Flag Counter


Pages

Sunday, November 12, 2017

Xiaomi phone pin password unlock

Xiaomi ဖုန်းတွေကို Password Lock တွေ ဖြုတ်လို့ ရမယ် Product Name တွေ စစ်လို့ရမယ်

ပြုလုပ်နည်းက ဖုန်းကို Volup + Power တွဲဖိပြီး recovery Mode ၀င်ပါ
ပြီးရင် ကြိုးထိုး Tool ကိုဖွင့်ပြီး အသုံးပြုနိုင်ပါသည်

Made by Chit Min Zaw
https://my.pcloud.com/publink/show?code=XZmxWX7Zmmb5ANNMluVeIky6j4Ef0jS2PGtk

softwarepost 10

Software Post 10

MTK Firmware ထဲ မှာ ပါ တဲ့ Pertitions တွေ တစ်ခုချင်းဆီ ရဲ့ အလုပ်လုပ်ပုံလေးတွေ ကို အသေး စိတ်ရေး ပေးလိုက်ပါတယ်

boot.img က ကျနော်တို့ ဖုန်းတစ်လုံး Second Logo ကနေ Home Screen
ထိ ရောက်နိုင်ဖို့ မောင်းပေးတဲ့ Driver ပါ. အဲ့တော့ ဒီ Boot ဖိုင်က ဘယ်နေရာ အရေးကြီးတာလဲ မှားရင် ဘာတွေဖြစ်တတ်လဲ . သူ့ ID နဲ့ မကိုက်တဲ့ Boot ဖိုင်တွေ ဆိုရင် Logo လည်တာမျိုး Second logo ကနေ
ဆက်မတက်နိုင်တော့တာမျိုးဖြစ်ပါမယ်. နောက်တစ်ခုက ကျနော်တို့ ဖုန်းကို
လိုသလို ထိန်းချုပ်နိုင်တဲ့ Root ဆိုတဲ့ Partition က Boot ထဲမှာ ပါတဲ့အတွက်
လုံးဝကို တိကျမှ ရမှာပါ..Model တူပေမယ့် ID လွဲနေတဲ့ ဖုန်းထဲက Boot ထဲ့ရင် သေချာတယ် Logo လည်မှာပါ..
.
cache.img က ဖုန်းတွေရဲ့ Recent တွေ ထိန်းချပ်တဲ့ Partiton ပါ.သူ့ကျ
ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိပါဘူး
.
Checksum.ini က ကျနော်တို့ ဖုန်းတွေ Firmware ရေးတဲ့အခါ EMMC ကိုသွား စစ်ပေးဖို့ လမ်းကြောင်းပေးတဲ့ Driver ပါ SP Flashtool version အနိမ့်မှာ အဖြုတ်အတပ်ခလုပ်ပါပါတယ်. သူ့ကို အမှန်ခြစ်ဖြုတ်ြ့ပီး တင်တာ ပိုပြီး Save ဖြစ်ပါတယ်.
.
EBR1, EBR2, MBR ဖို်င်တွေက Firmware သိမ်းတဲ့ Storage ဖိုင်ကို
သတ်မှတ်ပေးတာပါ.တစ်ခါတစ်လေမှာ Emmc Error တက်နေတဲ့ အချို့ဖုန်းတွေ ဆို သူ့ကို Firmware ရိုက်လို့ EBR1, EBR2, MBR ဖိုင်တွေထဲက သတ်မှတ်ထားတဲ့ Partition ဆိုဒ်က တအားကြီးနေတဲ့အခါ Firmware တင်ရင် Error တက်ပါတယ်. Tool Large ဆိုတဲ့ Error မျိုးတွေပါ..
.
အဲ့မှာ နောက်တစ်ခုက AP ဖိုင်နဲ့ BP ဖိုင်ပါ တော်တော်များများ သတိမထားမိကြဘူး
တကယ်တော့ သူတို့ ကျနော်တို့ IMEI ပြန်ရေးတဲ့နေရာ အဓိက လိုတာပါ.
တချို့ IMEI ပြန်ရေးတဲ့ Tool တွေဆို AP နဲ့ BP ဖိုင်တွေတောင်းပါတယ်.
သူ့ Model မတူပေမယ့် CPU No တူ အရင် အလုပ်လုပ်ပါတယ်
.
Kernal ဆိုတဲ့ file ကတော့  ဖုန်းရဲ့ Software နဲ့ Hardware ကို ချိတ်ဆက်ပေးတဲ့ Driver လို့ပဲ သက်မှတ်ပါတယ်
ဥပမာပြောရရင် ဖုန်းရဲ့ camera ဆိုတဲ့ hardware ပိုင်း အလုပ်လုပ်ဖို့ Camera နဲ့ သက်ဆိုင်တဲ့ driver ကို မောင်းပေးတဲ့သဘောပါ

