခင်ဗျာ။ဈေးနှုန်းများကတော့ ၅သောင်းလောက်မှစတင်§
၆သောင်းခွဲ၊၇သောင်းလောက်ထိတော့ရှိပါတယ်လိုပြောကြားချင်ပါတယ်ခင်ဗျာ။
အခုကစတင်ပြီးတော့ 5ampere power supply
နဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်။၎င်း
power supply သည်၊နိုးပါဝါရှော့စ်ကျသောအခါ§
အသုးံပြုရမည်ဖြစ်ပါသည်။(ရှောစ့်ထဲမှာမှ input shock ကိုစမ်းသပ်ရခြင်း)5Ampere တွင်ပါဝင်သော
Function အစိတ်အပိုင်းများမှာတော့ 5A PS ၏ညာဘက်အောက်တွင်တွင်တည်ရှိသော နီ၊၀ါ၊နက်
ပင်ပေါက်များသည် ဆားကစ်ဘုတ်ပြားတွင်တည်ရှိသော Battery connector ငုတ်များအားချိတ်ပေးရမည် power supply ကြိုးပေါက်များဖြစ်ပါတယ်။
၎င်း power supply ကြိုးပေါက်ချိတ်ဆက်ရာတွင်
အနီကြိုးသည် အနီပေါက်သို့ထည့်ရမည်ဖြစ်ပြီး၊အ
နက်ကြိုးသည် အနက်ပေါက်သို့ထည့်ရမည်ဖြစ်ပြီး၊အရောင်ပေါက်သည် ဆားကစ်ဘုတ်ပြားအား Ground
(GND)ချသောအပေါက်ဖြစ်ပါတယ်။Ground ဆိုသည်မှာအနုတ်ဓတ်ပိုမိအောင် ထည်သွင်းးထား
ခြင်းဖြစ်ပါ။ခြုံပြီးပြောရမယ်ဆိုရင်တော့ cicuit board
အားပါဝါကြွေးသော ၊ ပင်ပေါက်များဖြစ်ပါတယ်။
နောက် function တစ်ခုကတော့ အနီ၊အ၀ါ၊အနက်ရောင် ပင်ပေါက်များရဲ့အပေါ်တွင်တည်ရှိသော
သင်္ကေများမှာတော့ voltage လို့စာသားရေးသားပြီး
အောက်တွင် adjust control နှစ်ခုပါဝင်ပါတယ်။
Voltage ဆိုသောစာသားသည် ဗို့အားကိုဖော်ညွှန်း
ထာခြင်းဖြစ်ပြီး adjust control နှစ်ခုသည် ဗို့အားကို
အတိုး၊အရှော့ ပြုလုပ်ပေးသော control ဖြစ်ပါတယ်။
ဗို့အားပေးရာတွင် မိုဘိုင်းလ်ဖုန်းပြုပြင်သောကြောင့်
D-C 4V to 5V ပေးသွင်းရမှာဖြစ်ပါတယ်။မှတ်ချက်။ ။
5V ထက်ကျော်ပေးပါက circuit board ပေါ်တွင်တည်ရှိသော I.C(integrated circuit) များနှင့်
P.C.B(printed Circuit Board) ပတ်လမ်းများအား
ပျက်ခြင်း(သို့မဟုတ်) ဆားကစ်ဘုတ်ပြားအားရှော့စ်ကျခြင်းတို့ဖြစ်တက်ပါတယ်။ဗို့ပေးရာတွင်အသုးံပြုရမည့် adjust control နှစ်ခုမှာညာဘက်
adjust control သည် ပေးချင်သောဗို့အားကိုလိုအပ်
သလို အမြန်တင်သုးံရသော control ဖြစ်ပါတယ်။ဘယ်ဘက် adjust control သည်မိမိပေးချင်သော
ဗို့အားကို ပွိုင့်ဗို့ခြင်းတင်§ အသုးံပြုရခြင်းဖြစ်တယ်လို့
မှာကြားချင်ပါတယ်။
နောက်ထပ် function အနေအထားကတော်
Current လို့ရေးသားဖော်ပြပေးထားခြင်းစာသားဖြစ်
ပြီး၊စာသား၏အောက်ဘက်တွင်တည်ရှိသော adjust
Control နှစ်ခုသည် current လို့ခေါ်ဆိုသော ampere နှုန်းကို adjust control ပြုလုပ်ပေးသော control ဖြစ်ပါတယ်။၎င်း adjust control သည်
မိမိစမ်းသပ်လိုသော ရှောစ့်ကျသောဆားကစ်ဘုတ်ပြားအား Battery connector ၏ပင်ငုတ်များအား
ပါဝါဗို့အား 4v to 5v ကြွေးပြီးပါက5APowerSupply
တွင်ပါရှိသော L.C.D. digital ဂဏန်းများအား L.C.D
