Flag Counter


Pages

Wednesday, February 22, 2017

Qualcomn backup block 0 tool

For Beginners

One Click Block0 Backup Tool
လေးလက်ဆောင်ပေးမယ်
ဘာတွေအသုံးဝင်လဲဆိုရင် ဘယ်ဖုန်းမဆို
ဘာCPU သုံးထားလဲစစ်လို့ရမယ်
Block0 Backup ထုတ်တဲ့အခါ လိုအပ်မယ့်
Busybox apk oneclick သွင်းလို့ရမယ်
ဘာcommand မှရိုက်စရာမလိုပဲ Block0
Backup ထုတ်လို့ရမယ် သုံးနည်းကလဲ လွယ်တယ်

ဒေါင်းလို့ရလာတဲ့ rarလေးကို zipဖြည်လိုက်
ထွက်လာတဲ့ folder လေးကို desktop ပေါ်မှာထားပါ
ဖုန်းကို root လုပ်ထား Adb debugging onထား
ပြီးရင်ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပြီး tool လေးကို run
လိုက်။ Deviceသိပြီဆိုရင် သုံးလို့ရပြီ။ cpu info
စစ်ချင်ရင် 1ကိုနှိပ် Busyboxသွင်းချင်ရင် 2ကိုနှိပ်
ဖုန်းထဲbusyboxရောက်သွားရင်တော့ဖွင့်ပေးပြီး
Installလုပ်တာပြီးအောင်စောင့်ပြီးမှ 3ကိုနှိပ်ပြီး backup
လုပ်ပါပြီးရင်zipဖြည်ထားတဲ့ဖိုင်ထဲမှာBackupbinလေးကရောက်လာလိမ့်မယ်။ toolမှာနောက်ထပ်ကီးတစ်ခုမနှိပ်ခိုင်းမချင်းဒီအတိုင်းစောင့်ပေးနေလိုက်ပါ။စာတန်းလေးပေါ်လာရင်ကြိုက်တဲ့ကီးကိုနှိပ်ပြီး4ကိုနှိပ်ပြီးထွက်လို့ရပါပြီ။

Phoneပေါ်မှာသိမ်းရတာတော့ SDမှာသိမ်းမလား Internalထဲသိမ်းမလားတို့commandမှာsd0ဆိုပေမယ့် 1ထဲရောက်သွားတာတို့နဲ့နည်းနည်းအာရုံနောက်
တာပေါ့ ခုတော့ဒီဒုက္ခလဲ ကင်းဝေးပြီသာမှတ်ပါ

Password= kolinn1234
(Qualcomm Only, Need Root Access)
 http://shink.in/Q8T5s 
Crd.#


Monday, February 20, 2017

Hardware post

Hardware Lesson

PMU များအကြောင်း (PM8029)
=======================
8029 ၇ဲ့ အထွက်လမ်းကြောင်းလေးတွေပါ။

(1 ) S1 လမ်းကြောင်းက 1.1v 1.2A ၇ှိပြီးCPU အိုင်စီရဲ့ အဓိကလမ်းကြောင်းတွေဖြစ်တဲ့ c1 လမ်းကြောင်းများကိုပို့ ပေးထားပါတယ်။
(2) S2 လမ်းကြောင်းက 1.1v 1.2A ရှိပြီး CPU အိုင်စီရဲ့ကျန်ရှိနေသေးတဲ့ c2 လမ်းကြောင်းတွေကိုပို့ ပေးပါတယ်။
(3) S3 လမ်းကြောင်းက 1.8v 800mA ရှိပြီး CPU, eMMc,sensor,bluetooth,display,LP DDR1 အစရှိတဲ့ အိုင်စီတော်တော်များများကိုပို့ ပေးထားပါတယ်။
(4) S4 လမ်းကြောင်းက 2.35v 80mA ရှိပြီး Network ပိုင်းကိုသီးသန့် ပေးထားပါတယ်။
(L1) 2.1v 300mA to RF TX
(L2) 2.1v 300mA to RF RX
(L3) 1.1v 150mA to CPU (DSI)
(L4) 1.1v 150mA to CPU (PLL)
(L5) 1.2v 150mA to wireless circuit
(L6) ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
(L7) 2.6v 300mA to CPU (TX DAC)
(L8) 2.85v 50mA to TCXO
(L9) 1.8v 150mA to CPU ( CSI,PLL,USB)
(L10) 3.0v 150mA (EMMC) ဒီလိုင်းကိုတော့တိုက်ရိုက်မသုံးပဲ dc to dc ကနေ တဆင့်သုံးထားတာပါ။
(L11) 2.85v 150mA to CPU
(L12) 2.85v 300mA to CPU,LCD,SENSORS.TOUCH
(L13) 2.8v 300mA to SD Card.
(L14) 3.0v 150mA to CPU.
(L15) 1.8v/2.8V 150mA to SIM 1.
(L16) ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ SIM 2.
(L17) 3.0V v 300mA to CAMERA.
(L18) 2.7v 150mA to RTR.
(L19) 1.8v 150mA to WLAN,

