Flag Counter


Pages

Tuesday, November 14, 2017

ReadingSchematic 3

#ReadingSchematic 3

VBET မှ အဆက်
G610-U00 VCORE (input for CPU 1.1v 1.2A)

Power ic ရဲ့အထွက်ကွိုင် L202 မှ C223 ကို filter လုပ်ကာ VCORE လို့ခေါ်တဲ့ 1.1v လမ်းကြောင်းလေးစတင်ပါတယ်။ ဘယ်ကိုသွားတာလဲဆိုတော့ CPU ဆိုတဲ့ကောင်ဆီကို လမ်းကြောင်း၂ခုခွဲပြီး 1.1v ပေးသွင်းထာပါတယ်။
             ပထမလမ်းကြောင်းကတော့ဘာတွေပါလဲဆိုတော့ filter  လုပ်ထားတဲ့ Cလေးတွေဖြစ်ကြတဲ့ C415.416.417.418.419.420.421.422.423 စသည်ဖြင့် CPU ထဲသို့နေရာအသီးသီးဝင်ထားပါတယ်။ ဟုတ်ကဲ့အဲ့လမ်းကြောင်းလေးကိုပုံထဲမှာ အနီရောင်လိုင်းလေးနဲ့မြင်သာအောင်ပြထားပါတယ်ခမျ။
       
            ဒုတိယလမ်းကြောင်းကတော့ Feedback လမ်းကြောင်း အဖြစ် CPU ကနေပြန်ပီး power ic ကိုပဲ VCORE PMU ဆိုပြီး 1.1v ပြန်ပေးသွင်းထားပါတယ်။
             ပုံမှာကြည့်မယ်ဆို ပါဝါအိုင်စီ အတွင်းမှ VCORE  ဆိုတဲ့လမ်းကြောင်းကိုတော့ GND-VCORE တွေအနေဖြင့် D202 ဆိုတဲ့ ဒိုင်အုတ်လေး၁လုံးဖြင့် Ground ချထားပေးပါတယ်။
#်VIO18ပြန်ဆက်မည်

အောက်ကပုံလေးတွေကြည့်ပြီးလမ်းကြောင်းလိုက်ကြည့်ရအောင်နော်
#sayar N.N.T

ReadingSchematic2

#ReadingSchematic2

G610-U00 (VBET WAY ) စတင်ခြင်း
ဖုန်းတစ်လုံးမှာမည်သည့် ပါဝါအိုင်စီသုံးသုံး မည်သည့်ဖုန်းအမျိုးအစားဖြစ်ပါစေ။ Hardware Diagram အနေနဲ့လေ့လာမယ်ဆို VBAT ကနေအရင်စလေ့လာရပါတယ်။ အဲ့ဒီတော့ကျွန်တော်တို့ MT6320 သုံး G610 U00 ရဲ့ VBATလေးကိုလေ့လာကြရအောင်။

MT6320 power ic သုံးထားသော G610-U00 ရဲ့Vbet လမ်းကြောင်းကိုကြည့်မည်ဆိုလျင် J901 ဟုခေါ်သော battery connector မှ battery အ၀င်ဗို့ 3.7v သည် D900.D902(zener diode) ကိုဖြတ်သန်းစီးဆင်၍ C903.C906.C907.C901 စသည့် capacitors တို့အား filter လုပ်ကာထိုမှတဆင့် ပုံ ၂ မှာပြထားသော VBET လမ်းကြောင်း 3.7V C203.C204.C205.C206.C207.C208.C209.C210.211 စသည့် capacitor တို့အား filter လုပ်ကာ PMic MT6320 အတွင်းသက်ဆိုင်ရာပင်နံပါတ်အသီးသီးသို့ 3.7V ပေးသွင်းထားပါသည်။
                          ထိုလမ်းကြောင်းများမှာရှိသော Component များသည် 3.7V battery အ၀င်ဗို့များဖြစ်ပါသည်။၎င်းလမ်းကြောင်းရှိ component များ ရှော့ဖြစ်ခြင်း ယိုစိမ့်မှာဖြစ်ခြင်းများရှိပါကစက်မတက်နိုင်ပါ။
လမ်းကြောင်းရှိ C များ D များအားပုံ၂တွင်း အနီရောင်လေးများဖြင့်ပြထားပါသည်။ပုံများကြည်လင်မှုမရှိသည်ကိုခွင့်လွတ်ပီးကြည့်ပေးကြပါခမျ
            နောက်နေ့တွင်ပါဝါအိုင်စီအထွက် VCORE 1.1V အားထပ်ရှင်းပြပါမည်။