ဒိုင်ခွက်ပေါ်တွင် ampere နှုန်းကိုဖော်ပြပေးပါလိမ်မည်။ပြသနေသော ampere နှုန်းဖြင့် ရှောစ့်မပြသပါက current ဆိုသာစောသားအောက်တွင်
adjust controlနှစ်ခုကိုအသုးံပြုရမည်ဖြစ်ပါသည်။
ညာဘက် control ကတော့ ampere ကို မိမိလိုအပ်သလောက်တင်ပြီး ၊သုးံရမှာဖြစ်ပြီး ဘယ်ဘက်က control ကတော့ ampere နှုန်းကိုပွိုင့်လောက်တန်ဖိုး
အတိုးအလျှော့လုပ်အသုးပြုရမှာဖြစ်ပါတယ်။
Current စာသားနှင့် Voltage ဆိုသောစာသားနှစ်ခုကြားတွင်တည်ရှိသော ခလုတ်လေးသည် ampere
Low ampere နှင့် High ampere ကိုဖော်ပြပေးတာဖြစ်ပါတယ်။၎င်းခလုတ်သည် မိမိအသုးံပြုချင်သောamprre အနည်း ၊အများကိုရွေးချယ်ပေးရခြင်း
ဖြစ်ပါတယ်။တစ်ချို့ရှော့စ်များသည် ampere အနည်းတွင်ထားစမ်း§ မရနိုင်ပါသဖြင့် ampereအများခလုတ်တွင်ထားစအ်းမှသာလျှင့်ရပါသည်။မှတ်ချက်။ ။ ရှောစ့်ကျနေသာဆားကစ်
ဘုတ်ပြားသည် 5A Power Supply ဖြင့် စမ်းသပ်
ရာတွင် ရှောစ့်ကျသော I.C ,Cap:,Res:Dio:,F.E.T (Q) များသည် တစ်ခြားအလုးံ (သို့ မဟုတ်)ပစ္စည်းများ
ပူနေပါလိမ်မည်။၎င်းပူနေသာအလုးံအားရှောစ့်ကျ§
ပျက်နေခြင်းဟုသိရပါလိမ်မည်။ပူနေသောဖြုတ်ပေးမှသာလျှင်ပါဝါနှိုးပါလိမ်မည်။
နောက်ဆုးံကျန်ရှိနေသာ function အစိတ်အပိုင်
းကတော့ Voltage အပေါ်တွင်တည်ရှိသောL.C.D
Digital ဒိုင်ခွက်နှင့် Current စာသား၏အပေါ်ဘက်
တွင်တည်ရှိသော L.C.D Digital ဒိုင်ခွက်ကတော့
မိမိတိုအသုးပြုနေသော ဗို့အားနှင့်အင်ပီယာအား
တို့ကို ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာကိုဖော်ပြပေးသောဂဏန်းများဖြစ်ပါတယ်။R.F(radio frequency) နှုန်းကိုဖော်ပြပေးထားခြင်းဖြစ်ပါတယ်။ဘယ်လိုအသုးံပြု ကြလဲဆိုတော့ မိုဘိုင်းလ် radiation frequency လှိုင်းနဲ့ချိတ်မိနိုင် ၊မမိနိုင်ကို radio frequency လှိုင်းတန်ဖိုနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ ပါဝါဆက်ပလိုင်း
ချိတ်သောပင်ပေါက် အနီ၊အ၀ါ၊အနက်ရောင်ပေါက်ရဲ့ဘေးတွင်ရှိသောခလုတ်ကတော့ 5 ampere power
Supply ၏ power ခလုတ်အဖွင့်အပိတ်ဖြစ်ပါတယ်လို့ပြောကြားရင်းနဲ့ဘဲ ဒီမှာပဲနိဂုန်းချုပ်အပ်ပါတယ်ခင်ဗျာ။
မိုဘိုင်းလ်ဖုန်း Hardware နည်းပညာအားလေ့
လာချင်သူများအတွက်ကြိုဆိုပါတယ်ခင်ဗျာ။Hardware ပညာရပ်သည်ဝါသနာပါမှသာလျှင် တတ်မြောက်ကြမှာဖြစ်ပါတယ်။အဲဒီတော့ မိမိကိုမိမိဝါသ
နာပါမပါကိုအရင်စမ်းစစ်ပါ။ဝါသနာပါလို့ ကတော့
အချိန်ကုန်လို့ကုန်မှန်းတောင်သိမှာမဟုတ်ပါဘူး။ကိုယ်ပြင်တဲ့ဖုန်း ပြန်ကောင်းသောအခါမှာ စိတ်ထဲမှာအရမ်းကြည်းနူးဖို့ကောင်းပါတယ်။ကြိုးစားကြပါ
လို့ပြောချင်ပါတယ်ခင်ဗျာ။ပျနော်အတတ်နိုင်ဆုံးကြိုးစားပြီးတော့တင်ပေးသွားမှာပါ။အားလုးံအဆင်ပြေ ချောမွေ့ကြပါစေလို့ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်ခင်ဗျာ။