တို့ပဲဖြစ်ပါတယ်။

Credit ဆရာကိုကိုအောင်



Tuesday, February 14, 2017

Diode အပိုင်း (၂)

Diodeအပိုင်း(2)
1.Protector  Diode လျှပ်စီးကြောင်းကို  တဖက်ထဲသို့သာ  စီးဆင်းစေသောကြောင့်  အမှားခံအဖြစ်  အသုံးပြုတတ်သည်။ ဘက်ထရီအဝင်လမ်းကြောင်း၊  အားသွင်းလမ်းကြောင်းများတွင်  အသုံးများသည်။  Diagram  ပုံတွင်  D1605 ဖြင့်ဖေါ်ပြထားပြီး  Block  တွင်  အနီရောင်ဖြင့်  ဝိုင်းပြထားသည်
#Crd. Paing Soe Oo


Diode အပိုင်း ၁

ဆရာစိုးမြတ်​သူ​ရေးသားချက်​မှ​ဖော်​ပြပါသည်​။ဆရာ့အားထာဝရဦးထိပ်​ထားလျက်
Diodeအပိုင်း(၁)
Diode Diode တွင် Anode (+) နှင့် Kathode (Cathode -) ငုတ်နှစ်ငုတ် ပါသည်။ Kathode ဘက်တွင် မရစ်အမှတ်အသား ထည့်သွင်းပေးထားသည်။ Diode သည် DC လျှပ်စီးကြောင်းကို တဖက်ထဲသို့သာ စီးဆင်းခွင့်ပြုသည်။ DC လျှပ်စီးကြောင်းကို ရှေ့သို့ (forward) သာစီးဆင်းစေပြီး နောက်ပြန် (reverse) စီးဆင်းခွင့်မပြုပါ။ Diode ၏ ဦးတည်ရာဘက်အတိုင်းသာ DC ကို ဖြတ်စီးခွင့်ပြုသည်။ Anode တွင် Aပေါင်းဗို့ (+) ပေးသွင်းပါက Diode ကိုဖြတ်ပြီးလျှပ်စီးကြောင်းကို စီးဆင်းသည်။ Kathode တွင် အနုတ်ဗို့ (-) ပေးသွင်းပါက Diode ကိုဖြတ်ပြီးလျှပ်စီးကြောင်းကို စီးဆင်းသည်။ Diode ကို AC ပေးသွင်းပါက ပေးသွင်းသည့်ငုတ်အတိုင်း DC ပြန်ထွက်သည်။ Anode (+) ဘက်တွင် ပေးသွင်းပါက DC +V ထွက်ပြီး Kathode ဘက်တွင်ပေးသွင်းပါက DC –V ပြန်ထွက်သည်။ ဖုန်းအတွင်းတွင် Diode များကို အကြမ်းအားဖြင့် အောက်ပါအတိုင်း တွေ့နိုင်သည်။
1-Protector Diode
2-Schottky Diode or High Voltage Diode
3-Zener Diode
4-Light Emitting Diode(LED)
5-photo diode
6-TVS Diode
ထိုအချက်များကို​နောက်​အပိုင်းတွင်​ဆက်​လက်​ရှင်းပြပြီးတိုင်းနည်း​နောက်​ဆုံးမှပြသ​ပေးပါမည်​။
သင်​ဆရာမြင်​ဆရာများကိုထာဝရ​လေးစားလျက်
#Crd.paing soe oo