#ဆက်ရန်

READING SCHEMATIC1

#ReadindSchematic 1

မင်္ဂလာပါ
      Diagram လေးကို စလေ့လာကြတာပေါ့ Diagram ဆိုမှတော့ ထုံးစံအတိုင်းပဲ ပါဝါပိုင်း( AP SCHEMATIC ) နဲ့ Network ပိုင်း ( BB SCHEMATIC ) ဆိုပြီးတွေ့ရပါမယ် ပါဝါပိုင်းမှာတော့ ( PMU , CPU , EMMC , Charging , LCD , Touch ,etc ) စသဖြင့် ပါဝင်ပါမယ် Network ပိုင်းမှာတော့ ( RF front end , Transceiver ,WIFI , Bluetooth,etc.) စသဖြင့် ပါဝင်ပါမယ် အခုကျွန်တော် ပြောမှာကတော့ ပါဝါနိုးခြင်းအကြောင်းပါ ဖုန်းတစ်လုံး ပါဝါလာဖို့ လိုအပ်တဲ့ ဗို့ထွက်တွေကို Power ON Sequence တွေက ပြောပြပါတယ် ကျွန်တော်တို့ ဘက်ထရီတပ် ပါဝါခလုတ် နှိပ်လိုက်သည်မှစပြီး UI ( User Interface )ရောက်သည်အထိ PMU မှ ထုတ်ပေးတဲ့ ဗို့လမ်းကြောင်းတွေကို ဖော်ပြထားပါတယ် အဲ့တော့ ကျွန်တ်ာက Power ON Sequence ကို အနည်းငယ် ရှင်းပြပါမယ် အဲ့တော့ ကျွန်တော်တို့ ဖုန်းက ဘက်ထရီ တပ်ထားပြီဆိုပါစို့ ဒါဆိုရင် ဘက်ထရီက ဗို့အားကို ပါဝါအိုင်စီမှ ရယူပြီး ပါဝါကီး ကို ဗို့ထုတ်ပေးပါတယ် ကျွန်တော်တို့ ပါဝါ ခလုတ်ကို စနှိပ်လိုက်တာနဲ့ ပါဝါအိုင်စီမှ သူ့ထဲမှာ ထည့်သွင်းတည်ဆောက်ထားတဲ့ FET လေးကို Switch လုပ်ပါတယ် FET တွေကို Protection အနေနဲ့သာမက Switch တစ်ခုအနေနဲ့ပါ ဖုန်းတွေမှာ အသုံးပြုထားပါတယ် ကျွန်တော်တို့ C8813 တို့လို ဖုန်းတွေမှာတော့ FET ကို အပြင်မှာ တပ်ဆင်ပါတယ် အခု ကျွန်တော်တို့ လေ့လာမဲ့ G610-U00 Diagram မှာ တော့VBAT လမ်းကြောင်းကနေပဲ ပါဝါအိုင်စီကို 3.7v တန်းဝင်ထားပါတယ်။ဟုတ်ကဲ့အဲ့တာဆို စက်တစ်လုံးနိုးစေမဲ့ သေခြာအောင်အခုကျွန်တော်သင်ပေးမဲ့ MT6320 နိုးစေမဲ့ Power On/Off sequence. ကိုအောက်မှာ ရေးပြထားပါမယ်။ အဲ့တာလေးတွေတော့ တတ်နိုင်ရင်အလွတ်ကျက်အသေမှတ်ပေါ့။ ဒီ MT6320 အတွက်ကိုပြောတာနော်  :D
1.VBAT
2.DDLO
3.UNLO
4.PowerKey
5.BBWakeup
6.VRTC
7.VCORE *
8.VIO18*
9.VA/VA28/VIO28*
10.VAST*
11.VPROC*
12.VM*
13.VUSB/VEMC3V3*
14.VMC/VMCH*
15.VTCXO*
16.RESETTB*
စသည်ဖြင့် ပါဝါကီးစနှိပ်တာနဲ့အလုပ်လုပ်ရမဲ့အပိုင်းလေးတွေပေါ့။အဲ့တာကိုပါဝါ On/Off sequence ဆိုပြီးခေါ်ပါတယ်။ လောဆယ်တော့ ဒါတွေသိအုန်းမှာမဟုတ်သေးဘူးပေါ့ ။ အဲ့ဒါတွေကို ကျွန်တော်ပိုစ့် တစ်ခုခြင်းဆီရေးတင်ပေးမှာပါ။ ဥပမာ VPROC ဆိုဘာအလုပ်လုပ်တယ် ဗို့ဘယ်လောက်ထွက်ရမယ် ဘယ်ထဲပေးသွင်းတယ်ဆိုတာ ပုံလေးတွေနဲ့ရှင်းပြပေးမှာပါ။ ဟာခများ MT6320 ကြီးက ဒီခေါတ်သိပ်မသုံးတော့ပါဘူးဗျာ။ဟုတ် ကျွန်တော် ညီကိုတို့ကိုသိသေချင်တာ Readind Schematic ပါ ကျန်တာကွကိုစဉ်းစားကြပေါ့။