#crd. linlinoo
For beginner
Emmc ကိုင်တွယ်နေကြတဲ့ hardware သမားများအတွက် မိမိ emmc လဲမယ့်ဖုန်းကို ဘာ emmc နဲ့ကပ်ရင်အဆင်ပြေမလဲ။preloader ကခွင့်ပြုထားတဲ့ ic တွေကို ဘယ်သူမှမမေးရပဲ မိမိကိုယ်တိုင် စစ်ဆေးပြီး ic နဲ့ လက်ဆသာကောင်း လုံးဝအဆင်ပြေစေမယ့် preloader emmc parser ဆိုတဲ့ ကျနော်သုံးနေတဲ့ tool လေး တင်ပေးလိုက်ပါတယ်။
Emmc စမ်းတဝါးဝါးနဲ့ ကပ်နေရခြင်းမှ ကင်းဝေးကြပြီထင်ပါတယ်။
လွတ်လပ်စွာ share နိုင်ပါတယ်။
Tool link 👇👇👇👇👇👇
https://my.pcloud.com/publink/show?code=XZ1GuJ7ZXE3lxxYNf0H2wVubpEbJNyHeUm8k
Zip password =moehein
#crd. sayar moe hein
G 610 U00 vibrate ဆက်တိုက်တုန်နေပြီး no power နဲ့လာတယ်။Supply နဲ့ချိတ်ကြည့်တယ်။ရှော့မရှိဘူး။Battery connector မှာတိုင်းကြည့်တယ်။0.2 volt လောက်နဲ့တက်လိုက် ကျလိုက် မငြိမ်ဘူး။ဒာဆိုရှော့နည်းနည်းရှိနေပြီ။power ic နားတိုင်းကြည့်တယ်။1.0/1.1/1.2 volt ထွက်နေတယ်။power ic ကိုဖယ်ထားပြီးစဉ်းစားမယ်။
Power section ပိုင်းဖယ်ထားပြီးစဉ်းစားရင် network section ပိုင်းပဲစစ်ရတော့မယ်။Wifi/bluetooth/Gps စစ်ကြည့်တယ်။error မတွေ့ဘူး။MT 6628QP ကိုလဲလိုက်တော့ကောင်းသွားပြီ။နောက် error ထပ်တက်ပြန်ပြီ။Screen off ထားရင် power ပိတ်ပိတ်သွားတယ်။PA ကိုဖြုတ်ပြီး ခဲရှင်းပြန်တပ်ပေးလိုက်တာ ok သွားပြီ။
Error တူလာရင်လုပ်လို့ရအောင်ပါ။ဘာပညာမှမပါပါဘူး။
အားလုံးကိုလေးစားလျက် မိုးဟိန်း
crd. sayar moehein
Credit to Kyaw HtetLinn
.
for beginner
Huawei Y5II Charging Way
5V အဝင်စစ်ပါ အဝင်မရှိရင်အနီပြထားတဲ့ဘက်စစ်ပါ ကြိုးကျော်လို့ရပါတယ်
အပြာနုပြထားတဲ့ဘက်က4.0ထွက်မလာရင် CHG ICလဲပါ R200ရဲ့နှစ်ဖက်ထိပ်စလုံးတိုင်းပါ နှစ်ဖက်စလုံး4Vတွေ့မှ အားဝင်ပါမည်
FETရဲ့ 1V PMUမရောက်သည်ဖြစ်စေ2.8 PMUရှိပြီးအားမဝင်သေးပါကလည်း MT6323လဲပါ
အဆင်ပြေပါစေ ခင်ဗျား
မနေ့ကပြောထားတဲ့ MTK Charging ပိုင်းလေးတင်ပေးလိုက်ပါတယ်။G610 U00 နဲ့ G730 U00 model ၂မျိုးနဲ့ Volt လေးတွေတိုင်းပြထားပါတယ်။ပထမဆုံး အားသွင်းမရလို့လာပြရင် စစစ်ရမှာကတော့ Usb ခေါင်း ရဲ့ pin no 1 မှာ 5v ရှိမရှိစစစ်ပါ။5v မရှိရင်,5v အောက်တော်တော်လျော့နည်းနေရင် usb ခေါင်းလဲပေးလိုက်ပါ။5v ရှိနေရင်တော့ လမ်းကြောင်းပိုင်း စစစ်ကြည့်ကြပါမယ်။
Mtk ဖုန်းတွေမှာ 0.5v ရှိနေတဲ့ Resistor ၂လုံးအမြဲပါပါတယ်။အဲဒီကနေစစစ်ပါမယ်။
