Flag Counter


Pages

Showing posts with label #OnlingGinger Software. Show all posts
Showing posts with label #OnlingGinger Software. Show all posts

Sunday, November 12, 2017

softwarepost1

Software  post 1
================
မိုဘိုင်းဖုန်းပြုပြင်သူတစ်ယောက်အနေနဲ့  Driver Install လုပ်ခြင်းများကို သိထားဖို့က အရေးကြီးပါတယ်။ ဟုတ်ပြီ အဲ့တော့ စပါမယ်

Driver ဆိုတာဘာလဲပေါ့ Driver ဆိုတာအမျိုးမျိုး ရှိပါတယ်။ window မှာလည်းwindow driver ဆိုတာရှိပါတယ်။ ဥပမာ ပြောရရင် ကျနော်တို့ Computer
တစ်လုံးကို window တင်ပြီးတဲ့ အချိန်မှာ window နဲ့ သက်ဆိုင်တဲ့ window driver တွေ ပြန်မောင်းပေးရပါတယ်။ အဲ့လိုမှ ပြန်မမောင်းပေးဘူးဆိုရင်
Computer မှာ ပါတဲ့ Functions တွေအားလုံးအလုပ်မလုပ်ပါဘူး ။ ဥပမာပေါ့ wifi driver မမောင်းထားရင် wifi က အလုပ်လုပ်မှာ မဟုတ် ပါဘူး ။ Computer
အနေနဲ့ ပြောမယ် ဆိုရင် တော့ window driver ဆိုတာ  Computer  ရဲ့ Software နဲ့ Hardware ကို ချိတ်ဆက်ပေးတဲ့ အရာ တစ်ခုလို့ ဆိုနိုင်ပါတယ်။

ပြောချင်တာကတော့  Mobile ဖုန်းနဲ့ Computer ကို ချိတ်ဆကိ အသုံးပြုဖို့ ဖုန်း နဲ့ သက်ဆိုင်တဲ့ Driver ကို သင့်ရဲ့ computer မှာ မောင်းထားမှသာလျင်
computer နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Firmware ရေးမယ် ဆိုရင်လည်း ရေးမဲ့ ဖုန်းနဲ့ သက်ဆိုင်တဲ့  Driver တွေ မောင်းထားမှသာ Firmware ရေးလို့ ရမှာ ဖြစ်တယ်

Driver install လုပ်ရာမှာ Driver အမျိုးစား စုံလင်စွာ တွေ့ရှိကြတက်ပါတယ်။

1=== Application လို့ file type မှာခေါ်နေကြတဲ့      .exe

2==== Bat  လို့ File Type မှာ ခေါ်နေကြတဲ့   .bat   (install.bat)

3====inf လို့ File Type မှာ ခေါ်ကြတဲ့      setup   information ( usb2ser_win7.inf)
ဆိုပြီး အကြမ်းသဘောအားဖြင့်  သုံးမျိုးတွေ့ရပါတယ်။
#chitminzaw