ဟိုတနေ့ က မိုက်error လေးတစ်လုံး
ပြင်ရင်းနဲ့ မိုက်အကြောင်းသိသလောက်လေးရေးဖို့ 
ဆန္ဒပေါ်လာလို့  ဘီဂင်နာညီငယ်လေးတွေနားလည်
သဘောပေါက်အောင် မအားလပ်တဲ့ကြားက အပင်ပန်း
ခံပြီး ကိုယ်တိုင်ဒီဇိုင်းထိုင်ကာ တင်ပေးလိုက်ပါတယ် ။
ဒီလောကထဲကိုဝင်ရောက်လာတဲ့ ဘီဂင်နာညီငယ်လေး
တွေအတွက် အထောက်အကူဖြစ်တယ်ဆိုရင်ဖြင့်
ပင်ပန်းရကျိုးနပ်ပါတယ်ဗျာ ။
ဟိုးမော်ဒယ်အနိမ့်ကနေ အမြင့်အထိ တဖြေးဖြေးနဲ့
မိုက်ပုံစံအမျိုးမျိုး အဆင့်မြင့်လာတာ တွေ့မြင်ရပါတယ်။
တချို့မိုက်တွေကို PMU ကနေ မောင်းနှင်ပြီးအလုပ်လုပ်သလို တချို့ဖုန်းတွေမှာတော့
CPU ကနေ တိုက်ရိုက်အလုပ်လုပ်စေတာကို လေ့လာ
မှတ်သားခဲ့ဖူးပါတယ် ။
မိုက်အလုပ်လုပ်ဖို့ အတွက် မည်သည့်နေရာကနေ
ခိုင်းစေသည်ဖြစ်စေ AUDIO SIGINAL ဖြစ်သော
Mic Bias ကို သုံးထားတာခြင်းကတော့ အတူတူပါပဲ ။
မိုက်မရတဲ့ဖုန်းတစ်လုံးလာပြီဆိုပါစို့  ။
ဘယ်ကနေ စစစ်မလဲ ။
များသောအားဖြင့် ရေဝင်အလုံးတွေမှာ မိုက်error
ကြုံတွေ့ရတတ်ပါတယ် ။
ပထမဆုံး မိုက်ထဲရေဝင်ထားသလားကြည့်ပါ။
မိုက်နဲ့ Connection ရှိတဲ့ Conponent လေးတွေ
ရေချိုးတည်နေသလား ဆားပေါက်နေသလားစစ်ပါ။
တခါတရံမှာ မိုက်အပေါက်ထဲ ရွှံ့တွေပိတ်နေတဲ့အတွက် မိုက်အသံတိုးနေခြင်း
အသံလုံးဝမထွက်ခြင်းမျိုးလည်း ကြုံရတတ်ပါတယ် ။
မိုက်ကို ကာရံထားတဲ့ ရာဘာအတုံးလေးကြောင့်လည်း
မိုက်အသံတိုးနေတာကြုံဖူးပါတယ် ။
မိုက်အသစ်လဲတာတောင်မှ အသံမရရင်တော့ သက်ဆိုင်ရာ လမ်းကြောင်းတလျောက်စစ်ဆေးရမှာဖြစ်
ပြီး ကံဆိုးရင် CPU သို့ PMU ပါ ကိုင်ရတတ်ပါတယ်။
ဟုတ်ပြီ
လေးပင်မိုက်အစား နှစ်ပင်မိုက် အစားထိုးမယ်ဆိုပါစို့  ။
အနက်နှစ်စကိုတော့ Ground ချရတာလွယ်ကူပေမယ့်
VDD လမ်းကြောင်းနဲ့ OUTPUT လမ်းကြောင်းကြားထဲ
မှာ 4.7K သို့  5.6K သို့  10K ရှိတဲ့ Resistor တစ်လုံးကို ခံထားပေးမှသာလျှင် မိုက်အသံထွက်ပေါ်
လာစေမှာဖြစ်ပါတယ် ။
Resistor တန်ဖိုးတွေကွာနေရင်ဖြစ်နိုင်မလဲဆိုတော့
အသံအနိမ့်အမြင့် အတိုးအကျယ် လိုအပ်သလို ကစားပေးလို့ ရနိုင်ပါတယ် ။
ဒါကတော့ မိုက်နဲ့ပတ်သတ်ပြီး ကျွန်တော်နားလည်ထားသလောက် အနည်းအကျင်းပါ ။
အမှားပါခဲ့ရင်လည်း စေတနာအမှားသာဖြစ်ပါလိမ့်မယ်။
Be Successful
#crd. ဟတ်ဝဲလ် ကောင်းကင်
No comments:
Post a Comment