Flag Counter


Pages

Tuesday, November 14, 2017

READING SCHEMATIC1

#ReadindSchematic 1

မင်္ဂလာပါ
      Diagram လေးကို စလေ့လာကြတာပေါ့ Diagram ဆိုမှတော့ ထုံးစံအတိုင်းပဲ ပါဝါပိုင်း( AP SCHEMATIC ) နဲ့ Network ပိုင်း ( BB SCHEMATIC ) ဆိုပြီးတွေ့ရပါမယ် ပါဝါပိုင်းမှာတော့ ( PMU , CPU , EMMC , Charging , LCD , Touch ,etc ) စသဖြင့် ပါဝင်ပါမယ် Network ပိုင်းမှာတော့ ( RF front end , Transceiver ,WIFI , Bluetooth,etc.) စသဖြင့် ပါဝင်ပါမယ် အခုကျွန်တော် ပြောမှာကတော့ ပါဝါနိုးခြင်းအကြောင်းပါ ဖုန်းတစ်လုံး ပါဝါလာဖို့ လိုအပ်တဲ့ ဗို့ထွက်တွေကို Power ON Sequence တွေက ပြောပြပါတယ် ကျွန်တော်တို့ ဘက်ထရီတပ် ပါဝါခလုတ် နှိပ်လိုက်သည်မှစပြီး UI ( User Interface )ရောက်သည်အထိ PMU မှ ထုတ်ပေးတဲ့ ဗို့လမ်းကြောင်းတွေကို ဖော်ပြထားပါတယ် အဲ့တော့ ကျွန်တ်ာက Power ON Sequence ကို အနည်းငယ် ရှင်းပြပါမယ် အဲ့တော့ ကျွန်တော်တို့ ဖုန်းက ဘက်ထရီ တပ်ထားပြီဆိုပါစို့ ဒါဆိုရင် ဘက်ထရီက ဗို့အားကို ပါဝါအိုင်စီမှ ရယူပြီး ပါဝါကီး ကို ဗို့ထုတ်ပေးပါတယ် ကျွန်တော်တို့ ပါဝါ ခလုတ်ကို စနှိပ်လိုက်တာနဲ့ ပါဝါအိုင်စီမှ သူ့ထဲမှာ ထည့်သွင်းတည်ဆောက်ထားတဲ့ FET လေးကို Switch လုပ်ပါတယ် FET တွေကို Protection အနေနဲ့သာမက Switch တစ်ခုအနေနဲ့ပါ ဖုန်းတွေမှာ အသုံးပြုထားပါတယ် ကျွန်တော်တို့ C8813 တို့လို ဖုန်းတွေမှာတော့ FET ကို အပြင်မှာ တပ်ဆင်ပါတယ် အခု ကျွန်တော်တို့ လေ့လာမဲ့ G610-U00 Diagram မှာ တော့VBAT လမ်းကြောင်းကနေပဲ ပါဝါအိုင်စီကို 3.7v တန်းဝင်ထားပါတယ်။ဟုတ်ကဲ့အဲ့တာဆို စက်တစ်လုံးနိုးစေမဲ့ သေခြာအောင်အခုကျွန်တော်သင်ပေးမဲ့ MT6320 နိုးစေမဲ့ Power On/Off sequence. ကိုအောက်မှာ ရေးပြထားပါမယ်။ အဲ့တာလေးတွေတော့ တတ်နိုင်ရင်အလွတ်ကျက်အသေမှတ်ပေါ့။ ဒီ MT6320 အတွက်ကိုပြောတာနော်  :D
1.VBAT
2.DDLO
3.UNLO
4.PowerKey
5.BBWakeup
6.VRTC
7.VCORE *
8.VIO18*
9.VA/VA28/VIO28*
10.VAST*
11.VPROC*
12.VM*
13.VUSB/VEMC3V3*
14.VMC/VMCH*
15.VTCXO*
16.RESETTB*
စသည်ဖြင့် ပါဝါကီးစနှိပ်တာနဲ့အလုပ်လုပ်ရမဲ့အပိုင်းလေးတွေပေါ့။အဲ့တာကိုပါဝါ On/Off sequence ဆိုပြီးခေါ်ပါတယ်။ လောဆယ်တော့ ဒါတွေသိအုန်းမှာမဟုတ်သေးဘူးပေါ့ ။ အဲ့ဒါတွေကို ကျွန်တော်ပိုစ့် တစ်ခုခြင်းဆီရေးတင်ပေးမှာပါ။ ဥပမာ VPROC ဆိုဘာအလုပ်လုပ်တယ် ဗို့ဘယ်လောက်ထွက်ရမယ် ဘယ်ထဲပေးသွင်းတယ်ဆိုတာ ပုံလေးတွေနဲ့ရှင်းပြပေးမှာပါ။ ဟာခများ MT6320 ကြီးက ဒီခေါတ်သိပ်မသုံးတော့ပါဘူးဗျာ။ဟုတ် ကျွန်တော် ညီကိုတို့ကိုသိသေချင်တာ Readind Schematic ပါ ကျန်တာကွကိုစဉ်းစားကြပေါ့။

အောင်မြင်ကြပါစေ။
#sayar N.N.T

No comments:

Post a Comment