.
နောက်တစ်ခုက lk.bin တစ်ချို့ Firmware တွေမှာက Uboot.bin ဆိုပြီးပါပါတယ် သူတို့ ၂ ခုက တူတူပါပဲ . ဘယ်နေရာလဲ ဆိုတော့ LCD Driver တွေပါ င်္Firmware တင်ပြီးလို့ Display ဖြူသွားတာမျိုး စင်းသွားတာမျိုး ဖြစ်သွားတဲ့ အခါ ကျနော်တို့ ဒီဖိုင်ကို ချိန်းပေးကြည့်တာပါ. အဲ့နေရာမှလည်း ဖုန်းရဲ့ ID တူမှ Display ပြန်ကောင်းလာမှာပါ. ကျနော်တို့ Display ဖိုင်ထုတ်ရင် အဓိက ဒီဖိုင်ပါ ပြီးတော့ Boot ဖိုင်ရယ်ပါ.
.
Logo.bin ကတော့ ဖုန်းတွေ First Logo တက်လာတဲ့အခါ မြင်ရတဲ့ Logo image ဖိုင်ပါ Edit လုပ်ချင်ရင်တော့ .jpg တွေဖြစ်နေတဲ့ ဖိုင်မှ Edit လုပ်လို့ ရပါမယ်
.
နောက် MT6589_Android_Scatter_emmc.txt က အဓိက main ဖိုင်ပါ.
Firmware ထဲမှာ ပါတဲ့ Img ဖိုင်တွေ Bin ဖိုင်တွေကို သူကပဲ အဓိက
လမ်းကြောင်းပေးတာပါ. ကျနော်တို့ Vibrate Fix တို့ Display Fix တို့
Speaker Fix တို့ ထုတ်ရင် ဒီထဲက စာကြောင်းလေးတွေကို ပြင်ပြီး ထုတ်တာပါ txt ဖိုင်ကိုတော့ notepad++ နဲ့ ဖွင့်ကြည့်ပီး Edit လုပ်နိုင်ပါတယ်.
.
preloader ဖိုင်ကတော့ Firmware တင်တဲ့အခါ Firmware ဆွဲတာ မဆွဲတာ
သူနဲ့ ဆိုင်ပါတယ်. တစ်ခါတစ်လေမှာ အနီတန်းပြေးပြီး ရပ်နေတာမျိုး
Error Code လည်း မတက်ဘဲ အကြာကြီးရပ်နေတာမျိုးဆို
သူ့ကို ချိန်းကြည့်ပါ.
.
ram disk ကတော့ Ram Size ပါ သူကတော့ Error မတက်လိုပါဘူး
.
Recover.img ကတော့ သိပြီးသားဖြစ်မှာပါ ဖုန်းတစ်လုံးကို Vol Up or Downl + Power တွဲနှိပ်ပြီး ၀င်ရတဲ့ Recovery ဖိုင်ပါ. Root ဖောက် မရတဲ့ ဖုန်းတွေအတွက် ဒီ Official recovery နေရာမှာ CWM လို့ ခေါ်တဲ့ Developer တွေ Edit လုပ်ထားတဲ့ Recovey ဖိုင်ကို အစားထိုးပေးလိုက်တာပါ
တစ်ချို့ Model မြင့် အလုံးတွေမှာ ဒီ Recovey Partition ကို Bootlaoder က
ထိန်းချုပ်ထားတဲ့အတွက် Bootloader Unlock မလုပ်ဘဲ ဒီ CWM ကို Flastool
နဲ့ တင်မိရင် Logo ရပ်ပါတယ.်.. အဲ့ဒီအခါ Official recovey ကိုပဲ ပြန်ထည့်ပေးလိုက်ပါ.
.
Secor.img သူလည်းအရေးကြီးပါတယ် Firmware တင်လိုက်လို့ တခြား ဖိုင်တွေ ကြောင်း Error မတက်ဘဲ သူ့ကြောင့် တက်တဲ့ Error ဆိုရင် Vibrate Error ပါ တုန်ပဲ တုန်နေပါမယ်. Vibrate ဖြစ်တဲ့နေရာမှာ Power ခလုပ်နှိပ်လိုက်လို့ ဘာမှ တက်မလာပဲ တုန်ပဲ တုန်နေရင် ဒါ Dead သွားပြီး Secro ဖိုင်ကြောင့် မဟုတ်ပါ.LCD တစ်ချက်လင်းလာမယ်ြ့ပီးမှ တုန်နေတာဆို Secro ကြောင့်ပါ.
.
နောက်တစ်ခုက System ပါ ပြောစရာ မလိုတော့ပါဘူးနော်. သူမပါရင် မပြီးဘူးလေ.
.
နောက်ဆုံးတစ်ခုက USerdata ပါ သူမပါဘဲ Huawei အချို့ဖုန်းတွေ Firmware တင်မိရင် Emergency Data Error တက်တတ်ပါတယ်. တက်ခဲ့ရင် တခြားmodel တူ အလုံးထဲက userdata တစ်ဖိုင်ထဲ Flash ပေးပါတယ် ပြီးရင် Factory Reset ချပါ. ဒါမှ တက်မလာသေးရင် ic ကြောင့်ပါ.နောက်တစ်ခုက Userdata ဆိုတာ ဖုန်းတစ်လုံးမှာ ကျနော်တို့ Install လုပ်လိုက်တဲ့ apk တွေ Lock တွေ သိမ်းတဲ့ partition ပါ. ဒါကြောင့်မို့ mtk ဖုန်းတွေ Lock ကျနေလို့ Firmware ပြန်တင်ရမယ်ဆို Error ကင်းကင်းနဲ့ တင်ချင်ရင် Userdata တစ်ဖိုင်ထဲတင်ပါ. .. Lock လည်း ပြုတ်သွားပါမယ်. Error လည်း မတက်ပါဘူး

