Flag Counter


Pages

Monday, January 9, 2017

နားကြပ်ပုံပေါ်တဲ့ Error

နားကြပ်ပုံပေါ်တဲ့ Error

နားကြပ်တပ်မထားပေမယ့်နားကြပ်ပုံပေါ်နေပြီး
ဘာသံမှထွက်မလာတော့တာကြုံဘူးမှာပါ
နားကြပ်ထိုးလိုက်တာကိုသိပြီး အသံလမ်းကြောင်း
ပြောင်းလဲပေးခြင်းကို CPUကလုပ်ပေးတာပါ
ဖုန်းကိုပါဝါဖွင့်ပြီး pin No,4ကိုတိုင်းကြည့်ရင်
1.8vရှိနေရမယ် အဲ့voltက pmu S3 coilကလာတာ
ပါ အဲ့voltရှိမနေရင် နားကြပ်ပုံပေါ်နေမယ်
Pin No,4ဟာ CPU detectလမ်းကြောင်းပါ
နားကြပ်တပ်မထားတဲ့အခြေနေမှာ detectလမ်းကြောင်း ပေါ်သို့  S3 coilကနေ 1.8v
ကို51Kilo Ohm Resistorလေးခံပြီးကျွေးထားကာ
Hight Levelဖြစ်နေစေတယ် နားကြပ်တပ်လိုက်တာနဲ့
Pin No,4ဟာ Groundဖြစ်နေတဲ့ Pin No,1နဲ့ချိတ်မိပြီး
Voltပျောက်သွားကာ Low Levelအနေထားကိုပြောင်း
သွားပြီးCPUက detectသိသွားတယ် ဒါကြောင့်နားကျပ်
ပုံလေးပေါ်လာပြီး အသံလမ်းကြောင်းပြောင်းသွားတာ
S3လမ်းကြောင်းပေါ်ကR1104,R1105 လေးတွေopen
ဖြစ်နေရင် C1109လေး မကောင်းရင်လဲနားကြပ်ပုံ
Autoပေါ်နေတတ်ပါတယ် တစ်ခါတစ်ရံနားကြပ်ကောင်း
သားနဲ့တစ်ဖက်မလာတာကတော့ HP-Out Rလမ်းကြောင်းပေါ်က Rလေးပျက်နေတာကြောင့်ဖြစ်တတ်ပါတယ်
နှစ်ခေါက်လောက်ဖတ်ရင်တော့သိပြီထင်တာပါပဲ😃😃
အဆင်ပြေကြပါစေဗျာ
Pdfလေးသိမ်းထားချင်ရင်တော့
အောက်မှာဒေါင်းပါ
Crt. လင်းထင်


Download
http://adf.ly/1hkseh

No comments:

Post a Comment