For Beginners
One Click Block0 Backup Tool
လေးလက်ဆောင်ပေးမယ်
ဘာတွေအသုံးဝင်လဲဆိုရင် ဘယ်ဖုန်းမဆို
ဘာCPU သုံးထားလဲစစ်လို့ရမယ်
Block0 Backup ထုတ်တဲ့အခါ လိုအပ်မယ့်
Busybox apk oneclick သွင်းလို့ရမယ်
ဘာcommand မှရိုက်စရာမလိုပဲ Block0
Backup ထုတ်လို့ရမယ် သုံးနည်းကလဲ လွယ်တယ်
ဒေါင်းလို့ရလာတဲ့ rarလေးကို zipဖြည်လိုက်
ထွက်လာတဲ့ folder လေးကို desktop ပေါ်မှာထားပါ
ဖုန်းကို root လုပ်ထား Adb debugging onထား
ပြီးရင်ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပြီး tool လေးကို run
လိုက်။ Deviceသိပြီဆိုရင် သုံးလို့ရပြီ။ cpu info
စစ်ချင်ရင် 1ကိုနှိပ် Busyboxသွင်းချင်ရင် 2ကိုနှိပ်
ဖုန်းထဲbusyboxရောက်သွားရင်တော့ဖွင့်ပေးပြီး
Installလုပ်တာပြီးအောင်စောင့်ပြီးမှ 3ကိုနှိပ်ပြီး backup
လုပ်ပါပြီးရင်zipဖြည်ထားတဲ့ဖိုင်ထဲမှာBackupbinလေးကရောက်လာလိမ့်မယ်။ toolမှာနောက်ထပ်ကီးတစ်ခုမနှိပ်ခိုင်းမချင်းဒီအတိုင်းစောင့်ပေးနေလိုက်ပါ။စာတန်းလေးပေါ်လာရင်ကြိုက်တဲ့ကီးကိုနှိပ်ပြီး4ကိုနှိပ်ပြီးထွက်လို့ရပါပြီ။
Phoneပေါ်မှာသိမ်းရတာတော့ SDမှာသိမ်းမလား Internalထဲသိမ်းမလားတို့commandမှာsd0ဆိုပေမယ့် 1ထဲရောက်သွားတာတို့နဲ့နည်းနည်းအာရုံနောက်
တာပေါ့ ခုတော့ဒီဒုက္ခလဲ ကင်းဝေးပြီသာမှတ်ပါ
Password= kolinn1234
(Qualcomm Only, Need Root Access)
http://shink.in/Q8T5s
Crd.#
Wednesday, February 22, 2017
Qualcomn backup block 0 tool
Monday, February 20, 2017
Hardware post
Hardware Lesson
PMU များအကြောင်း (PM8029)
=======================
8029 ၇ဲ့ အထွက်လမ်းကြောင်းလေးတွေပါ။
(1 ) S1 လမ်းကြောင်းက 1.1v 1.2A ၇ှိပြီးCPU အိုင်စီရဲ့ အဓိကလမ်းကြောင်းတွေဖြစ်တဲ့ c1 လမ်းကြောင်းများကိုပို့ ပေးထားပါတယ်။
(2) S2 လမ်းကြောင်းက 1.1v 1.2A ရှိပြီး CPU အိုင်စီရဲ့ကျန်ရှိနေသေးတဲ့ c2 လမ်းကြောင်းတွေကိုပို့ ပေးပါတယ်။
(3) S3 လမ်းကြောင်းက 1.8v 800mA ရှိပြီး CPU, eMMc,sensor,bluetooth,display,LP DDR1 အစရှိတဲ့ အိုင်စီတော်တော်များများကိုပို့ ပေးထားပါတယ်။
(4) S4 လမ်းကြောင်းက 2.35v 80mA ရှိပြီး Network ပိုင်းကိုသီးသန့် ပေးထားပါတယ်။
(L1) 2.1v 300mA to RF TX
(L2) 2.1v 300mA to RF RX
(L3) 1.1v 150mA to CPU (DSI)
(L4) 1.1v 150mA to CPU (PLL)
(L5) 1.2v 150mA to wireless circuit
(L6) ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
(L7) 2.6v 300mA to CPU (TX DAC)
(L8) 2.85v 50mA to TCXO
(L9) 1.8v 150mA to CPU ( CSI,PLL,USB)
(L10) 3.0v 150mA (EMMC) ဒီလိုင်းကိုတော့တိုက်ရိုက်မသုံးပဲ dc to dc ကနေ တဆင့်သုံးထားတာပါ။
(L11) 2.85v 150mA to CPU
(L12) 2.85v 300mA to CPU,LCD,SENSORS.TOUCH
(L13) 2.8v 300mA to SD Card.