Proximity Sensor (P Sensor)

Proximity Sensor (P Sensor) လေးအကြောင်းပါ . . .
ဖုန်းထဲမှာ P Sensor ကို နားကြားစပီကာ (Ear Speaker) နားမှာ တပ်ဆင်ထားပါတယ်။

P Sensor အကြောင်း လေ့လာကြည့်ရအောင်
P Sensor ရဲ့ အလုပ်က အနီးအနားက အရာဝတ္ထုတွေကို အာရုံခံတာပါ
ရေဒါရဲ့ အခြေခံဖြစ်တဲ့ လင်းနို့တွေရဲ့ အသံလှိုင်းထုတ်လွှတ်ပြီး တုန့်ပြန်သံအာရုံခံခြင်းနဲ့ အတူတူပါပဲ

P Sensor ထဲမှာ အပိုင်းနှစ်ပိုင်း ပါတယ်ဗျ
အနီအောက်ရောင်ခြည် (Infrared Ray) ထုတ်လွှတ်ပေးတဲ့ LED အပိုင်းနဲ့
အနီအောက်ရောင်ခြည်ကို ပြန်လည်လက်ခံတဲ့ အလင်းရောင်အာရုံခံဒိုင်အုတ် (Photo Diode) တို့ပါ
Remote Control တွေမှာ အသုံးပြုတဲ့ Infrared Ray LED ကို အသုံးပြုပြီး
ပတ်ဝန်းကျင်ကို အနီအောက်ရောင်ခြည် ထုတ်လွှတ်မယ်
အနီးအနားမှာ အရာဝတ္ထုမရှိရင် အနီအောက်ရောင်ခြည် ပြန်မလာတော့ဘူး
ရှိနေရင်တော့ အနီအောက်ရောင်ခြည် ပြန်လာမယ်
ပြန်လာတဲ့ အနီအောက်ရောင်ခြည်ကို Photo Diode က လက်ခံယူမယ်

အဲဒါဆို Photo Diode အကြောင်းလဲ ပြောရမယ်ဗျ
Photo Diode နဲ့ LED တို့က အလုပ်လုပ်ပုံ ပြောင်းပြန်ပါ
LED (Light Emitting Diode) လို့ခေါ်တဲ့ အလင်းလွှတ်မီးသီးဆိုတာ
သူ့ကို လျှပ်စီးကြောင်းပေးလိုက်ရင် အလင်းရောင် ပြန်ထုတ်ပေးတယ်
ပေးတဲ့ လျှပ်စီးကြောင်း အနည်းအများကို မူတည်ပြီး LED လင်းမယ်
Photo Diode ဆိုတာ သူ့ပေါ်ကို အလင်းရောင်ကျလာရင် လျှပ်စီးကြောင်း ပြန်ထုတ်ပေးမယ်
အလင်းရောင်အပေါ်မူတည်ပြီး လျှပ်စီးကြောင်း အနည်းအများ ကွာခြားမယ်

