Flag Counter


Pages

Friday, February 3, 2017

J2 Prime SM-G532G Frp Lock

J2 Prime SM-G532G Frp Lock
ကျော်နည်း

ဤ Post ၏မူလပိုင်ရှင် Ko Phyo Chan ကိုCredit ပေးပါတယ်။

ဒီ Model ကတော့ Internet Browser ပါဝင်လာခြင်းမရှိတဲ့အတွက်

နည်းနည်းလေးတိုင်ပတ်တယ်ပေါ့

ဒါဆိုရင် ဒီနည်းအတိုင်းလုပ်လိုက်ပါ

Frp Lock Remove လုပ်နိုင်ပါတယ်။

အသေးစိက်ပုံလေးတွေနဲ့ကြည့်ချင်သူများ

Website ထဲဝင်လေ့လာနိုင်ပါတယ်။

ပထမဆုံး sdcard ထဲမှာ အောက်မှာပေးထားတဲ့ Software နှစ်ခုကို Download ဆွဲပြီးထည့်ပေးပါ။

Google Account Manager

Quick Shortcut Marker

Gmail တောင်းတဲ့နေရာအထိသွားလိုက်ပါ

ပြီးရင် Home Button ကို သုံးချက်နှိပ်လိုက်ပါ။ TalkBack Enable ဖြစ်သွားပါလိမ့်မယ်။

TalkBack Enable ဖြစ်သွားတာနဲ့တစ်ပြိုင်နက် ဖုန်းမှာ English လို စကားသံတွေအများကြီး

ပြောသံတွေထွက်လာလိမ့်မယ် ပြီးတဲ့အထိစောင့်ပေးပါ

ပြီးရင် ဖုန်းမျက်နှာပြင်ကို တစ်ချက် ပွတ်ဆွဲလိုက်ပါ။

အပေါ်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်. မပေါ်မခြင်း ဖြည်းဖြည်းလုပ်ကြည့်ပါ။

ပြီးရင် Text to speech Settings ကို ရွေးလိုက်ပါ။

သုံးချက်လောက် နှိပ်ရပါလိမ့်မယ်။

Text to Speech Settings ထဲရောက်သွားပါလိမ့်မယ်။

ပြီးရင် Home Button ကို သုံးချက်နှိပ်လိုက်ပါ

ဒါဆိုရင် Talk Back ပိတ်သွားပါလိမ့်မယ်။

ပြီးရင် အပေါ်ဆုံးက Talk-to-speech settings  ဘေးက မြှားလေးကို နှိပ်လိုက်ပါ။

Language and Input ဘေးက မြှားကို နှိပ်လိုက်ပါ။

Settings ထဲရောက်သွားပါလိမ့်မယ်။

ပြီးရင် Device Maintenance ကို ရွေးလိုက်ပါ

အပေါ်ကပုံအတိုင်းပေါ်လာရင် Storage ပုံလေးကို နှိပ်လိုက်ပါ။

ပြီးရင် အပေါ်နားက အစက်လေး သုံးစက်ကို နှိပ်လိုက်ပါ။

Storage Settings ပေါ်လာပါလိမ့်မယ်

အောက်လေးကို ဆွဲချပြီး Explore ကို နှိပ်လိုက်ပါ။

ဒါဆိုရင် File Manager ထဲရောက်သွားပါလိမ့်မယ်

My Device ဘေးက My File ကို နှိပ်လိုက်ပါ။

SDCARD ဆိုတာလေးကို ရွေးပေးလိုက်ပါ။

SDCARD မှာထဲရှိနေတဲ့ဖိုင်တွေကို ပြပါလိမ့်မယ်။

Google Account Manager ကို အရင်သွင်းပါ

ပြီးရင် Quick Short Cut Marker ကို သွင်းပါ။

ပြီးရင် Quick Short Cut Marker မှာ google ဆိုပြီး ရှာပါ။

Google Account Manager ထဲက Type Email & password ဆိုတာကိုနှိပ်လိုက်ပါ။

ပြီးရင် Try ကို နှိပ်ပါ။

အပေါ်က အစက်လေးနှစ်စက်မှာ Browser Sign-In ၀င်ပါ။

မိမိ Gmail တစ်ခုခုထည့်ပေးလိုက်ပါ။

ပြီးရင် ရိုးရိုး Restart ချလိုက်ပါ။ Setup Wizard  ကို ကျော်လိုက်ပါ။

Home Screen ရောက်ပါပြီ။ Settings ထဲကိုဝင်ပါ

About Phone မှာ Build Number 7ချက်နှိပ်ပြီး

Developer Option ဖွင့်ပါ

Oem Unlock ကို အမှန်ခြစ်ပါ.

ပြီးရင် Factory Reset ချလိုက်ရင် Frp အရှင်းပြုတ်ပါပြီ။

ရေးသားသူ ဖြိုးချမ်း

SuperPower Mobile Service-Hinthada

No comments:

Post a Comment