(L14) 3.0v 150mA to CPU.
(L15) 1.8v/2.8V 150mA to SIM 1.
(L16) ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ SIM 2.
(L17) 3.0V v 300mA to CAMERA.
(L18) 2.7v 150mA to RTR.
(L19) 1.8v 150mA to WLAN,
တို့ပဲဖြစ်ပါတယ်။
Credit ဆရာကိုကိုအောင်
Tuesday, February 14, 2017
Diode အပိုင်း (၂)
Diodeအပိုင်း(2)
1.Protector Diode လျှပ်စီးကြောင်းကို တဖက်ထဲသို့သာ စီးဆင်းစေသောကြောင့် အမှားခံအဖြစ် အသုံးပြုတတ်သည်။ ဘက်ထရီအဝင်လမ်းကြောင်း၊ အားသွင်းလမ်းကြောင်းများတွင် အသုံးများသည်။ Diagram ပုံတွင် D1605 ဖြင့်ဖေါ်ပြထားပြီး Block တွင် အနီရောင်ဖြင့် ဝိုင်းပြထားသည်
#Crd. Paing Soe Oo
Diode အပိုင်း ၁
ဆရာစိုးမြတ်သူရေးသားချက်မှဖော်ပြပါသည်။ဆရာ့အားထာဝရဦးထိပ်ထားလျက်
Diodeအပိုင်း(၁)
Diode Diode တွင် Anode (+) နှင့် Kathode (Cathode -) ငုတ်နှစ်ငုတ် ပါသည်။ Kathode ဘက်တွင် မရစ်အမှတ်အသား ထည့်သွင်းပေးထားသည်။ Diode သည် DC လျှပ်စီးကြောင်းကို တဖက်ထဲသို့သာ စီးဆင်းခွင့်ပြုသည်။ DC လျှပ်စီးကြောင်းကို ရှေ့သို့ (forward) သာစီးဆင်းစေပြီး နောက်ပြန် (reverse) စီးဆင်းခွင့်မပြုပါ။ Diode ၏ ဦးတည်ရာဘက်အတိုင်းသာ DC ကို ဖြတ်စီးခွင့်ပြုသည်။ Anode တွင် Aပေါင်းဗို့ (+) ပေးသွင်းပါက Diode ကိုဖြတ်ပြီးလျှပ်စီးကြောင်းကို စီးဆင်းသည်။ Kathode တွင် အနုတ်ဗို့ (-) ပေးသွင်းပါက Diode ကိုဖြတ်ပြီးလျှပ်စီးကြောင်းကို စီးဆင်းသည်။ Diode ကို AC ပေးသွင်းပါက ပေးသွင်းသည့်ငုတ်အတိုင်း DC ပြန်ထွက်သည်။ Anode (+) ဘက်တွင် ပေးသွင်းပါက DC +V ထွက်ပြီး Kathode ဘက်တွင်ပေးသွင်းပါက DC –V ပြန်ထွက်သည်။ ဖုန်းအတွင်းတွင် Diode များကို အကြမ်းအားဖြင့် အောက်ပါအတိုင်း တွေ့နိုင်သည်။
1-Protector Diode
2-Schottky Diode or High Voltage Diode
3-Zener Diode
4-Light Emitting Diode(LED)
5-photo diode
6-TVS Diode
ထိုအချက်များကိုနောက်အပိုင်းတွင်ဆက်လက်ရှင်းပြပြီးတိုင်းနည်းနောက်ဆုံးမှပြသပေးပါမည်။
သင်ဆရာမြင်ဆရာများကိုထာဝရလေးစားလျက်
#Crd.paing soe oo
Proximity Sensor (P Sensor)
Proximity Sensor (P Sensor) လေးအကြောင်းပါ . . .
