Flag Counter


Pages

Sunday, December 24, 2017

About emmcdl.exe

#Software

Qualcomm Phones တွေအတွက် 9008 Mode (Qloader Mode ) ကနေ ပြီးတော့ Command တွေပေးဖို့ emmcdl.exe ဆိုတာလေးအကြောင်း ရေးပေးလိုက်ပါတယ်

emmcdl.exe ဆိုတာ ဘာတွေသုံးလို့ရလဲ ဆိုရငှ်Qualcomm Phone တွေကို partation တစ်ခုခြင်းဆီ read back လုပ်လို့ ရမယ် write လုပ်လို့ရမယ်
ခင်ဗျားတို့ ဖုန်းတွေ Userdata မပျက် ပဲ Lock တွေဖြုတ်နိုင်မယ်
Deadboot တွေ နှိုးးနိုင်မယ်
တခြားလုပ်လို့ ရတာတွေလဲ အများကြီး ရှိပါတယ်
သို့သော် Command သဘောတရား အနည်းငယ် နားလည်ဖို့တော့ လိုပါတယ်

အဲ့တော့ ကျနော် စပြောပြပါမယ်

emmcdl command တွေအသုံးပြုဖို့အတွက် emmcdl.exe လိုအပ်ပါတယ်။
emmcdl.exe ကို folder တစ်ခုထည်းထည့်ပါ။
လွတ်နေတဲ့နေရာမှာ click တစ်ချက်ထောက်ပီး keyboard ရဲ့ shift key ကို ဖိထားပီး Right Click နိပ်ပီး command window here ကို နိပ်ပါ။
run box ကြလာပါမယ်။

com port အရင် စစ်ကြည့်ပါ
command က
**************
emmcdl -l ပါ

com port ဘယ်လောက်မှာ အလုပ်လုပ်နေလဲ သိပီ ဆိုရင် info ကိုစစ်ချင်ရင်လဲရပါတယ်။
command က
*****************
emmcdl -p COM46 -info ပါ
ကျနော့် computer မှာက Com46 မှာ အလုပ်လုပ်တာမို့လို့ Com46 လို့ ရေးထားတာပါ

အဲ့တော့ command တွေ အရင် ရှင်းပြချင်ပါတယ်။

-p (COM port ကို ရေးဖို့အတွက် အရှေ့က -p ခံပေးမှ command အလုပ်လုပ်ပါမယ်) ။
eg. emmcdl -p COM46

-f (programmer name ရေးဖို့အတွက် -f ခံပေးရပါတယ် programmer name ဆိုတာ က firmware ထည်းမှာ ပါပါတယ်)။

(prog_emmc_firehose_8937_ddr.mbn) အဲ့တာကို programmer file လို့ခေါ်ပါတယ် ဖုန်းတစ်လုံးနဲ့ တစ်လုံးမတူပါဘူး အခုက mi 3s land ရဲ့ firmware ထည်းက file ပါ။
eg.
-f prog_emmc_firehose_8937_ddr.mbn

-d (ဆိုတာက Dump ပါ သူ့ရဲ့ နောက်မှာ start address နဲ့ size ပါရမယ် )။
eg. -d 7995392 65536

-o (ကိုထုတ်မဲ့ partation ရဲ့ ရှေ့မှာ ခံပေးရတယ် -o ရဲ့နောက်မှာ output filename ရှိရပါမယ်)။
eg -o persist.img

-b (သူရဲ့နောက်မှာ partation name နဲ့ binfile or img ဖိုင်ရှိရပါမယ် သူ့ကို ပြန် write ရေးတဲ့နေရာမှာ သုံးပါတယ်)။
eg -b persist persist.img

-e (erase လုပ်ဖို့အတွက်သုံးတာပါ၊ erase လုပ်ချင်တဲ့ partation name or start address and size ကို -e ရဲ့နောက်မှာထည့်ပေးရပါတယ်)။
eg. -e persist
-e 7995392 65536
(-e persist ဆိုတာကလဲ persist ကိုဖျတ်တာပါပဲ
-e 7995392 6553 ကလဲ persist ရဲ့ start address နဲ့ size ကို ဖျတ်တာ ဖြစ်တဲ့အတွက် တူတူပါပဲ )။