ဖုန်းခေါ်တဲ့အချိန်မှာပဲ P Sensor စပြီး အလုပ်လုပ်ပါတယ်
Infrared Ray ကို စတင်ထုတ်ပေးပြီး Photo Diode က စောင့်ကြည့်တယ်
ဖုန်းပြောတဲ့အချိန် ဖုန်းကို နားမှာကပ်လိုက်ရင်
ear speaker အနီးက P Sensor နဲ့ နားနဲ့ ကပ်သွားမယ်
အဲဒါဆို Infrared Ray က Photo Diode ဆီကို ပြန်ရောက်လာတဲ့အတွက်
Photo Diode အလုပ်လုပ်ပြီး CPU ကို သတင်းပြန်ပို့မယ်
Touch ကို နားနဲ့ထိနေတဲ့အတွက် Touch ရဲ့လုပ်ငန်းစဉ်တွေ မူမမှန်နိုင်တော့ဘူး
Display ကို မမြင်ရတဲ့အတွက် Dispaly ကို ဖွင့်ပေးထားဖို့ မလိုတော့ဘူး
အဲဒါကြောင့် CPU က Touch ရဲ့ လုပ်ငန်းစဉ်တွေကို ရပ်တန့်ခိုင်းပြီး Display ကိုလဲ အပိတ်ခိုင်းမယ်
ဖုန်းကို နားနဲ့ ပြန်ခွါလိုက်ရင် Photo Diode မှာ Infrared Ray ပြန်မရောက်တော့လို့
Touch ကို အလုပ်လုပ်ခိုင်းပြီး Display ကို ပြန်ဖွင့်ခိုင်းမယ်
ဒါ Proximity Sensor ရဲ့ လုပ်ငန်းစဉ်ပါပဲ

P Sensor ကို VBAT (Battery Volt) တိုက်ရိုက်ပေးထားတဲ့အတွက်
ရေဝင်ပြီး ရှော့ဖြစ်တဲ့အခါ ဖုန်းလဲ အသုံးပြုလို့ မရတော့ပါဘူး

P Sensor ကို CPU နဲ့ တိုက်ရိုက်ချိတ်ဆက် သတင်းပို့ပေးရပါတယ်
Data Clock လမ်းကြောင်းတွေနဲ့ပါ P Sensor ကို CPU detect သိအောင်
EINT လမ်းကြောင်းနဲ့ သတင်းပို့ပေးရပါတယ်
P Sensor ရဲ့ error ကြောင့် Display ပိုင်းကို သိပ်မထိခိုက်စေပေမယ့်
Touch ပိုင်းကိုတော့ ဒုက္ခပေးတတ်ပါတယ်
P Sensor ကြောင့် Touch ဆွဲမရတာမျိုးကိုလဲ မကြာခဏ ကြုံရတတ်ပါတယ်

အဖြစ်များတာကတော့
ဖုန်းဝင်လာရင် Display မှောင်သွားတာပါ
တဖက်က ဖုန်းချလိုက်မှ Display ပြန်လင်းလာပြီး Touch ကိုပါ အသုံးပြုလို့ရပါတယ်

P Sensor ကို ဖြုတ်ပစ်လိုက်ရင် ဖုန်းပြောရင်း ဖုန်းကို နားမှာကပ်လိုက်တဲ့အခါ
Display ပိတ်မပေးတော့ပါဘူး
#mobile hardware training


Monday, February 13, 2017

HUAWEI ALL MODEL USB DRIVER


HUAWEI ALL MODEL USB DRIVER

 http://shink.in/rXbmL 
#CRD.


MTK FIRMWARE BACKUP

MTK Firmware Backup
              MTK device တွေကို firmware backup ထုတ်ယူနည်းလေးပါ...China Clone တွေလို
ဖန်းဝဲရှာရခက်တဲ့ကောင်တွေအတွက် မော်ဒယ်တူ အလုံးကနေ ဖန်းဝဲ BK ယူထားတော့ အဆင်ပြေတာပေါ့...BK ယူတဲ့အခါ Virus ကိုက်နေတဲ့ကောင်တွေ System error တက်နေတဲ့ကောင်တွေဆီကတော့ မယူနဲ့ပေါ့...ကျွန်တော်ကတော့ စမ်းသပ်ပြီးသားပါ...Your Own Risk ပေါ့...Root မလိုပါဘူး...OK စလိုက်ကြရအောင်....