ဖုန်းထဲမှာ P Sensor ကို နားကြားစပီကာ (Ear Speaker) နားမှာ တပ်ဆင်ထားပါတယ်။
P Sensor အကြောင်း လေ့လာကြည့်ရအောင်
P Sensor ရဲ့ အလုပ်က အနီးအနားက အရာဝတ္ထုတွေကို အာရုံခံတာပါ
ရေဒါရဲ့ အခြေခံဖြစ်တဲ့ လင်းနို့တွေရဲ့ အသံလှိုင်းထုတ်လွှတ်ပြီး တုန့်ပြန်သံအာရုံခံခြင်းနဲ့ အတူတူပါပဲ
P Sensor ထဲမှာ အပိုင်းနှစ်ပိုင်း ပါတယ်ဗျ
အနီအောက်ရောင်ခြည် (Infrared Ray) ထုတ်လွှတ်ပေးတဲ့ LED အပိုင်းနဲ့
အနီအောက်ရောင်ခြည်ကို ပြန်လည်လက်ခံတဲ့ အလင်းရောင်အာရုံခံဒိုင်အုတ် (Photo Diode) တို့ပါ
Remote Control တွေမှာ အသုံးပြုတဲ့ Infrared Ray LED ကို အသုံးပြုပြီး
ပတ်ဝန်းကျင်ကို အနီအောက်ရောင်ခြည် ထုတ်လွှတ်မယ်
အနီးအနားမှာ အရာဝတ္ထုမရှိရင် အနီအောက်ရောင်ခြည် ပြန်မလာတော့ဘူး
ရှိနေရင်တော့ အနီအောက်ရောင်ခြည် ပြန်လာမယ်
ပြန်လာတဲ့ အနီအောက်ရောင်ခြည်ကို Photo Diode က လက်ခံယူမယ်
အဲဒါဆို Photo Diode အကြောင်းလဲ ပြောရမယ်ဗျ
Photo Diode နဲ့ LED တို့က အလုပ်လုပ်ပုံ ပြောင်းပြန်ပါ
LED (Light Emitting Diode) လို့ခေါ်တဲ့ အလင်းလွှတ်မီးသီးဆိုတာ
သူ့ကို လျှပ်စီးကြောင်းပေးလိုက်ရင် အလင်းရောင် ပြန်ထုတ်ပေးတယ်
ပေးတဲ့ လျှပ်စီးကြောင်း အနည်းအများကို မူတည်ပြီး LED လင်းမယ်
Photo Diode ဆိုတာ သူ့ပေါ်ကို အလင်းရောင်ကျလာရင် လျှပ်စီးကြောင်း ပြန်ထုတ်ပေးမယ်
အလင်းရောင်အပေါ်မူတည်ပြီး လျှပ်စီးကြောင်း အနည်းအများ ကွာခြားမယ်
ဖုန်းခေါ်တဲ့အချိန်မှာပဲ P Sensor စပြီး အလုပ်လုပ်ပါတယ်
Infrared Ray ကို စတင်ထုတ်ပေးပြီး Photo Diode က စောင့်ကြည့်တယ်
ဖုန်းပြောတဲ့အချိန် ဖုန်းကို နားမှာကပ်လိုက်ရင်
ear speaker အနီးက P Sensor နဲ့ နားနဲ့ ကပ်သွားမယ်
အဲဒါဆို Infrared Ray က Photo Diode ဆီကို ပြန်ရောက်လာတဲ့အတွက်
Photo Diode အလုပ်လုပ်ပြီး CPU ကို သတင်းပြန်ပို့မယ်
Touch ကို နားနဲ့ထိနေတဲ့အတွက် Touch ရဲ့လုပ်ငန်းစဉ်တွေ မူမမှန်နိုင်တော့ဘူး
Display ကို မမြင်ရတဲ့အတွက် Dispaly ကို ဖွင့်ပေးထားဖို့ မလိုတော့ဘူး
အဲဒါကြောင့် CPU က Touch ရဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်ခိုင်းပြီး Display ကိုလဲ အပိတ်ခိုင်းမယ်
ဖုန်းကို နားနဲ့ ပြန်ခွါလိုက်ရင် Photo Diode မှာ Infrared Ray ပြန်မရောက်တော့လို့
Touch ကို အလုပ်လုပ်ခိုင်းပြီး Display ကို ပြန်ဖွင့်ခိုင်းမယ်
ဒါ Proximity Sensor ရဲ့ လုပ်ငန်းစဉ်ပါပဲ
P Sensor ကို VBAT (Battery Volt) တိုက်ရိုက်ပေးထားတဲ့အတွက်
ရေဝင်ပြီး ရှော့ဖြစ်တဲ့အခါ ဖုန်းလဲ အသုံးပြုလို့ မရတော့ပါဘူး
P Sensor ကို CPU နဲ့ တိုက်ရိုက်ချိတ်ဆက် သတင်းပို့ပေးရပါတယ်
Data Clock လမ်းကြောင်းတွေနဲ့ပါ P Sensor ကို CPU detect သိအောင်
EINT လမ်းကြောင်းနဲ့ သတင်းပို့ပေးရပါတယ်