အဲ့တော့ backup ထုတ်တဲ့ command ကို အရင်မပြောခင် ဘာကို backup ထုတ်မှာလဲ လိုပါပီ။
ပီးတော့ ကို backup ထုတ်မဲ့ partation ရဲ့ start address နဲ့ size ကိုသိမှ ရပါမယ်။
ပီးတော့ programmer file လဲ ရှိနေမှ့ ရပါမယ်။
အဲ့ တော့ programmer file ကို firmware ထည်းကနေ copy ယူပီး emmcdl.exe folder ရှိတဲ့ အောက်မှာ ထားပေးထားပါ။ပြီးတော့ cmd box ကိုခေါ်ပါ။

command စရေးပါမယ် အရင် ကိုထုတ်မယ့် partation ရဲ့ size တွေသိချင်တာ ဖြစ်လို့
****************************************************************
emmcdl -p COM64 -f prog_emmc_firehose_8937_ddr.mbn -gpt

prgrammer name ကိုရေးရင် မှားတက်ပါတယ် အဲ့တော့ rename ကို copy ကူးပီး past လိုက်တာ အကောင်းဆုံးပါ။ok အဲ့လိုရေးလိုက်ရင် partation name တွေနဲ့ size တွေထွက်လာပါမယ်။ ပုံမှာကြည့်ပါ။

အခု backup ထုတ်တဲ့ command ကိုပြောပါမယ်။
***********************************************
'emmcdl -p COM64 -f prog_emmc_firehose_8937_ddr.mbn -d 7995392 65536 -o persist.img'

emmcdl(space)-p(space)COM64(space)
-f(space)prog_emmc_firehose_8937_ddr.mbn(space)-d(space)7995392(space)65536(space)-o(space)persist.img

command ကိုနည်းနည်းလောက်ရှင်းပြပါမယ်

emmcdl က နေထုတ်တဲ့အတွက် အရှေ့က emmcdl ခံပေးရပါတယ် ပီးရင် com port ကိုရေးရမှာ ဖြစ်တဲ့အတွက် com port ရှေ့မှာ -p ခံပေးရပါတယ်။
ပီးရင် programmer ဖိုင်ကိုရေးမှာပါ။ programmer file ကို ရေးရမှာ ဖြစ်တဲ့အတွက် -f ခံပေးရပါတယ်။
ပီးရင် dump လုပ်မှာ ဖြစ်တဲ့အတွက် -d ရေးပီး persist ရဲ့ စမှတ်နဲ့ size ကို ထည့်ပေးရပါတယ်။
ပီးရင်တော့ ထုတ်မဲ့ partation name ကို ရေးရပါတယ်။ထုတ်မှာက persist ဖြစ်တဲ့အတွက် -o persist.img လို့ရေးပေးရတယ်။!!

Write ပြန်ရေးမယ် command ပါ
************************************
emmcdl -p COM46 -f prog_emmc_firehose_8937_ddr.mbn -b persist persist.img

အပေါ်မှာရှင်းထားသလိုပဲ -b ကပြန်ရေးချင်တာပါ။အဲ့တော့ ပြန်ရေးချင်တာက persist ပါ အဲ့တော့ -b persist persist.img လို့ရေးလိုက်တာပါ။

Erase command ပါ
*************************
`emmcdl -p COM46 -f prog_emmc_firehose_8937_ddr.mbn -e persist ´

ဒီ command က persist ထည်းက data တွေကို ဖျတ်ချ ပစ်တာပါ။
နောက် command တစ်ခု ထပ်ကြည့်ပါ။

emmcdl -p COM46 -f prog_emmc_firehose_8937_ddr.mbn -e 7995392 65536

ဘာကွာလဲ တကယ်တော့ တူတူပါပဲ အောက်က command က persist ရဲ့ start address နဲ့ size ကို သေသေချာချာ address တွေထည့်ပေးထားတာ ဖြစ်လို့ ပိုတိကျမယ်လို့် ထင်ပါတယ်။

အားလုံး အဆင်ပြေကျပါစေ နားမလည်တာရှိရင် Chat box ကနေ မေးနိုင်ပါတယ်

Emmcdl.exe နဲ့ Firehose file တွေကို အောက် မှာ Download လုပ်နိုင် ပါတယ်

http://1ink.cc/gpkPT

.crd chitminzaw

No comments:

Post a Comment