အားလုံးပဲ အဆင်ပြေကြပါစေ

software post9

Software Post 9

ဒီတစ်ခါတော့ Sp Flashtool မှာ ဖြစ်တက်တဲ့ Error Code တွေအကြောင်းရေးပေးလိုက်တယ်
*******************************************************************
Error 1002: S_INVALID_ARGUMENTS
********************************
ဒီ Error ကတော့ Scatter ကြောင့် ဖြစ်တာလို့ ပြောလို့ ရပါတယ် ။ Sp flashtool နဲ့ ခင်ဗျားတို့ Firmware ထဲက Scatter file မကိုက်လို့ ပါ ။ အဲ့ တော့  CPU တူတဲ့ Scatter file ကို ချိန်းကြည့် ယုံရင် အဆင်ပြေပါတယ်။ တကယ်လို့
အဆင်မပြေရင် SP Flashtool version ပြောင်းကြည့်ပါ။

Error 1012: BROM ERROR : S_NOT_ENOUGH_MEMORY(1012)
****************************************************
အဲဒီ error ကတော့ Miracle နဲ့ Backup ထုတ်ထားတဲ့ Firmware ကို Sp flashtool နဲ့ ပြန်တင်တဲ့ အခါမျိုးမှာ ဖြစ်တက်ပါတယ် ။ miracle နဲ့ပဲ ပြန်တင်ပေးလိုက်ပါ အဆင်ပြေပါလိမ့်မယ်။

Error 1003:S_COM_PORT_OPEN_FAIL (1003)
*****************************************
ဒီ error ကတော့ USB အပေါက်တွေ မကောင်းရင် ပြပါတယ် အပေါက် ပြောင်းထိုးပေါ့ဗျာ ။ Error 1013 : BROM ERROR : COM_PORT_OPEN FAIL နဲ့ အတူတူ ပါပဲ

Error :S_NOT_ENOUGH_STORAGE_SPACE(1011)
*****************************************
MEMORY မလောက် တဲ့ အခါ မျိုးတွေမှာ ဖြစ်တက်ပါတယ် ။ Flashtool နောက်ဆုံး Version ပြောင်းတင်ကြည့်ပါ မ၇ ရင် တော့ Miracle နဲ့ တင်လိုက်ပါ ။