P Sensor ရဲ့ error ကြောင့် Display ပိုင်းကို သိပ်မထိခိုက်စေပေမယ့်
Touch ပိုင်းကိုတော့ ဒုက္ခပေးတတ်ပါတယ်
P Sensor ကြောင့် Touch ဆွဲမရတာမျိုးကိုလဲ မကြာခဏ ကြုံရတတ်ပါတယ်
အဖြစ်များတာကတော့
ဖုန်းဝင်လာရင် Display မှောင်သွားတာပါ
တဖက်က ဖုန်းချလိုက်မှ Display ပြန်လင်းလာပြီး Touch ကိုပါ အသုံးပြုလို့ရပါတယ်
P Sensor ကို ဖြုတ်ပစ်လိုက်ရင် ဖုန်းပြောရင်း ဖုန်းကို နားမှာကပ်လိုက်တဲ့အခါ
Display ပိတ်မပေးတော့ပါဘူး
#mobile hardware training
Monday, February 13, 2017
MTK FIRMWARE BACKUP
MTK Firmware Backup
MTK device တွေကို firmware backup ထုတ်ယူနည်းလေးပါ...China Clone တွေလို
ဖန်းဝဲရှာရခက်တဲ့ကောင်တွေအတွက် မော်ဒယ်တူ အလုံးကနေ ဖန်းဝဲ BK ယူထားတော့ အဆင်ပြေတာပေါ့...BK ယူတဲ့အခါ Virus ကိုက်နေတဲ့ကောင်တွေ System error တက်နေတဲ့ကောင်တွေဆီကတော့ မယူနဲ့ပေါ့...ကျွန်တော်ကတော့ စမ်းသပ်ပြီးသားပါ...Your Own Risk ပေါ့...Root မလိုပါဘူး...OK စလိုက်ကြရအောင်....
ပုံ(1).အရင်ဦးဆုံး MTK DroidTool ကိုဖွင့်ပြီး Backupထုတ်မယ့် ဖုန်းကို Normal mode နဲ့ကြိုးထိုးပါ..Driver ကိစ္စတော့ မပြောတော့ဘူး..ဖုန်းနဲ့ချိတ်သွားရင် Blocks Map
ကိုနှိပ်လိုက်ပါ...
ပုံ(2).ပေါ်လာတဲ့ Block Info box မှာ Create scatter file ကိုနှိပ်ပြီး ပုံ(3).အတိုင်း save ပေးလိုက်ပါ
ပုံ(4).SP Flashtool ကိုဖွင့်ပြီး Scatter-loading ကိုနှိပ်ပြီး ခုနက save ထားတဲ့ scatter file ကိုထည့်ပေးလိုက်ပါ..
ပုံ(5).Readback ကိုသွားပြီး Add ဆိုတာကိုနှိပ်လိုက်ရင် အောက်မှာ ROM_0 ဆိုတာလေးပေါ်လာရင် အဲ့ဒီစာကြောင်းကို Double tab ခေါက်လိုက်ပါ...save ရမယ့်နေရာလေးရွေးခိုင်းရင် လုပ်ပေးလိုက်ပါ..
ပုံ(6).save လိုက်တာနဲ့ Redback block start address box လေးတန်းပေါ်လာပါလိမ့်မယ်..ပုံထဲမှာ ယှဉ်ပြထားတဲ့အတိုင်း ကိုယ်save ခဲ့တဲ့ scatter file ကို
Notepad++ နဲ့ edit လုပ်ဖွင့်ပြီး Line no.24 မှာရှိတဲ့
Linear start addr: 0x0 ဆိုတဲ့ စာသားထဲက 0x0 ကိုမှတ်ပြီး Readback block start address box
ထဲက Start Address နေရာမှာ အဲ့ဒီအတိုင်း 0x0 လို့
စမှတ်ပေးလိုက်ပါ...
ပုံ(7).Notepad ရဲ့အောက်ဆုံးထိဆင်းလိုက်ပါ...အောက်ဆုံးရဲ့အပေါ်က Linear start addr: ********* ကိုမှတ်ပြီး address box မှာ တူအောင်ဖြည့်ပေးလိုက်ပါ..အဲ့ဒီ partition က is download: true ဖြစ်ဖို့လည်း လိုသေးတယ်...
ပုံ(8).SP Flashtool ရဲ့ Read Back လေးကိုနှိပ်ထားပြီးရင် MTK Droid tool ကနေ Reboot ချပေးလိုက်ပါ...
ပုံ(9).ဖုန်းလည်း reboot ကျသွားပြီး Logo ပြန်မတက်လာတော့ပဲ flash mode ထဲ auto ဝင်သွားပါလိမ့်မယ်..Device သိရင် SP Flashtool မှာလည်း Readback စတင်နေပါလိမ့်မယ်...