ပထမဆုံး တစ်ဖက်မှာ 5v နဲ့ ကျန်တစ်ဖက်မှာ 0.5v ရှိနေတဲ့ Resistor ကိုစစစ်ပါတယ်။ရှိနေရင်နောက်တစ်ဆင့် အဲဒီ R ကနေ pmu ကို သွားမယ့် တစ်ဖက်မှာ ground ကျနေပြီး ကျန်တစ်ဖက်မှာ 0.5v ရှိနေရမယ့် R ကိုစစ်ပါတယ်။အဲဒီနေရာထိ မှန်နေရင် ခြေ၃ချောင်း fet ကိုစစ်ပါမယ်။Fet ၂လုံးရှိနေရင် အသေးကိုစစ်ရမှာပါ။Fet အသေးရဲ့ တစ်ဖက်ကနေ 2.8v,ကျန်တစ်ကနေ 2.3v ဝန်းကျင်နဲ့ pmu ကိုသွားမယ့်လမ်းကြောင်းဆက်စစ်ကြည့်ပါ။အဲဒီအပိုင်းတွေမှာ အပျက်များပါတယ်။အဲဒီအထိမှန်နေရင်တော့ ခြေထောက်ခြောက်ချောင်း Transistor ရဲ့ pin no 4 မှာ 5v ရှိမရှိစစ်ပါ။Pin ရေတွက်ပုံကတော့ transistor မှာပါတဲ့ margin point လေးရှိတဲ့ဖက်က pin no 1 ဆိုပြီး အစဉ်လိုက်ရေတွက်သွားရမှာပါ။ပြီးရင် pin no 3 မှာ 4.2v ဝန်းကျင်နဲ့ ကျန်နေတဲ့ pin no 1,2,5,6 တို့မှာ 4.1v ဝန်းကျင်ရှိမရှိစစ်ပါ။pin no 3 မှာ 4.2v ဝန်းကျင်မရှိရင် fet ကိုလဲပေးပါ။ကျန် pin တွေမှာ 4.1v ဝန်းကျင်မရှိရင် c,d,r နဲ့ battery connector ကိုစစ်ပါ။အကုန်ကောင်းနေရင် transistor ကိုလဲပေးပါ။Fet ၂ ခုပါတဲ့ ဖုန်းတွေမှာ အားသွင်း sign တော့ပြတယ် တစ်ညလုံးသွင်းတာတောင်အားမပြည့်ဖူးဆိုတဲ့ ဖုန်းတွေမှာ အပေါ်ကပြောခဲ့တဲ့ fet နဲ့ transistor တွေရဲ့. 5v ရှိရမယ့်နေရာတွေမှာ 5v အောက်တော်တော်လေးလျော့နေရင်ဖြစ်တတ်ပါတယ်။အဲလိုဆို 5v ရှိနေတဲ့ test point ကနေ fet ကိုကြိုးကျော်,fet ကနေ transistor ကိုကျော် အဆင့်ဆင့်ပြုပြင်ပေးနိုင်ပါတယ်။
ဒီလောက်ဆို mtk ဖုန်းတွေ charging ပိုင်းနဲ့လာရင် လုပ်နိုင်လောက်ပါပြီခင်ဗျာ။
ကျနော်တင်ပေးနေတဲ့ post လေးတွေကနေ တစ်စုံတစ်ခု အကျိုးရှိသွားကြရင် အပင်ပန်းခံတင်ရကျိုးနပ်ပါပြီခင်ဗျာ။
#crd. sayar မိုးဟိန်း
တစ်ခါတစ်ခါ EMMC လဲဖို့အတွက် ဘာEMMC တံဆိပ်တပ်ရမှန်း
မသိရင် ဒီထဲဝင်ကြည့်ပါ
ကိုယ်လဲမဲ့ ဖုန်းရဲ့ eMMC ကို RAM&ROM Size တွေကအစ ကြည့်လို့ရတော့ အရမ်းအဆင်ပြေတာပေါ့နော် ☺☺☺
#crd. mkkz
ကျွန်တော်တို့တစ်တွေ EMMC လဲကျတဲ့အခါမှာ EMMC အောက်က ပင်လေးတွေ ပြတ်တတ်ပါတယ်။အဲ့လို ပင်တွေပြတ်တဲ့အခါ ပြတ်နေတဲ့ပင်တွေက
ပြတ်လို့ရတဲ့ NC (no connection)လား ပြတ်လို့မရတဲ့ ပင်လားဆိုပီး pin assign လေးတွေနဲ့ တိုက်ကြရမှာဖြစ်ပါတယ်။ပြတ်လို့မရတဲ့ pin တွေ ပြတ်ခဲ့ရင်
တော့ emmc ဘယ်လောက်ပဲကပ်ကပ် အောင်တော့မှာ မဟုတ်ပါဘူး။
အဲ့ဒီတော့ EMMC အမျိုးအစားလေးတွေနဲ့ NC
လေးတွေကို ဆွဲပေးထားပါတယ်။ ကပ်သမျှ အိုင်စီတိုင်း အောင်ကြပါစေဗျာ။
#CRD. ဆရာ မျိုးမီးတူး
Shock-- အပိုင်း(1 )
-----
===
ယခင်ပို့ စ်အဟောင်းလေးပါ
------==----
---For beginner
ဘီဂင်နာများအတွက်ပြောချင်တာတော့
လူတွေပြောပြောနေတဲ့shock
shockအမျိုးမျိုးရှိကြပါတယ်ခွဲခြားသတ်မှတ်ပုံတွေနဲ့ပြစ်ချက်ရှာဖွေပုံလေးတွေအမျိုးရှိကြပါတယ်
ခုပြောချင်တာကတော့Shockအမျိုးစားအလွယ်တကုခွဲခြားနည်းနဲ့ပြစ်ချက်ရှာဖွေပုံလေးပါ