Error 1022
**************
USB ကြိုးပြောင်းကြည့်ပါ  မရရင် Flashtool ပြောင်းတင်ပါ

S_FT_DOWNLOAD_FAIL (4008)
******************************
ဒီ Error ကတော့ Battery အားမရှိတာတို့ အားနည်းနေတာတို့ ဆိုရင် ဖြစ် တက်ပါတယ်။  အားသွင်းပြီးပြန်ရေးပါ ဒါမှမဟုတ်ရင် Battery ထုတ်ထားပြီး Vol- & vol + ကို ဖိ ပြီးတင်လို့လည်း ရပါတယ် ။ တချို့အလုံးတွေမှာတော့ Format
ချပြီးမှ တင်လို့ ရပါတယ် ။

ှS_FT_DOWNLOAD_FAIL (2004)
*********************************
ဒီError မှာ နှစ်မျိုး ရှိပါတယ် ။ အဓိက ကတော့ Secro ကြောင့်ဖြစ်တာလို့ ပြောလို့ရပါတယ်။ ရှင်းဖို့ဆိုရင်တော့ Secro boot ပါတဲ့ Sp flashtool Version  (SP_FkLASH_TOOL_exe_v3.1324.0.177_Secboot) ကို သုံးမှာပါ ။
နောက်ပိုင်းထွက်လာတဲ့ Y511 လို အလုံးတွေမှာ Ram test ကို စစ်ပြီးရေးမယ်ဆိုရင် အဆင်ပြေပါတယ်။ Ram Test စစ်မယ်ဆိုရင်တော့ sp flashtool နောက်ဆုံး version နဲ့ စစ်ပါ။

ှS_BROM_CMD_STARTCMD_FAIL (2005)
**************************************
ဒီ error ကတော့ Key မှားနှိပ်ရင်လဲ ဖြစ်တက်သလို Sp flashtool ကြောင့်လဲ ဖြစ်တက်ပါတယ် ။ ကြိုးလဲ ပြောင်းထိုးကြည့်ရပါမယ်။

ှS_DA_EMMC_NOT_FOUND (3144)
************************************
ဒီ error ကတော့ ဘာကြောင့် ဖြစ်ရသလဲဆိုတော့ CPU & EMMC တစ်ခုခု မကောင်းတော့ ရင် ပြတက်ပါတယ်

S_FT_DA_NO_RESPONSE(4001)
********************************
Computer က Usb port ပြောင်းထိုးကြည့်ပါ။ Emmc မကောင်းရင်လဲ ဖြစ်တက်ပါတယ်။

S_FT_ENABLE_DRAM_FAIL(4032)
************************************
ဒီ error မှာတော့ နှစ်မျိုးရှိပါတယ် ။ Emmc မကောင်းရင်လဲ ဖြစ်တက်သလို Sp flashtool ကြောင့်လဲ ဖြစ်တက်ပါတယ်၊ တချို့ အလုံးတွေမှာဆိုရင် တော့ Preloader.bin လေးကိုပြောင်းရေးရင် ရပါတယ်။ Box တစ်ခုခုနဲ့
read လို့ ရတယ် ဆိုရင် တော့ Flashtool နဲ့ Preloader ကို သာ Change ကြည့်ပါ ။

BROM ERROR S_DL_GET_DRAM_SETTING_FAIL (5054)
**********************************************
ဒါကတော့ flashtool error ပါပဲ နောက်ဆုံး version ပြောင်းသုံးလိုက်ပါ

S_DL_PMT_ERR_SPACE(5069)
********************************
ဒီError တက်ရတဲ့ အကြောင်းကတော့ phone မှာ ပါတဲ့ partition နဲ့ ကိုတင်မဲ့ ROM က Size ကြီးနေလို့  ဖြစ်တာလို့ ပြောလို့ရပါတယ်။ Firmware Change ကြည့်ပါ ။ Flashtool လဲ ပြောင်းကြည့်သင့်ပါတယ်။

BROM ERROR:S_SECURITY_SF_CODE_COMMAND_FORBIDDEN (6012), MSP ERROR CODE:0x00
**********************************************************************************
ဒီ error ကတော့ နည်းနည်း ဆန်းတယ်ပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ သူက Download Angent မှားတဲ့ အခါ မှာ ဖြစ်တက်တာပါ။ Scatter ရွေးတဲ့ အပေါ်မှာ Download Angent လေးရှိပါတယ်။ တော်တော် များမျာကတော့
MTK All in one .bin ကို ထားတက်ပါတယ် ။ အဲ့နေရာမှာ တခြား DA file တွေကိုလည်းပြောင်းထည့်ကြည့်ပေးပါ ။ flashtool ကို လည်း နောက်ဆုံး version သုံးပေးလိုက်ပါ ။