ပုံ(10).ပြီးသွားရင် ဖုန်းကို ပါဝါဖွင့်ပြီး MTK Droid tool
နဲ့ပြန်ချိတ်ပေးပါ...root,backup,recovery ကိုသွားပြီး
To process file ROM_from Flash Tool ကိုနှိပ်ပေးလိုက်ရင် ခုနတုန်းက SP flashtool ကနေ backup ယူထားတဲ့ ROM_0 ကိုထည့်ခိုင်းပါလိမ့်မယ်..
ပုံ(11).စပြီလေ...flashtool နဲ့တင်လို့ရမယ့် firmware
ဖြစ်အောင် ပြင်နေပါပြီ.ပုံ(12).task is complete ဆိုရင် ပြီးဆုံးသွားပါပြီ..ပုံ(13).ဖန်းဝဲဖိုင်ကိုတော့ MTK Droid tool folder ရဲ့ backups ထဲမှာ ရှာကြည့်ကြပေါ့..အဲ့ဒီအတိုင်း တခါတည်းတင်လို့ အဆင်မပြေတတ်ပါဘူး..ပြေတဲ့အခါလည်း ပြေမပေါ့...မပြေရင် ဒီလိုလုပ်..
G730 နဲ့စမ်းပြထားတာ...
ပုံ(14).မလိုတဲ့ဖိုင်တွေဖျက်ပလိုက်...factory_Nonmodified recovery ဖိုင်ကို recovery.img.လို့ပြောင်း ကျန်recovery တွေမလိုပါ..
UBoot.bin ဖိုင်ကိုတော့ lk.bin အဖြစ်ပြောင်းပေးလိုက်
#CRD.
Firmware ရေးနည်းတချို့
တစ်ချို့
Qualcomm clone ဖုန်းတွေ
qualcomm Firmware ရှိပြီး
ဘာနဲ့ရေးလို့ရေးရမှန်းမသိဖြစ်နေရင်
Firmware ထဲကိုဝင်ကြည့်လိုက်ပါ
program emmc firehorse.mbn
ဖိုင်လေးပါနေရင် Qpst ထဲမှာပါတဲ့
qfile နဲ့ရေးပါ
program emmc firehorse.mbn
ဖိုင်လေးမပါခဲ့ဘူးဆိုရင်
Miflash နဲ့ရေးပါ
ပြောချင်တာက အထက်ပါအကြောင်းရာလေးမဟုတ်ပါဘူး
ဘယ်လိုရေးရေး fail နေတာလေးကိုပြောချင်တာပါ
fail ပြီဆိုပါစို့
ဥပမာ hisense လေးနဲ့ပေးပါရစေ
သူကတစ်ခြားဖုန်းတွေလို
memory card ထဲထည့်ပြီးတင်လို့မရပါဘူး
firmware ကို ဖြည်ချလိုက်ပါ
emmc firehorse ဖိုင်မပါဘူးဖြစ်တဲ့အတွက်
miflash နဲ့ရေးရပါမယ်
miflash က
rawprogramဆိုတဲ့ .xml ဖိုင်လေးကိုအရင်သွားစစ်တာဖြစ်တဲ့အတွက် failပဲပြနေပါလိမ့်မယ်
အဲ့တော့လွယ်ပါတယ်
u971.xml ဆိုတဲ့ဖိုင်လေးကို note++ နဲ့ဖွင့်ကြည့်ရင်
partition hex size တွေအများကြီးပါတာတွေ့ရပါလိမ့်မယ်
ဒါဆို rawprogram0.xml ဖိုင်ဆိုတာသေချာပါပြီ
အဲ့တော့ u971.xml ကို rawprogram0.xmlဆိုပြီး
rename ပြောင်းပေးလိုက်ပါ
miflash က rawprogram0.xml ကိုသိသွားပြီဖြစ်တဲ့အတွက် ရေးသွားပါလိမ့်မယ်
အဆင်ပြေပါစေ
Crt. Sir myo koko zaw
Sunday, February 12, 2017
For Beginner
For beginner
ကြာတော့ကြာနေပြီ မတွေ့လို့တင်ပေးလိုက်တာ
Oppo vivo တွေ logo ရပ်လို့ firmware လာတင်ရင် အရင်းဆုံး recovery ၀င်ပြီး wipe လုပ်ကြည့် success ပြရင် official ပြန်တင်လိုက်ရတယ်
Wipe လုပ်ကြည့်လို့ fail.ရင်တော့ official.တင်လည်း fail မှာဘဲ
ဘာကြောင့်လည်းဆိုတော့ emmc မကောင်းလို့
Flashtool.နဲ့ format ချရင်တော့ logo တောင်တတ်တော့မှာမဟုတ်ဘူး
Userpara လောက်ကိုဘဲ ချကြည့်ရင် ချကြည့်မရင် ရင် တော့ emmc နိုင်ရင်လဲ မနိုင်ရင်မလဲနဲ့ပေါ့
Whole format ချရင်တော့ preloader.ပါပါသွားလို့ dead သွားလိမ့်မယ် အစညီလေးတွေအတွက်ပါ
Spd တွေအတွက် အဖြေကောင်းကောင်းလေးရှိတယ် Network lock.တွေအတွက်
#crd. Ko Wai Phyoe
Saturday, February 11, 2017
SYSTEM ERROR FIX.APK
မိမိ Android Phone မှာ ဒီလို error မျိုးတွေဘတက်နေပါသလား? မပူပါနဲ့တော့ အခုကျနော်တင်ပေးမယ့် System error Fixer ဆိုတဲ့ Application ကို ထည့်ပြီး Run ပေးလိုက်ပါ...
