ဆရာစိုးမြတ်သူရေးသားချက်မှဖော်ပြပါသည်။ဆရာ့အားထာဝရဦးထိပ်ထားလျက်
Diodeအပိုင်း(၁)
Diode Diode တွင် Anode (+) နှင့် Kathode (Cathode -) ငုတ်နှစ်ငုတ် ပါသည်။ Kathode ဘက်တွင် မရစ်အမှတ်အသား ထည့်သွင်းပေးထားသည်။ Diode သည် DC လျှပ်စီးကြောင်းကို တဖက်ထဲသို့သာ စီးဆင်းခွင့်ပြုသည်။ DC လျှပ်စီးကြောင်းကို ရှေ့သို့ (forward) သာစီးဆင်းစေပြီး နောက်ပြန် (reverse) စီးဆင်းခွင့်မပြုပါ။ Diode ၏ ဦးတည်ရာဘက်အတိုင်းသာ DC ကို ဖြတ်စီးခွင့်ပြုသည်။ Anode တွင် Aပေါင်းဗို့ (+) ပေးသွင်းပါက Diode ကိုဖြတ်ပြီးလျှပ်စီးကြောင်းကို စီးဆင်းသည်။ Kathode တွင် အနုတ်ဗို့ (-) ပေးသွင်းပါက Diode ကိုဖြတ်ပြီးလျှပ်စီးကြောင်းကို စီးဆင်းသည်။ Diode ကို AC ပေးသွင်းပါက ပေးသွင်းသည့်ငုတ်အတိုင်း DC ပြန်ထွက်သည်။ Anode (+) ဘက်တွင် ပေးသွင်းပါက DC +V ထွက်ပြီး Kathode ဘက်တွင်ပေးသွင်းပါက DC –V ပြန်ထွက်သည်။ ဖုန်းအတွင်းတွင် Diode များကို အကြမ်းအားဖြင့် အောက်ပါအတိုင်း တွေ့နိုင်သည်။
1-Protector Diode
2-Schottky Diode or High Voltage Diode
3-Zener Diode
4-Light Emitting Diode(LED)
5-photo diode
6-TVS Diode
ထိုအချက်များကိုနောက်အပိုင်းတွင်ဆက်လက်ရှင်းပြပြီးတိုင်းနည်းနောက်ဆုံးမှပြသပေးပါမည်။
သင်ဆရာမြင်ဆရာများကိုထာဝရလေးစားလျက်
#Crd.paing soe oo
Tuesday, February 14, 2017
Diode အပိုင်း ၁
Subscribe to:
Post Comments (Atom)
No comments:
Post a Comment