Flag Counter


Pages

Sunday, November 12, 2017

software post9

Software Post 9

ဒီတစ်ခါတော့ Sp Flashtool မှာ ဖြစ်တက်တဲ့ Error Code တွေအကြောင်းရေးပေးလိုက်တယ်
*******************************************************************
Error 1002: S_INVALID_ARGUMENTS
********************************
ဒီ Error ကတော့ Scatter ကြောင့် ဖြစ်တာလို့ ပြောလို့ ရပါတယ် ။ Sp flashtool နဲ့ ခင်ဗျားတို့ Firmware ထဲက Scatter file မကိုက်လို့ ပါ ။ အဲ့ တော့  CPU တူတဲ့ Scatter file ကို ချိန်းကြည့် ယုံရင် အဆင်ပြေပါတယ်။ တကယ်လို့
အဆင်မပြေရင် SP Flashtool version ပြောင်းကြည့်ပါ။

Error 1012: BROM ERROR : S_NOT_ENOUGH_MEMORY(1012)
****************************************************
အဲဒီ error ကတော့ Miracle နဲ့ Backup ထုတ်ထားတဲ့ Firmware ကို Sp flashtool နဲ့ ပြန်တင်တဲ့ အခါမျိုးမှာ ဖြစ်တက်ပါတယ် ။ miracle နဲ့ပဲ ပြန်တင်ပေးလိုက်ပါ အဆင်ပြေပါလိမ့်မယ်။

Error 1003:S_COM_PORT_OPEN_FAIL (1003)
*****************************************
ဒီ error ကတော့ USB အပေါက်တွေ မကောင်းရင် ပြပါတယ် အပေါက် ပြောင်းထိုးပေါ့ဗျာ ။ Error 1013 : BROM ERROR : COM_PORT_OPEN FAIL နဲ့ အတူတူ ပါပဲ

Error :S_NOT_ENOUGH_STORAGE_SPACE(1011)
*****************************************
MEMORY မလောက် တဲ့ အခါ မျိုးတွေမှာ ဖြစ်တက်ပါတယ် ။ Flashtool နောက်ဆုံး Version ပြောင်းတင်ကြည့်ပါ မ၇ ရင် တော့ Miracle နဲ့ တင်လိုက်ပါ ။

Error 1022
**************
USB ကြိုးပြောင်းကြည့်ပါ  မရရင် Flashtool ပြောင်းတင်ပါ

S_FT_DOWNLOAD_FAIL (4008)
******************************
ဒီ Error ကတော့ Battery အားမရှိတာတို့ အားနည်းနေတာတို့ ဆိုရင် ဖြစ် တက်ပါတယ်။  အားသွင်းပြီးပြန်ရေးပါ ဒါမှမဟုတ်ရင် Battery ထုတ်ထားပြီး Vol- & vol + ကို ဖိ ပြီးတင်လို့လည်း ရပါတယ် ။ တချို့အလုံးတွေမှာတော့ Format
ချပြီးမှ တင်လို့ ရပါတယ် ။

ှS_FT_DOWNLOAD_FAIL (2004)
*********************************
ဒီError မှာ နှစ်မျိုး ရှိပါတယ် ။ အဓိက ကတော့ Secro ကြောင့်ဖြစ်တာလို့ ပြောလို့ရပါတယ်။ ရှင်းဖို့ဆိုရင်တော့ Secro boot ပါတဲ့ Sp flashtool Version  (SP_FkLASH_TOOL_exe_v3.1324.0.177_Secboot) ကို သုံးမှာပါ ။
နောက်ပိုင်းထွက်လာတဲ့ Y511 လို အလုံးတွေမှာ Ram test ကို စစ်ပြီးရေးမယ်ဆိုရင် အဆင်ပြေပါတယ်။ Ram Test စစ်မယ်ဆိုရင်တော့ sp flashtool နောက်ဆုံး version နဲ့ စစ်ပါ။