ဦးစွာဖုန်းဆားကစ်အားSupplyချိတ်သည်နဲ့Ampထောင်နေခြင်းSupplyမီးတာလက်တံဂနာမငြိမ်ဘက်ညာခါရမ်းနေခြင်းကိုInput Shockဟုအကြမ်းခွဲခြားလိုက်ပြီးpowerkeyနှိပ်ချိန်iမှAmpထောင်တက်သွားခြင်းpmuထောင့်စွန်းပူလာခြင်းမျိုးဖြစ်လာပါကout put shockဟုဦးစွာခွဲခြားသတ်မှတ်ပါ့မယ်
ထိုနောက်တွင်မှ
IN Put shock
Supplyချိတ်သည်နှင်Ampထောင်တက်ခြင်းမီတာလက်တံဘယ်ညာပြေးနေသောinput shockကိုထပ်မံခွဲခြားပါမည်
battery +ငုတ်GnကျနေပါကVbatဟုသတ်မှတ်ပြီးbattery+ GnမကျပါကFet ,Ac9များ၏source မှထွက်သွားသောVph pwrလမ်းကြောင်းတွင်ကျသောVph shockဟုခွဲခြားသတ်မှတ်ပါမညVbat Shockကျလျှင် Supply 5်Ampဖြင့်ချိတ်ရှာလျှင် လျှင်မြန်စွာတွေ့ရှိနိုင်သော်လည်း
Vphpwrလမ်းကြောင်းတွင် shockကျနေပါက Fet .Ac9များပူ၍Shockကျရာနေရာအားတိုက်ရိုကိမပြနိုင်ပဲသူ့ လမ်းကြောင်းအထောက်ပံ့icတစ်ခုအဖြစ်တည်ရှိနေသော Fetတွင်ပူနေတာကိုတွေ့ရမှာဖြစ်ပါတယ်
ထိုသို့Vph pwrလမ်းကြောင်းပေါ်တွင်shockကျခဲ့ပါက
Drain&sourceကိုတိုက်ရိုက်ဆက်ပေးခြင်းဖြင့်လွယ်ကူစာရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်
shockများရဲ့တည်နေရာကတော့ Modelအမျိုးအစားအလိုက်circuitတည်ဆောက်ပဲုပေါ်မူတည်၍ကွဲပြားနိုင်ပါတယ်
------------
Out put Shock
Power keyနှိပ်သောအခါတွင်မှAmpထောင်တက်သွားခြင်း
pmuထောင့်ပူလာခြင်းများအားoutputဟုတအထက်တွက်ဖော်ပြခဲ့ပြီးဖြစ်ပါသည်
ထိုသို့ သောshockများရှာဖွေရာတွင် Coilလမ်းကြောင်းနှင့်linearလမ်းကြောင်းဟုခွဲခြားသတ်မှတ်ပါမည်ထိုသို့ သောshockကျခဲ့လျှင်ဦးစွာမီတာလက်တံအားအသံမည်စကေးဖြင့်
Gnတဖတ်ချ၍ကျန်တဖတ်ဖြင့်
coilများ၏အခြေများကိုထောက်တိုင်းကြည့်ခါအသံမည်သောလမ်းကြောင်းမှာShockကျနေပါက Coilလမ်းကြောင်းShockဟုသတ်မှတ်ပြီး
coilကိုဖြုတ်၍ခဲစက်များအားတိုင်းတာ၍Ic shock way shockလွယ်ကူစွာခွဲခြား၍Vbatတိုက်ရိုက်အဖြစ်ပြောင်းလဲစေရန်ကြိုးစထုတ်Voltကို1.1မှ3.7ကျွေး၍လွယ်ကူစွာရှာဖွေနိုင်သော်လည်း
Coilလမ်းကြောင်းများGnမကျပဲ
powerkeyနှိပ်ချိန်တွင်မှ pmuပူလာခြင်းAmpထောင်တက်သွားခြင်းမျိုးဖြစ်ခဲ့ပါကIc shockနှင့် coil ခံမထွက်ပါပဲVREGလမ်းကြောင်းshockဟုခွဲခြားသတ်မှတ်ရှာဖွေရမည်ဖြစ်ပါသည်
ဆက်လက်ဖတ်ရှု့ရန်
#CRR.Min kha
နင်လားဟဲ့Hardwar
မတင်တော့ဘူးဆိုပေမယ့်
SD ကဒ်အကြောင်းလေးနည်းနည်းပြောချင်လို ဗျ
ဆရာတွေတော့ကျော်သွားပေါ့ဗျာ
ကျတော်တို့ Sdကဒ်လို့ ခေါ်နေတဲExternal memoryကဒ်လေးများမဖတ်ခဲ့ဘူးဆိုရင်အရင်ဆုံး
ကဒ်ကိုကွန်ပျူတာနဲ့စမ်းကြည့်ပါ
အထိုင်ငုတ်လေးတွေနိမ့်နေလားကျိုးနေလား
ဂျေးကပ်နေလားမျက်စိလေးနဲ့အရင်စစ်မယ်ဗျာ
ကဒ်အသစ်ထည့်စမါးမယ်ဗျာအဲဒါမှမဖတ်ဘူးဆိုရင်တော့
ကျတော်တို့ PCBလို့ ခေါ်နေတဲ့
power circuit Boardလေးကိုရန်ရှာရပါတော့မယ်