#crd.
Samsung Marshmallow V 6.0.1 တွေမှာ (Zawgyi Font ) ထည့်မရတဲ့ ပြသနာကို အလွယ်ဆုံး ဖြေရှင်းနည်း
ဟုတ်ပြီ တစ်ခုတင်ပေးမယ်
ကိုယ်ချင်းစာမိလို့
samsung 6.0.1တွေမှာ
display fontချိန်းမရ
rootမရသူတွေအတွက်ရည်ရွယ်ပါသည်
font not support ဘာညာဘာညာပေါ့ ဟဲဟဲ
တစ်ခုတော့ ကြိုပြောပါရစေ zawgyiလို ဖုန်းတစ်ခုလုံးမြင်ရပါမည် ဥပမာ settingဆို ဆက်တင် ပေါ့ ခ်ခ်အဲလို
build-in အနေနဲ့ဖြစ်သွားမှာပါ လိုအပ်တဲ့ apkကို
အရင်ဆုံးဆွဲပါ
http://shink.in/kc7BY
ပြီးရင် Pcကနေ ဖြစ်ဖြစ် terminal apkကနေဖြစ်ဖြစ်
adb commandလေးရိုက်ပေးရမည်
pcကနေရိုက်ရင်
adb@shell@pm@grant@ jp.co.c_lis.ccl.morelocale@android.permission.CHANGE_CONFIGURATION
မှတ်ချက် "@" ဆိုသည့်နေရာသည် SPCAE ခြားရန်ဖြစ်
သည် terminal apkကနေရိုက်ရင် command၏ရှေ့က
adb shellကို ထည့်ပေးစရာမလိုပါ
ရိုက်ပြီးသွားရင်တော့ apkလေးကိုဖွင့်ပြီးzawgyiလေးနိပ်
ပေးလိုက်ပါ zawgyi fontကို အမှန်မြင်ရပါပြီ
ကဲ မြန်မာစာဖောင့် ကို ထည့်မရ ရင်
customerကို စိတ်ချမ်းသာအောင် ခုလိုထည့်ပေးလိုက်ပါ
သိတာတော့ note5 SM-N920Vမှာသိတာပါ
Bootloader lock rootမရ မြန်မာစာတိုင်ပတ်အမှတ်တရ
ခ်ခ်
အဆင်ပြေကျပါစေ
Crt. Sir kyaw thet aung(mmas)
Tuesday, February 7, 2017
All Pc Window Activator
All in one activator လေးပါ..window တင်ပြီးactiveမလုပ်ရသေးရင်အဲ့ကောင်လေးနဲ့one click activateလုပ်နိုင်ပါတယ်..
Download>>>> http://shink.in/5rXlE
#crd.
Pass>>>>aungphyohein
Friday, February 3, 2017
Android remove virus tool
ကဲ မျောက်တွေရဲ့ဆရာ oူခုန်းရဲ့ Tool ပါ ဟီး
လတ်တလော တက်နေသော Virus ပြသနာများကို ဖြေရှင်းပေးနိုင်ပါတယ်
ပထမဦးစွာ မိမိဖုန်းထဲတွင် Busy Box _ Root ရှိရပါမည်
11.13.2016 တွင်ထုတ်ပေးထားပါတယ်
အော် ဟုတ်ကဲ့ မကောင်းရင်လည်းဆဲနိုင်ပါတယ်ခင်ဗျ
File size - 1MB (မနစ်နာသော Size လေးပေါ့)
Download.........
http://shink.in/NdG5t
Developed By - Oppa Min Htet
#crd.