ှS_BROM_CMD_STARTCMD_FAIL (2005)
**************************************
ဒီ error ကတော့ Key မှားနှိပ်ရင်လဲ ဖြစ်တက်သလို Sp flashtool ကြောင့်လဲ ဖြစ်တက်ပါတယ် ။ ကြိုးလဲ ပြောင်းထိုးကြည့်ရပါမယ်။

ှS_DA_EMMC_NOT_FOUND (3144)
************************************
ဒီ error ကတော့ ဘာကြောင့် ဖြစ်ရသလဲဆိုတော့ CPU & EMMC တစ်ခုခု မကောင်းတော့ ရင် ပြတက်ပါတယ်

S_FT_DA_NO_RESPONSE(4001)
********************************
Computer က Usb port ပြောင်းထိုးကြည့်ပါ။ Emmc မကောင်းရင်လဲ ဖြစ်တက်ပါတယ်။

S_FT_ENABLE_DRAM_FAIL(4032)
************************************
ဒီ error မှာတော့ နှစ်မျိုးရှိပါတယ် ။ Emmc မကောင်းရင်လဲ ဖြစ်တက်သလို Sp flashtool ကြောင့်လဲ ဖြစ်တက်ပါတယ်၊ တချို့ အလုံးတွေမှာဆိုရင် တော့ Preloader.bin လေးကိုပြောင်းရေးရင် ရပါတယ်။ Box တစ်ခုခုနဲ့
read လို့ ရတယ် ဆိုရင် တော့ Flashtool နဲ့ Preloader ကို သာ Change ကြည့်ပါ ။

BROM ERROR S_DL_GET_DRAM_SETTING_FAIL (5054)
**********************************************
ဒါကတော့ flashtool error ပါပဲ နောက်ဆုံး version ပြောင်းသုံးလိုက်ပါ

S_DL_PMT_ERR_SPACE(5069)
********************************
ဒီError တက်ရတဲ့ အကြောင်းကတော့ phone မှာ ပါတဲ့ partition နဲ့ ကိုတင်မဲ့ ROM က Size ကြီးနေလို့  ဖြစ်တာလို့ ပြောလို့ရပါတယ်။ Firmware Change ကြည့်ပါ ။ Flashtool လဲ ပြောင်းကြည့်သင့်ပါတယ်။

BROM ERROR:S_SECURITY_SF_CODE_COMMAND_FORBIDDEN (6012), MSP ERROR CODE:0x00
**********************************************************************************
ဒီ error ကတော့ နည်းနည်း ဆန်းတယ်ပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ သူက Download Angent မှားတဲ့ အခါ မှာ ဖြစ်တက်တာပါ။ Scatter ရွေးတဲ့ အပေါ်မှာ Download Angent လေးရှိပါတယ်။ တော်တော် များမျာကတော့
MTK All in one .bin ကို ထားတက်ပါတယ် ။ အဲ့နေရာမှာ တခြား DA file တွေကိုလည်းပြောင်းထည့်ကြည့်ပေးပါ ။ flashtool ကို လည်း နောက်ဆုံး version သုံးပေးလိုက်ပါ ။

Error 8038
*************
ဒီ error တက်ရင် ရှင်းဖို့က 8038 error fix Flashtool ရှိပါတယ်

PMT Change Error
************************
Flashtool Version အမြင့် သုံးပြီး  Format all + Download နဲ့  ကစ် ပေးလိုက်ပါ ။

ဒီလောက်ဆိုရင် flashtool error တော်တော်များများကုန်သလောက်ဖြစ်သွားပါပြီ။ နောက်ထပ်တွေ့သေးရင် ဆက်တင်ပေးပါမယ်။ ကျနော့် မန်ဘာအားလုံးလည်း  Flahtool Error များကို ရှင်းနိုင်ကျပါစေ။

No comments:

Post a Comment