ဒီလိုရန်ရှာတက်ဖို့ တွက် သူ့ ကိုဘယ်ကောင်ကထောက်ပံပေးထားသလ
ဲလမ်းကြောင်းဘယ်လိုအသုံးပြုထားသလဲဒါလေးတွေသိမှအဆင်ပြေမှာမို့ အနည်းငယ်ပြောပြချင်ပါတယ်
Beginnerတွေတွက်ပါ
Sdကဒ်မှာကျွန်တော်တို့ ကြည့်လိုက်မယ်ဆိုရင်လမ်းကြောင်းလေးရှစ်ခုတွေ့ရမှာဖြစ်ပါတယ်
Data 0
Data 1
Data 2
Data 3
CMD
Clk
Volt
Gn
ဆိုပြီးလမ်းကြောင်းရှစ်ကြောင်းရှိပါတယ်
သို့ ပေမယ့်
Circuitပေါ်မှာတော့detectလို့ ခေါ်တဲ့SDကဒ်ရှိကြောင်းမရှိကြောင်းထောက်လှမ်းထားတဲ့ငုတ်လေးတစ်ငုတ်အပိုပါလာမှာဖြစ်ပါတယ်
ဒီနေရာအားလုံးအရေးပါတယ်မှန်ပေမယ့်လုပ်ဆောင်ပုံနဲ့အရေးပါပုံလေးတွေကိုတချက်ပြောချင်ပါတယ်
Sdကဒ်တစ်ကဒ်အလုပ်လုပ်ဖို့ အတွက်ပထမဦးဆုံးအရေးပါတာကတော့
Detectဆိုတဲ့ငုတ်လေးပါ ပုံမှာကြည့်ပါ
ဒီငုတ်လေးဟာsdကဒ်မခည့်မှီ1.8ပတ်ချာလည်ရှိနေရမှာဖြစ်ပြီးPull up Resistorတစ်လုံးခံပြီးpmuမှပေးသွင်းထားတာဖြစ်ပါတယ်ထို့ နောက့်EMI icမှတစ်ဆင့်Cpuကိုအကြောင်းကြားပေးထားတာဖြစ်ပါတယ် Sdကဒ်ထည့်လိုက်ချိန်တွင်ထိုdetectငုတ်ကလေးမှာSdအထိုင်၏ဘေးသံပြားနှင့်ထိကပ်သွားပြီးGnကျသွားပါတယ်ထိုအခါCpuမှSdကဒ်ထည့်ထားကြောင်းသိပြီးSd၏Voltငုတ်သို့ filter Cတစ်လုံးခံပြီး2.8Voltကိုပေးသွင်းရန်pmuသ်ု့ ပေးသွင်းခိုင်းလိုက်ပါတယ်ထိုအချိန်တွင်Sdကဒ်အတွင်းပိုင်းcircuitအလုပ်လုပ်ပြီးdataများမှာသက်ဆိုင်ရာလမ်းကြောင်းများမှEMI icအတွင်းပိုင်းဝင်ရောက်ပြီးထိုမှတစ်ဆင့်Cpuနားလည်စေသောDigital sigleအဖြစ်ပြောင်းလဲပေးခါCpuမှdataအချက်အလက်များကိုရရှိမှာဖြစ်ပါတယ်
Sdကဒ်မဖတ်လျှင်အထက်ဖော်ပြပါအချက်များကိုစစ်ဆေးပါထိုနောက်Detectငုတ်Gnကျမကျစစ်ပါမကျလျှင်Gnနှင့်jumperကျော်ပေူပါထိုနောက်2.8Voltရောက်မရောက်စစ်ပါမရောက်လျှင်ရသည့်နေရာကကျော်ပါ
ထိုတွင်မှsdမဖတ်သေးလျှင်EMI icစစ်ပါ
ထင်ရှုးဆီအနည်းငယ်ကျွေး၍အပူပေးတုန်ပေးခြင်းRebollပြန်လုပ်ပေးခြင်းအစားထိုးလည်းလှယ်ပေးခြင်းများပြုလုပ်ပေးပါ ထိုEMI ic၌ရေဂျိုးတည်ခြင်းပျက်ခြင်းဖြစ်နေပါကsdမဖတ်ခြင်းlogoလည်ခြင်း Sdကပ်ထည့်ချိန်ပါဝါပိတ်သွားခြင်းများဖြစ်တက်ပါတယ်
ထိုမှSdမဖတ်သေးဘူးဆိုရင်တော့
ခင်များတို့ ပြောပြောနေတဲ့central proessing unitကြီးသာလဲတော့ဗျို့
မျက်စိလျှင်ပါလက်ယဉ်ပါ
ကျတော်တင်တဲ့ပို့ စ်ကြောင့်တစ်ဦးတစ်ယောက်အကျိုးရှိတယ်ဆိုရင်
အချိန်ကုန်လက်ညောင်းခံပြီးရေးရကျိုးနပ်ပါတယ်
အဆင်မပြေတာလေးများရှိရင်လဲမန့်ခဲ့ဗျာ
ပို့ စ်တင်တာမကြိုက်တဲ့ဖောင်းထုမယ့်ငနာတွေပါရင်လဲမန့်ခဲ့ပါဗျာ
#CRD.Min Kha
နင်လားဟဲ့Hardware
Copy From Sir Min Kha
Shockအပိုင်းOUT Put shock အဝင်shockက်ုတော့ကျတော်ပထမပိုင်းမှာရေးသားခဲ့ပြီးဖြစ်ပါ