Vivo Y22 All Error Fix 100% Test
Vivo Y22 All Error Fix 100% Test
ကျွန်တော်လျော် ရတော့မလိုဖြစ်ခဲ့ဘူးပါတယ်
ကျွန်တော်လိုမဖြစ်အောင် ဒါလေးတင်ပေးလိုက်ပါတယ်
Download
http://shink.in/T6gSf
#crd.
Che1-CL20V100R001CHNC00B286 (Fastboot Firmware)
Che1-CL20V100R001CHNC00B286 (Fastboot Firmware)
Che1-Cl20 ကိုင်ထားတဲ့ဘတိုတွေအတွက်
Virus ကိုက်လို့ဖြစ်ဖြစ် Logo ရပ်နေတာဖြစ်ဖြစ်
အဆင်ပြေစေမဲ့ B286 Firmware လေးပါ။
Official Firmware မဟုတ်ပါဘူး
Fastboot ကနေ တင်ရမဲ့ Firmware လေးပါ။
Bootloader လေးတော့ Unlock လုပ်ထားပေးပေါ့ 🙂
Download Here
http://shink.in/vAJYm
#crd. PC
Samsung g530h grand prime
Samsung g530h grand prime
ဒီမော်ဒယ်လေးလာရင်
Firmware ပြန်ရေးဖို့အတွက်ကို
တော်တော်တိုင်ပါတ်ပါတယ်
ဒီfirmwareလေးကတော့
region တိုင်းနဲ့အဆင်ပြေပါတယ်
#crd.
pass=myokokozawnewstarphoneservice
J2 Prime SM-G532G Frp Lock
J2 Prime SM-G532G Frp Lock
ကျော်နည်း
ဤ Post ၏မူလပိုင်ရှင် Ko Phyo Chan ကိုCredit ပေးပါတယ်။
ဒီ Model ကတော့ Internet Browser ပါဝင်လာခြင်းမရှိတဲ့အတွက်
နည်းနည်းလေးတိုင်ပတ်တယ်ပေါ့
ဒါဆိုရင် ဒီနည်းအတိုင်းလုပ်လိုက်ပါ
Frp Lock Remove လုပ်နိုင်ပါတယ်။
အသေးစိက်ပုံလေးတွေနဲ့ကြည့်ချင်သူများ
Website ထဲဝင်လေ့လာနိုင်ပါတယ်။
ပထမဆုံး sdcard ထဲမှာ အောက်မှာပေးထားတဲ့ Software နှစ်ခုကို Download ဆွဲပြီးထည့်ပေးပါ။
Google Account Manager
Quick Shortcut Marker
Gmail တောင်းတဲ့နေရာအထိသွားလိုက်ပါ
ပြီးရင် Home Button ကို သုံးချက်နှိပ်လိုက်ပါ။ TalkBack Enable ဖြစ်သွားပါလိမ့်မယ်။
TalkBack Enable ဖြစ်သွားတာနဲ့တစ်ပြိုင်နက် ဖုန်းမှာ English လို စကားသံတွေအများကြီး
ပြောသံတွေထွက်လာလိမ့်မယ် ပြီးတဲ့အထိစောင့်ပေးပါ
ပြီးရင် ဖုန်းမျက်နှာပြင်ကို တစ်ချက် ပွတ်ဆွဲလိုက်ပါ။
အပေါ်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်. မပေါ်မခြင်း ဖြည်းဖြည်းလုပ်ကြည့်ပါ။
ပြီးရင် Text to speech Settings ကို ရွေးလိုက်ပါ။
သုံးချက်လောက် နှိပ်ရပါလိမ့်မယ်။
Text to Speech Settings ထဲရောက်သွားပါလိမ့်မယ်။
ပြီးရင် Home Button ကို သုံးချက်နှိပ်လိုက်ပါ
ဒါဆိုရင် Talk Back ပိတ်သွားပါလိမ့်မယ်။
ပြီးရင် အပေါ်ဆုံးက Talk-to-speech settings ဘေးက မြှားလေးကို နှိပ်လိုက်ပါ။
Language and Input ဘေးက မြှားကို နှိပ်လိုက်ပါ။
Settings ထဲရောက်သွားပါလိမ့်မယ်။
ပြီးရင် Device Maintenance ကို ရွေးလိုက်ပါ
အပေါ်ကပုံအတိုင်းပေါ်လာရင် Storage ပုံလေးကို နှိပ်လိုက်ပါ။
ပြီးရင် အပေါ်နားက အစက်လေး သုံးစက်ကို နှိပ်လိုက်ပါ။
Storage Settings ပေါ်လာပါလိမ့်မယ်
အောက်လေးကို ဆွဲချပြီး Explore ကို နှိပ်လိုက်ပါ။
ဒါဆိုရင် File Manager ထဲရောက်သွားပါလိမ့်မယ်
My Device ဘေးက My File ကို နှိပ်လိုက်ပါ။
SDCARD ဆိုတာလေးကို ရွေးပေးလိုက်ပါ။