Error 8038
*************
ဒီ error တက်ရင် ရှင်းဖို့က 8038 error fix Flashtool ရှိပါတယ်

PMT Change Error
************************
Flashtool Version အမြင့် သုံးပြီး  Format all + Download နဲ့  ကစ် ပေးလိုက်ပါ ။

ဒီလောက်ဆိုရင် flashtool error တော်တော်များများကုန်သလောက်ဖြစ်သွားပါပြီ။ နောက်ထပ်တွေ့သေးရင် ဆက်တင်ပေးပါမယ်။ ကျနော့် မန်ဘာအားလုံးလည်း  Flahtool Error များကို ရှင်းနိုင်ကျပါစေ။

software post8

Software Post8

ဒီတစ်ခါမှာတော့ SP Flashtool ရဲ့ Function အကြောင်း ရှင်းပေးလိုက်ပါတယ်
Sp Flashtool ရဲ့ functions တွေအကြောင်း ဆက်ပြော ချင်ပါတယ်

သေချာလေး ဖတ်စေချင်ပါတယ် ဘာလို့လဲဆိုတော့ ဒီအပိုင်းက အရေးကြီးပါတယ်
ကဲ အဲ့ဒီတော့ စပါမယ်

Download Only

မနေ့က ကျနော်တင်ပေးခဲ့ တဲ့ post မှာ Download ကို နှိပ်ပြီး  Firmware တင်တဲ့ အကြောင်း ရေးပေး ခဲ့ ပါတယ်။ အဲ့ ဒီနေရာမှာ ပြော ချင်တာက Download Only နဲ့ တင်တော့ မယ် ဆိုရင်
Phone က power လာနေတဲ့ အနေထားနဲ့ Firmware တင်တော့ မယ် ဆိုရင် Preloader ကို အမှန်ခြစ် ဖြုတ်ရေးသင့်ပါတယ်။ တချို့ ဖုန်းတော်တော်များများမှာ Preloader Pertition မကိုက်ရင်
Dead နိုင်ပါတယ် ။ LCD Error ပါ မတက်ချင် ဘူး ဆိုရင်တော့ Uboot လေးပါဖြုတ်ရေးပေါ့။ Download Only ဆိုတဲ့ function က တနည်းအားဖြင့် ပြောရမယ် ဆိုရင် Coustom ပါပဲ
ကြိုက်တဲ့ pertition ကို ထည့်ရေးနိုင်သလို မကြိုက်တဲ့ pertition ကို ဖြုတ်ရေးနိုင်ပါတယ်။

Format All + Download

သူကတော့ ဘာအသုံးဝင်လဲ ဆိုတော့ EMMC ထဲမှာ ရှိတဲ့ Pertitons တွေကို format ရိုက်ပြီးမှ ပြန်Flash တာဖြစ်ပါတယ်  ။ ပြောရမယ်ဆိုရင် အဲ့ နည်းနဲ့ Firmware တင် ချင်တယ် ဆိုရင် တော့ ခင်ဗျားတို့ တင်မဲ့ Firmware  က
Full Firmware တော့ ဖြစ်ဖို့လိုပါတယ်။ Firmware File ထဲမှာ  ပါဝါလာဖို့ အရေးကြီးတဲ့ Pertitions တွေသာ ပါမလာဘူးဆိုရင် ဖုန်းက Dead နေဦးမှာပါပဲ။ Power Supply နဲ့ ချိတ်လိုက်လို့ 0.18 နဲ့  0.2 ကြားမှာ ငြိမ်နေရပါမယ် အတက်အကျ
မရှိပါဘူး ။ တကယ်လို့ တက်လိုက်ကျလိုက်ဖြစ်နေရင် Hardware သာစစ်လိုက်ပါ။