ခုတစ်ခါတော့Powerkeyနှိပ်ချိန်မှဖြစ်ပေါ်လာသောအထွက်ရှော့ပိုင်းကိုဆက်လက်တင်ပေးမှာဖြစ်ပါတယ်ထိုသို့ သောshockများကိုပုံငဏ္ဍာန်အမျိုးမျိုါ်နဲ့တွေ့မြင်ကြရမှာဖြစ်ပါတယ်
အချို့သောဖုန်းများတွင်pk (power key )နှိပ်ချိန်တွင်Ampအဆမတန်ထောင်တက်သွားခြင်း
pmuထောင့်စွန်းပူလာခြင်း
စက်နိုးနေသော်လည်းAmpလိုအပ်တာထက်ပိုတက်နေခြင်းများစသဖြင့်ပုံသဏ္ဍာန်အမျိုးမျိုးနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်
out put shock အထွက်ရှော့များကိုနှစ်ပိုင်းခွဲခြားရှာဖွေပါမယ်
Coilလမ်းကြောင်းVREGSလမ်းကြောင်းshockနှင့်
componetများခံထွက်သွားသောVREGလမ်းကြောင်းshockဖြစ်ခွဲခြားလိုက်ပါမယ်
အထက်ပေါ်ပါshockမျိုးဖြစ်ပေါ်လာခဲ့ပါကပထမဦးစွာpmuအနီးရှိBuck coilခြေများအားမီတာအသံမြည်စကေးဖြင့်တဖတ်Gnချပြီးတိုင်းကြည့်ပါမယ်Coilအခြေများgnကျနေပါကထိုcoilအားဖြုတ်ပြီးကျန်ရှိခဲ့သောခဲpointလေးများအားGnထပ်ပြီးမီတာဖြင့်ခွဲခြားပါမယ်
ထိုသို့ ခွဲခြားရခြင်ူအကြောင်းမှာIc shockနှသ့်Way shockခွဲခြား၍Gnကျရာခဲစက်မှsupplyအား1.1ထိလျော့ချပြီးvoltစတင်ကျွေးရမှာဖြစ်ပါတယ်
ဒီနေရာမှာတခုလောက်ပြောချင်ပါတယ်တချို့သောသူများမှာအမြန်ရှာတွေ့စေရန်voltကိုလိုအပ်တာထက်ပိုကျွေးတက်ပါတယ်ဒါဟာမှားယွင်းသောလုပ်ဆောင်ချက်တခုပါ ဥပမာ1.1စီးဆင်းရာcoilလမ်းကြောင်းမှ2.8လောက်သွားကျွေးမိမယ်ဆိုရင်မလိုအပ်ပဲဘေးထွက်ဆိုးကျိုးအနေဖြင့်လမ်းကြောင်းပေါ်ရှိIcများကိုထိခိုက်နိုင်ပါတယ်
အထက်ဖော်ပြပါနည်းအတိုင်းcoilမှာ1.1ဖြင့်စတင်ရှာဖွေရင်းမှလိုအပ်ပါကအနည်းငယ်စီvolt၍ရှာဖွေရပါမယ်ထိုသို့ ဖြင့်ရှာဖွေနိုင်ပြီးတရားခံကိုတွေ့ရှိလာမှာဖြစ်ပါတယ်
coilလမ်းကြောင်းGnမကျပဲ
pmuပူလာခြင်းမျိုးAmpထောင်တက်လာခြင်းမျိုးဖြစ်ပေါ်လာခဲ့ပါကမီတာအသံမြည်စကေးဖြင့်pmuပတ်ချာဘည်ရှိတဖတ်Gnချထားသောfilter Cလေးများအားလိုက်လံတိုင်းတာ၍နှစ်ဘက်အသံမြည်Cကိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်ထိုCလေးအားဖြုတ်လိုက်ပါ သို့ သော်Shockဆက်လတ်ရှိသေးတယ်ဆိုလျှင်Cဖြုတ်ရာခဲpointလေးများကိုမီတာဖြင့်တိုင်းတာ၍နှစ်ဘက်လုံးအသံမြည်သေးတယ်ဆိုလျှင်shockကျန်ပါသေးတယ်ထိုအခါ voltလမ်းကြောင်းပေါ်ရှိခဲစကရာမှတဆင့်1.8စကျွေးပြီးလိုအပ်ပါကvoltတိုးကျွေးရှာဖွေသွားရမှာဖြစ်ပါတယ်
ဒီနေရာမှာတခုပြောချင်ပါတယ်
Gn ကျနေတဲ့FilterCကိုဖြုတ်ပြီးvoltလမ်းကြောင်းကနေvoltကျွေးဆိုတော့နှစ်ဘက်လုံးအသံမြည်နေတာဘယ်ဟာvoltလမ်းကြောင်းမှန်းခွဲခြားမရဘူးစောဒကတက်စရာရှိပ့ါတယ်
ခွဲခြားလို ရပါတယ် Org Gn ခဲစက်ကိုvoltထိလိုက်မယ်ဆိုရင်မီးခက်သွားပါမယ်
Voltလမ်းကြောင်းပေါ်မှShock Gnဆိုရင်တော့သိလောက်ပါပြီ
voltကျွေးချိန်Ampဒိုင်ခွက်လက်တံတက်ပုံကိုကြည့်၍လည်း
Org Gn
Shock Gn
ခွဲခြားနိုင်ပါတယ်ခင်မျာ
