Flag Counter


Pages

Wednesday, December 27, 2017

block 0 backup ထုတ်နည်း

Software Post 28
ကျနော် ခုပြောပြပေးမှာကတော့  qualcomm cpu သုံးထားတဲ့ ဖုန်းတွေ ကို Block 0 back up ဆွဲထုတ်တာလေးပါ ဒီနည်းကတော့ ကြာပါပြီ ဒါပေမယ့် မသိသေးတဲ့ မန်ဘာတွေ အတွက်ရည်ရွယ်တာပါ

Block 0 က ဘယ်နေရာတွေမှာ အသုံးဝင်တာလဲ ဆိုရင် Dead နေတဲ့ qualcomm phone တစ်လုံး ကို 9006 mode (MMC Storage Mode ) ၀င်ပြီး  data ရေးလို့ ရပါတယ်။ 9006 Mode (MMC Storage Mode ) ဆိုတာ
တစ်နည်းအားဖြင့်ပြောရ ရင် Emmc ကို computer မှာ storage တစ်ခုအနေနဲ့ ပေါ်တာပါ 9006 ၀င်နည်းကို နောက်ပိုင်းမှာ ဆက်တင်ပေးပါမယ် ။ 9008 နဲ့ 9006 ကို ခွဲခြားသိစေလိုပါတယ် ။

9008 ဟာ Qualcomm HS usb Qloader Mode ဖြစ်ပြီး
9006 ကတော့ MMc Storage Mode ဖြစ်ပါတယ်

Deadboot ဖြစ်နေတဲ့ ဖုန်းတစ်လုံး လက်ထဲရောက်လာပြီ ဆိုရင် EMMC Ic သာ ကောင်းနေပါစေ Block 0 file ကို 9006 (MMC Storage Mode ) ကနေပြီး ပြန်ရေးရင် firmware ပြန်တက်ပါတယ် Board Firmware တင်သလိုမျိုးလဲ Noti , Theme error မတက်ပါဘူး

ကျနော် တို့ လိုတာက block 0 backup file ပဲ လိုတာပါ emmc rawtool ကနေပြီး ပြန်ေ၇းလို့ ရပါတယ် Harddisk တွေ ကလုံးရိုက်တာနဲ့ သဘောတရားတူပါတယ်။  ဖုန်းအကောင်းထဲက ထုတ်လိုက်တဲ့ block 0 file မှာ ဘာတွေပါလာမှာလဲဆိုရင်

emmc ထဲမှာ ရှိသမျှ data တွေ အားလုံး ပါလာပါတယ် Model တူ ဖုန်းထဲကို ပြန်သွင်းလိုက်တဲ့ အချိန်မှာ Back up လုပ်ထားတဲ့ ဖုန်းထဲက အတိုင်းပုံစံတူ data တူ ပြန်ရလာပါတယ် ။ခုကျနော်ပြောချင်တာက block 0 backup လုပ်တဲ့ အကြောင်းပါ

ရေးတဲ့ အကြောင်းကိုတော့ နောက်မှ ဆက်တင်ပေးပါမယ်

ဟုတ်ပြီ အဲ့ တော့ စပါမယ်

ဘာတွေလိုလဲ ဆိုတာက နေ စပါ မယ်

1  adb command 4 file
2  Backup ထုတ်မဲ့ ဖုန်း  root လိုပါတယ်
3 Sd card 8gb တစ်ခု

လိုအပ်တာတွေ ရှိပြီဆို စပါမယ်

command 4 file အောက်မှာ command box ခေါ်ပါ  command box ကျ လာရင် အောက်က command ရိုက်ပါ

adb devices
adb shell
su
dd   if=/dev/block/mmcblk0  of=/storage/sdcard1/backup.img

အပေါ်က command လေးကြောင်းရိုက်လိုက်ပါ sd card ကိုတော့ ဖုန်းထဲ ထည့်ထားပေါ့

ဖုန်းရဲ့ memory card ထဲ မှာ backup.img ဆိုတဲ့ နာမည် နဲ့ file တစ်ခုပေါ်နေလိမ့်မယ် ခဏစောင့်ပေးလိုက် နည်းနည်းတော့ ကြာမယ်

command box မှာ finish သို့ Complete လို့ ပြရင် ရပြီ

တကယ်လို့ အပေါ်က command လေးကြောင်းရိုက်လို့  Memory card ထဲကို မရောက် ပဲ internal Storage ထဲ ကိုရောက်သွားပြီး no enought space လို့ ပြရင်

dd   if=/dev/block/mmcblk0  of=/storage/sdcard0/backup.img လို့ ရိုက်လိုက် အဆင်ပြေသွားပါလိမ့်မယ်

ဒါကတော့ block 0 back up လုပ်တာပါ နောက်ထပ်နည်း တွေလဲ ရှိပါသေးတယ်
#crd. chit min zaw

No comments:

Post a Comment