Firmware Upgrade

ဒီ Function ကတော့ မူလ system file တွေကို မဆုံးရှုံးအောင် ကာကွယ် ပြီးတော့ Flashing လုပ်တာပေါ့ ။ ဒီFunction နဲ့ Firmware တင်မယ် ဆိုရင် နဂိုမူလ ရှိပြီးသား System File တွေ  User Data file တွေ မဆုံးရှုံးပါဘူး

softwarepost7

Software Post 7

ဖုန်းတွေအတွက် လိုအပ်တဲ့ Driver တွေ တင်ပေးလိုက်တယ်
ကျနော်သုံးနေတဲ့ ဟာတွေပါ


http://www.mediafire.com/file/cl2xeeccut6qemz/All%20Mobile%20Phone%20%20Drivers.7z

softwarepost6

Software post 6

MediaTek လို့ ခေါ်တဲ့ MTK cpu chips သုံးထားတဲ့ ဖုန်းတွေအကြောင်း ပြောပြချင်ပါတယ်
**********************************************************************************
သူ့မှာ CPU number တွေအနေနဲ့ တော့ MT65xx ဥပမာ (MT6572,MT6577, MT6582 ,etc......) ဆိုပြီးလာပါတယ်
Mtk တွေရဲ့ Factory Firmware file type က Scatter အနေနဲ့ လာတယ် ။ Firmware ဆွဲ ပြီး ဖြည်ချ ကြည့်လိုက် ရင်

MT65xx_Android_scatter.txt ဆိုပြီး ပါလာပါက
အဲ့ ဒီ Firmware က MTK Cpu သုံးထားတဲ့ ဖုန်းကို Flashing လုပ်မဲ့ Firmware file ပဲ ဖြစ်ပါတယ်။ တချို့ Box တွေအသုံးပြုပြီးတော့ backup ဆွဲထားတဲ့ firmware ဆိုရင်တော့
.Bin file အနေနဲ့ ထွက်ပါတယ် ဒါကတော့ ချွင်းချက်ပေါ့ ။
MtK ဖုန်းတွေကို firmware flashing လုပ်ခ်ျတဲ့ အခါ မျိုးမှာ ဆိုရင်တော့ sp flashtool ( Smart Phone Flashtool ) ကို သုံးပြီးတော့ firmware Flashing လုပ်ကြရပါတယ်။
MTK Firmware Flashing Tool တွေက တော့ အများကြီး ရှိတယ် သို့ပေမယ့် လူသုံးအများဆုံးနဲ့ အဆင်အပြေဆုံး tool ကတော့Sp flashtool ပဲ ဖြစ်ပါတယ် ။

Sp flashtool နဲ့ ပတ်သတ်ပြီး အသုံးပြုနည်းလေး ဆက်ပြောပြပါမယ်။
Firmware flashing ပိုင်းမှာ ဆိုရင် တော့ အရင်းဆုံး computer မှာ MTK Driver လေး မောင်းထားပေးဖို့ လိုပါတယ်
1 == Driver အရင်မောင်းလိုက်ပါ ။
2== Sp Flashtool ကို ဖွင့်လိုက်( Photo 1 ကို ကြည့် လိုက် ပါ )sp flashtool ကို open လုပ်ပြထားတာပါ
3 == sp flashtool ပွင့်လာပါက scatter-loading ကို နှိပ်လိုက် ပါ အဲ့ ဒါဆိုရင် firmware တည်နေရာ ရွေးပေးဖို့ Box တစ်ခုကျလာလိမ့်မယ် Box ကျ လာပါက
Firmware Folder ထဲက mt65xx_Android_scatter.txt file လေးကိုရွေးပေးလိုက် Photo 2 , 3 ကို ကြည့် လိုက် ပါ
4 == firmware file ကို ရွေးပြီးသွားရင် photo 4 မှာ ပြထားသလို Download ဆိုတာကို နှိပ်လိုက် ပါ ပြီးရင် ဖုန်းကို ပါဝါပိတ် vol - or vol + ကို ဖိ ပြီး ကြိုးထိုးပေးလိုက် ပါ
ဒါဆိုရင် mtk ဖုန်း firmware flashing လုပ်ငန်းစဉ် စတင် သွားမှာ ဖြစ်ပါတယ်
အခု တစ်ပိုင်းမှာတော့ ဒီလောက်ပါပဲ နောက်တစ်ပိုင်းကျရင် လည်း Sp flashtool ကို သုံး ပြီး Firmware တငိပုံ အမျိုးမျိုးနဲ့ Sp flashtool ၇ဲ့ Functions တွေ အကြောင်း ဆက်ရှင်းပေးပါဦးမယ်

Hardwarepost3

Hardware post 3
Fuse