ပုံ(1).အရင်ဦးဆုံး MTK DroidTool ကိုဖွင့်ပြီး Backupထုတ်မယ့် ဖုန်းကို Normal mode နဲ့ကြိုးထိုးပါ..Driver ကိစ္စတော့ မပြောတော့ဘူး..ဖုန်းနဲ့ချိတ်သွားရင် Blocks Map
ကိုနှိပ်လိုက်ပါ...
ပုံ(2).ပေါ်လာတဲ့ Block Info box မှာ Create scatter file ကိုနှိပ်ပြီး ပုံ(3).အတိုင်း save ပေးလိုက်ပါ
ပုံ(4).SP Flashtool ကိုဖွင့်ပြီး Scatter-loading ကိုနှိပ်ပြီး ခုနက save ထားတဲ့ scatter file ကိုထည့်ပေးလိုက်ပါ..
ပုံ(5).Readback ကိုသွားပြီး Add ဆိုတာကိုနှိပ်လိုက်ရင် အောက်မှာ ROM_0 ဆိုတာလေးပေါ်လာရင် အဲ့ဒီစာကြောင်းကို Double tab ခေါက်လိုက်ပါ...save ရမယ့်နေရာလေးရွေးခိုင်းရင် လုပ်ပေးလိုက်ပါ..
ပုံ(6).save လိုက်တာနဲ့ Redback block start address box လေးတန်းပေါ်လာပါလိမ့်မယ်..ပုံထဲမှာ ယှဉ်ပြထားတဲ့အတိုင်း ကိုယ်save ခဲ့တဲ့ scatter file ကို
Notepad++ နဲ့ edit လုပ်ဖွင့်ပြီး Line no.24 မှာရှိတဲ့
Linear start addr: 0x0 ဆိုတဲ့ စာသားထဲက 0x0 ကိုမှတ်ပြီး Readback block start address box
ထဲက Start Address နေရာမှာ အဲ့ဒီအတိုင်း 0x0 လို့
စမှတ်ပေးလိုက်ပါ...
ပုံ(7).Notepad ရဲ့အောက်ဆုံးထိဆင်းလိုက်ပါ...အောက်ဆုံးရဲ့အပေါ်က Linear start addr: ********* ကိုမှတ်ပြီး address box မှာ တူအောင်ဖြည့်ပေးလိုက်ပါ..အဲ့ဒီ partition က is download: true ဖြစ်ဖို့လည်း လိုသေးတယ်...
ပုံ(8).SP Flashtool ရဲ့ Read Back လေးကိုနှိပ်ထားပြီးရင် MTK Droid tool ကနေ Reboot ချပေးလိုက်ပါ...
ပုံ(9).ဖုန်းလည်း reboot ကျသွားပြီး Logo ပြန်မတက်လာတော့ပဲ flash mode ထဲ auto ဝင်သွားပါလိမ့်မယ်..Device သိရင် SP Flashtool မှာလည်း Readback စတင်နေပါလိမ့်မယ်...
ပုံ(10).ပြီးသွားရင် ဖုန်းကို ပါဝါဖွင့်ပြီး MTK Droid tool
နဲ့ပြန်ချိတ်ပေးပါ...root,backup,recovery ကိုသွားပြီး
To process file ROM_from Flash Tool ကိုနှိပ်ပေးလိုက်ရင် ခုနတုန်းက SP flashtool ကနေ backup ယူထားတဲ့ ROM_0 ကိုထည့်ခိုင်းပါလိမ့်မယ်..
ပုံ(11).စပြီလေ...flashtool နဲ့တင်လို့ရမယ့် firmware
ဖြစ်အောင် ပြင်နေပါပြီ.ပုံ(12).task is complete ဆိုရင် ပြီးဆုံးသွားပါပြီ..ပုံ(13).ဖန်းဝဲဖိုင်ကိုတော့ MTK Droid tool folder ရဲ့ backups ထဲမှာ ရှာကြည့်ကြပေါ့..အဲ့ဒီအတိုင်း တခါတည်းတင်လို့ အဆင်မပြေတတ်ပါဘူး..ပြေတဲ့အခါလည်း ပြေမပေါ့...မပြေရင် ဒီလိုလုပ်..
G730 နဲ့စမ်းပြထားတာ...
ပုံ(14).မလိုတဲ့ဖိုင်တွေဖျက်ပလိုက်...factory_Nonmodified recovery ဖိုင်ကို recovery.img.လို့ပြောင်း ကျန်recovery တွေမလိုပါ..
UBoot.bin ဖိုင်ကိုတော့ lk.bin အဖြစ်ပြောင်းပေးလိုက်
#CRD.