SDCARD မှာထဲရှိနေတဲ့ဖိုင်တွေကို ပြပါလိမ့်မယ်။
Google Account Manager ကို အရင်သွင်းပါ
ပြီးရင် Quick Short Cut Marker ကို သွင်းပါ။
ပြီးရင် Quick Short Cut Marker မှာ google ဆိုပြီး ရှာပါ။
Google Account Manager ထဲက Type Email & password ဆိုတာကိုနှိပ်လိုက်ပါ။
ပြီးရင် Try ကို နှိပ်ပါ။
အပေါ်က အစက်လေးနှစ်စက်မှာ Browser Sign-In ၀င်ပါ။
မိမိ Gmail တစ်ခုခုထည့်ပေးလိုက်ပါ။
ပြီးရင် ရိုးရိုး Restart ချလိုက်ပါ။ Setup Wizard ကို ကျော်လိုက်ပါ။
Home Screen ရောက်ပါပြီ။ Settings ထဲကိုဝင်ပါ
About Phone မှာ Build Number 7ချက်နှိပ်ပြီး
Developer Option ဖွင့်ပါ
Oem Unlock ကို အမှန်ခြစ်ပါ.
ပြီးရင် Factory Reset ချလိုက်ရင် Frp အရှင်းပြုတ်ပါပြီ။
ရေးသားသူ ဖြိုးချမ်း
SuperPower Mobile Service-Hinthada
Wednesday, February 1, 2017
Mobile hardware pdf myanmar
ဖုန်းပြုပြင်ရေး စာအုပ်များ
ဆရာများcreditပေးပါတယ်
အခြေခံကျကျ
မိုဘိုင်း Hardware ပြုပြင်ရေး စာအုပ်များ
=============================================
Hardware ပိုင်းနဲ့သက်ဆိုင်တဲ့စာအုပ်ကလေးတွေကို အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်နိုင်တဲ့သူတွေ အတွက် အခြေခံကျကျ မိုဘိုင်း
Hardware ပြုပြင်ရေး စာအုပ်တွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ်ဗျာ။
စာအုပ်တစ်အုပ်စီတိုင်းမှာ Hardware ပိုင်းနဲ့သက်ဆိုင်တဲ့ အရာတွေကို မြန်မာလို့ ရှင်းပြပေးထားတာကြောင့် လေ့လာနေသူများအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။
စာအုပ်ရေးသားပေးသောဆရာများကို Credit ပေးပါတယ်။
မိုဘိုင်း Hardware ပြုပြင်ရေး စာအုပ်
http://shink.in/s361G
Android တက်ပလက် ပြုပြင်နည်းစာအုပ်
http://shink.in/Iyqbo
Charging လမ်းကြောင်းပြောင်းခြင်း
http://shink.in/uQBF1
Forme Keypad ပြုပြင်ခြင်း
http://shink.in/Bmey6
Galaxy S4 ပြုပြင်ခြင်း
http://shink.in/mujVs
Huawei Y220t No Power ပြုပြင်ခြင်း
http://shink.in/XT104
Huawei C8500 Plus UIM Card မဖတ်ခြင်း
http://adf.ly/1hGjfQ
Huawei EMMC လဲနည်း
http://adf.ly/1hGjoe
Backlight မီးပျောက်သောဖုန်းများအား LCD ပြုပြင်နည်း
http://shink.in/JlCFP
Huawei ETS 2222+ CDMA
http://shink.in/4cYUI
G610 No Power
http://shink.in/8XSN6
Huawei U8818 Display
http://shink.in/Ujl5B
Huawei U8825D No Power
http://shink.in/QZGN9
Simplae U8825D
http://shink.in/4gj3u
IC ဖြုတ်နည်း
http://shink.in/vyh1i
Lenovo A690
http://shink.in/EldmL
No Power Tablet
http://shink.in/41QJM
NOVO 7 Tablet No Power
http://shink.in/ROLua
Samsung Galaxy Note
http://shink.in/9nrZR
T8833
http://shink.in/hbdXe
Y210 No Power
http://shink.in/oPfGL
Y300 LCD
http://shink.in/Foykf
စက်တစ်လုံးနိုးဖို့သိထားသင့်သောအချက်များ
http://shink.in/da958
#crd.