ထိုနောက်ပူရာcomponet (OR) ICတစ်နေရာရာကိုရှာတွေ့ပါလိမ့်မယ်
တခါတံAmpတက်ပြီးပူတဲ့နေရာရှာမတွေ့တာမျိုးကြုံရပါလိမ့်မယ်
ထိုအခါအပူကာကွယ်ပေးနိုင်သောပစ္စည်းများ
ဥပမာ
sensor
carema
touch
lcd
USB
စသည်များကိုအကုန်ဖြုတ်ပြီးစမ်းသပ်ပါ
သံဖုန်းမှန်သမျှအကုန်ခွါပါ
ဒါမှရှာမတွေ့တော့ရင်တော့ pmuလဲကြည့်မရရင်တော့
တူနဲ့သာထုတော့ဗျာ
မတွေ့သေးရင်ဆုံထဲထည့်ထောင်း
(ဆေးထိုးပြီ)
မီးလေးပိတ်ပေးပါ
ခနနေပြန်လာခဲ့ပါ့မယ်
ပြင်တဲ့အလုံးတိုင်းကောင်းပါစေ
#Min kha
နင်လားဟဲ့Hardware
ဟိုတနေ့ က မိုက်error လေးတစ်လုံး
ပြင်ရင်းနဲ့ မိုက်အကြောင်းသိသလောက်လေးရေးဖို့ 
ဆန္ဒပေါ်လာလို့  ဘီဂင်နာညီငယ်လေးတွေနားလည်
သဘောပေါက်အောင် မအားလပ်တဲ့ကြားက အပင်ပန်း
ခံပြီး ကိုယ်တိုင်ဒီဇိုင်းထိုင်ကာ တင်ပေးလိုက်ပါတယ် ။
ဒီလောကထဲကိုဝင်ရောက်လာတဲ့ ဘီဂင်နာညီငယ်လေး
တွေအတွက် အထောက်အကူဖြစ်တယ်ဆိုရင်ဖြင့်
ပင်ပန်းရကျိုးနပ်ပါတယ်ဗျာ ။
ဟိုးမော်ဒယ်အနိမ့်ကနေ အမြင့်အထိ တဖြေးဖြေးနဲ့
မိုက်ပုံစံအမျိုးမျိုး အဆင့်မြင့်လာတာ တွေ့မြင်ရပါတယ်။
တချို့မိုက်တွေကို PMU ကနေ မောင်းနှင်ပြီးအလုပ်လုပ်သလို တချို့ဖုန်းတွေမှာတော့
CPU ကနေ တိုက်ရိုက်အလုပ်လုပ်စေတာကို လေ့လာ
မှတ်သားခဲ့ဖူးပါတယ် ။
မိုက်အလုပ်လုပ်ဖို့ အတွက် မည်သည့်နေရာကနေ
ခိုင်းစေသည်ဖြစ်စေ AUDIO SIGINAL ဖြစ်သော
Mic Bias ကို သုံးထားတာခြင်းကတော့ အတူတူပါပဲ ။
မိုက်မရတဲ့ဖုန်းတစ်လုံးလာပြီဆိုပါစို့  ။
ဘယ်ကနေ စစစ်မလဲ ။
များသောအားဖြင့် ရေဝင်အလုံးတွေမှာ မိုက်error
ကြုံတွေ့ရတတ်ပါတယ် ။
ပထမဆုံး မိုက်ထဲရေဝင်ထားသလားကြည့်ပါ။
မိုက်နဲ့ Connection ရှိတဲ့ Conponent လေးတွေ
ရေချိုးတည်နေသလား ဆားပေါက်နေသလားစစ်ပါ။
တခါတရံမှာ မိုက်အပေါက်ထဲ ရွှံ့တွေပိတ်နေတဲ့အတွက် မိုက်အသံတိုးနေခြင်း
အသံလုံးဝမထွက်ခြင်းမျိုးလည်း ကြုံရတတ်ပါတယ် ။
မိုက်ကို ကာရံထားတဲ့ ရာဘာအတုံးလေးကြောင့်လည်း
မိုက်အသံတိုးနေတာကြုံဖူးပါတယ် ။
မိုက်အသစ်လဲတာတောင်မှ အသံမရရင်တော့ သက်ဆိုင်ရာ လမ်းကြောင်းတလျောက်စစ်ဆေးရမှာဖြစ်
ပြီး ကံဆိုးရင် CPU သို့ PMU ပါ ကိုင်ရတတ်ပါတယ်။
ဟုတ်ပြီ
လေးပင်မိုက်အစား နှစ်ပင်မိုက် အစားထိုးမယ်ဆိုပါစို့  ။
အနက်နှစ်စကိုတော့ Ground ချရတာလွယ်ကူပေမယ့်
VDD လမ်းကြောင်းနဲ့ OUTPUT လမ်းကြောင်းကြားထဲ
မှာ 4.7K သို့  5.6K သို့  10K ရှိတဲ့ Resistor တစ်လုံးကို ခံထားပေးမှသာလျှင် မိုက်အသံထွက်ပေါ်
လာစေမှာဖြစ်ပါတယ် ။
Resistor တန်ဖိုးတွေကွာနေရင်ဖြစ်နိုင်မလဲဆိုတော့
အသံအနိမ့်အမြင့် အတိုးအကျယ် လိုအပ်သလို ကစားပေးလို့ ရနိုင်ပါတယ် ။
ဒါကတော့ မိုက်နဲ့ပတ်သတ်ပြီး ကျွန်တော်နားလည်ထားသလောက် အနည်းအကျင်းပါ ။
အမှားပါခဲ့ရင်လည်း စေတနာအမှားသာဖြစ်ပါလိမ့်မယ်။
Be Successful
#crd. ဟတ်ဝဲလ် ကောင်းကင်