အောင်မြင်ကြပါစေ။
#sayar N.N.T

Sunday, November 12, 2017

Hardwarepost4

hardware post4

Coil

Softwarepost 11

Software Post11

MTK Dead boot ဖြစ်ရခြင်း အကြောင်းရင်းနဲ့ Dead Boot မဖြစ် အောင် ကာကွယ် ပြီး Firmware ဘယ်လို တင် မလဲ ဆိုတာလေး ပြောပြပေးပါမယ်။
****************************************************************************************************************************************************************
ဟိုးအစ ပိုင်းလောက်က Mtk phone တွေ Dead boot ဖြစ် သွားတယ် ဆို ရင် ကျနော် တို့ firmware အမှန် ပြန်တင်ကြတယ် သို့မဟုတ်ရင် လည်း အကောင်းတစ်လုံးထဲ က နေပြီး Firmware ကို back up ဆွဲထုတ်လိုက်ပြီး Dead boot
ဖြစ် နေတဲ့ Phone ထဲကို Restore ပြန်လုပ်ပေးလိုက် ကြတယ် အဲ့လောက်နဲ့တင် အဆင်ပြေသွားတယ် ။ အခုနောက် ပိုင်း Boot Partation 4mb နဲ့လာတဲ့ ဖုန်းတွေမှာ ဆိုရင်တော့ Firmware အမှန်ပြန်တင် ရင်လဲ မနိုးတော့ပါဘူး ။ Back up
firmware ပြန်တင်ရင်လဲ မရတော့ ပါဘူး ။ အဖြစ်များတဲ့ ဖုန်းတွေက တော့ Vivo Y15,Y22,Y28 Huawei U10 , Oppo R831K ,R2001,A11w အဲ့ ကောင်တွေမှာ အဖြစ် များပါတယ် ။ ဒီကောင်တွေက Boot Partation 4 mb နဲ့လာတာပါ ။
ဥပမာ ဖုန်းက virus ကိုက်ပြီး လာရင် လာမယ် , Imei ပျောက် လာရင် လာမယ် Internal Storage ပျောက် ပြီး လာရင် လာမယ် ။ Logo stop ဖြစ်ပြီ်းလဲ လာရင် လာမယ် ။ အဲ့ လိုအခြေအနေတွေနဲ့ လာ ရင် သတိထားပါ ။ အဲ့လိုဖုန်းတွေကို
firmware တင်တော့ မယ် ဆိုရင် တော့ ပုံမှန်Firmware တင်နေကျ အတိုင်း Download Only နဲ့ပဲ တင် ပါ Format all + Download နဲ့ မတင်သင့်ပါဘူး ။ Flashtool Error တက်တယ် ဆိုရင် Flashtool ပြောင်းသုံးပါ။ Format လုံးဝ ရိုက် ဖို့ မစဉ်းစားပါနဲ့
Format ရိုက်လိုက် ရင် ဘာဖြစ်သွားနိုင်လဲ ဆို တော့ နဂိုက ရှိနေတဲ့ Boot partation 4mb ဖုန်းထဲ မှာ ပြန်ပါမလာတော့ပါဘူး။ Boot partation size သာ ပြန်ပါမလာတော့ ဘူး ဆိုရင် ဖုန်းကလဲ ဘယ် လို မှ ပါဝါတက် လာနိုင် မှာ မဟုတ်တော့ ပါ။ နောက် တစ်ချက်က
DA Dl All ဆိုတာ ကို အမှန်ခြစ် ဖြူတ်ထားပါ။ ဘယ်တော့ မှ မခြစ် ပါနဲ့ ။ IC ကောင်းနေရင် ဘာမှ မဖြစ် နိုင် ဘူး ဆိုပေမယ့် ခုဏ ကျနော် ပြောသလို error တွေနဲ့ လာတဲ့ ဖုန်းတွေဆိုရင် မခြစ် ပါနဲ့ ။တကယ် လို့ အမှန်ခြစ် ခြစ်လိုက်မယ် ဆိုရင် DA DL Fail ပြသွားးလိမ့်မယ်
Fail ပြသွားပြီးရင်တော့ Dead သွားနိုင် ပါတယ် ။ ကဲ ဒီလောက်ဆိုရင်တော့ Boot partatiion 4mb နဲ့ လာတဲ့ ဖုန်းတွေကို Dead Boot မဖြစ်အောင် Firmware Flashing လုပ်တက်ပြီလို့ ထင်ပါတယ် ။ နောက်တစ်နေ့မှာတော့ Boot Partation Size ကို ဘယ် လို စစ် ရမလဲ ဆိုတာ ပြောပြပေးပါမယ်

software post5

Software Post 5

Knowledge ပိုင်းနည်းနည်းပါ

Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့ Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing , Rooting , Baseband ရှင်းလင်းချက်

Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့ Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူး အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့ သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့် အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာ လိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့ အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ် အလုပ်လုပ်ပုံ တို့ကို သေချာ သိကိုသိထား ရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊ တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android က မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊ စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော် ဆုံး ဖြစ်တဲ့ System တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊

Bootloader ဆိုတာဘာလဲ

Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ တည်ရှိ မှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point ပါပဲ၊ Bootloader ဘယ်လို အလုပ်လုပ် တာလဲ Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ ပီးရင် Bootloader
လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါ ၀င်တယ်၊ Bootloader အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို 0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c ဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board, keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux Kernel image ကို Memory ကနေ ၀င်တင်မယ်၊ Botloader ရွေးချယ်မှုBootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့ အလွန် အရေးကြီး လှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက် ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Android ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်။

Kernel ဆိုတာဘာလဲ

Kernel ဆိုတာက Android တစ်ခုထဲမှာ သာလျှင်ရှိတာ မဟုတ်ပဲ IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High Level Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြော မှာက Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊ Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြ ပါတယ်၊ ဒါပေမယ့် Linux Operation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android Kernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊ ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့် ရပါတယ်၊ Gingerbred kernel အတွက် သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardware ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲ တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software တို့ကြားမှာ နှစ်ဖက်ညွန်ကြား ချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊ Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့ အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့ စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်း ခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ Kernal က တဆင့် Hardware ကို လုပ်မယ့် အလုပ်ကိုညွန်ကြား ပါတယ်၊ ဥပမာ ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ် မှာ ခလစ်တစ် ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ ရမယ် ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware ကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ် Hardware ကိုပြန်ပေးပါတယ်၊ အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက် အလွန့် အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို ခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် Application Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop လုပ်ပေးစရာလို့ပါတယ်။

CWM ဆိုတာဘာလဲ

CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့် Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကို နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲ တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊ Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း memory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ Boot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင် ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery လိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ် ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့ Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င် ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင် အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော အလုပ်တွေအများကြီးကို စိတ်ကြိုက် လုပ်နိုင်ပါတယ်၊ ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android ROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို
ရှာတွေ့နိုင်ပါတယ်။

Firmware နဲ့ ပက်သ်သက်သ်သမျှ

Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software program ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install လုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ် ဆိုရင်တော့ Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့ Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊ တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့ သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmware ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ Firmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊ အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read Only Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့ Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal
flash meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊

Flashing ဆိုတာဘာလဲ

Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware ထည့်သွင်း တာကို ဆိုလိုပါ တယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data တွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMs အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့ Functions တွေ ကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited ၀င်ဆောင်မှူကို ရရှိနိုင်ပါတယ်။

Rooting ဆိုတာဘာလဲ

Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့် အရေးရချင်လို့ Root access လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access ရတယ် လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့ အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့ Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့ ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host Configuration Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary commands တွေလဲ အသုံးပြုနိုင် သွားပါ တယ်၊ အခြားအခြား အခြား သော အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါ တယ်။

ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software restrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့ အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ ပစ္စည်းကို အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ ဘယ်လို အကြောင်းကြောင့် ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android ဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့ ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့် တဲ့ ပြင်ဆင်မှူပြု လုပ်ခြင်းမျိုး ပြု လုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလို အကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access ရဖို့ကြိုးစားကြပါတယ်၊ Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက ကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက် မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ် အပိုင်း မှာ ရေးချင်တာရေးနိုင်သလို ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်။

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ

Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ Software Restriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက် အသုံးပြုခွင့် မရတဲ့ Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Version တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device တစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊ Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက် တည်ဆောက် ထားတဲ့ ROM ဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ၊ ဒီတော့ Custom ဆိုတဲ့ စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက် Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက် ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက် ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလို စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊ADB ဆိုတာဘာလဲ ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့ တံတား တစ်စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့ computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Client ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကို အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ ဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB ရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊Baseband ဆိုတာဘာလဲBaseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း Version နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊ Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့ ကိုက်ညီမှူ မရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ တတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့) Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့ bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊ Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions တွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာ တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊ Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို ပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ ရှော့ချပေးနိုင်ပါတယ်၊ ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsets တွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊

Xiaomi phone pin password unlock

Xiaomi ဖုန်းတွေကို Password Lock တွေ ဖြုတ်လို့ ရမယ် Product Name တွေ စစ်လို့ရမယ်

ပြုလုပ်နည်းက ဖုန်းကို Volup + Power တွဲဖိပြီး recovery Mode ၀င်ပါ
ပြီးရင် ကြိုးထိုး Tool ကိုဖွင့်ပြီး အသုံးပြုနိုင်ပါသည်

Made by Chit Min Zaw
https://my.pcloud.com/publink/show?code=XZmxWX7Zmmb5ANNMluVeIky6j4Ef0jS2PGtk