Flag Counter

Pages

Tuesday, April 4, 2017

All model coolpad firmware ရေးနည်း

Coolpad ဖုန်းများ Firmware Restore နည်းလမ်းများ

Coolpad ဖုန်းများကို Firmware တင်းနည်တွေပါ လက်ရှိအချိန်အထိ ကြုံတွေ့ခဲ့ဖူးတဲ့ Phone Model အမျိုးအစားပေါ်မူတည် ပြီးခွဲပြီးတင်ပေးထားပါတယ်။နောက်ထပ် အခြားနည်းလမ်းများလည်းရှိကောင်းရှိနိုင်ပါတယ်။အခုသင်ကြားမည့် နည်းလမ်းတွေအကုန်လုံးကျွမ်းကျင်ထားမယ်ဆိုရင်တော့ Service လုပ်တဲ့နေရာမှာ တော်တော်လေးအထောက်အကူပြုမှာပါ။Coolpad Firmware Restore လုပ်ဖို့အတွက် တစ်ခြားဖုန်းတွေထက် နည်းလမ်းပိုများပါတယ်။တစ်ခြားဖုန်းတွေထက်နည်းလမ်းပိုများလို့ ဒီနည်းလမ်းတွေအကုန် ရမယ်ဆိုရင် EMMC Phone Tool လိုမျိုးဆိုရင် တစ်ချို့ Power သေ Qualcomm  CPU သုံးထားတဲ့ ဖုန်းတွေကို Power နှိုးလို့ရနိုင်ပါတယ်။Fastboot နည်းလမ်းဆိုရင် လည်း တစ်ခြားဖုန်းတွေကိုလည်းဒီနည်းအတိုင်း လုပ်လို့ရနိုင်နေတာပါ။အဲ့ဒါကြောင့် Coolpad အတွက် ကို ၂ရက်လောက်ကိုရေးရပါတယ် နည်းနည်းများပြီးရှုပ်ပေမယ် လေ့လာထားရင် တော်တော်လေးအသုံးဝင်မှာပါ။Coolpad Phone တွေ ဟာ Model တစ်မျိုးကို တစ်မျိုးစီလုပ်နေရသလိုပါ ဒါပေမယ့် ယေဘူယျ ခွဲခြမ်းပြီးတော့လေ့လာမယ် ဆိုရင်တော့ ဘယ်ဖုန်းလာလာ ရေးနိုင်မှာပါ။Firmware Restore ပြုလုပ်နိုင်မယ်နည်းလမ်းတွေက

• SP Flash Tool
• Research Downloader
• QDL_Phone Flash Tool
• Coolpad Download Assistant
• Emmc Download Tool
• Flash with Fastboot
• Flash with Zip file

Tools တွေကိုဒီမှာ Down ပါ။
http://adbtc.info/qsnMsIr

http://adbtc.info/szef

အရင်ဆုံးကတော့ Computer မှာ Driver သွင်းထားဖို့လိုပါတယ်။Samsung,sony,htc တို့လို Driver တစ်မျိုးတည်းသွင်းရုံနဲ့မရနိုင်ပါဘူး၊Coolpad USB Driver tအပြင် အခြား Qualcomm Driver .SPD Driver,MTK Driver တို့ကိုလည်း သွင်းထားပေးဖို့လိုပါမယ်။လက်ရှိ Servcie လုပ်နေတဲ့ Computer တွေမှာဆိုရင်တော့သွင်းထားပြီးသားဖြစ်နိုင်ပါတယ်။Install မလုပ်ရသေးရင်တော့ Install လုပ်ထားပေးဖို့လိုပါမယ်။

Using SP Flash Tools
SP Flash Tools ကိုအသုံးပြုပြီး ရေးဖို့အတွက် အရင် Huawei တွေတုန်းကရေးခဲ့ဖူးတဲ့ ဟာလေးပဲပြန်ထည့်ပေးလိုက်ပါတယ် ထပ် မရေးတော့ပါဘူး အတူတူပဲမို့ပါ။MTK(Media Tab) CPU အမျိုးအစားကို အသုံးပြုထားတဲ့ဖုန်းတွေမှာ Frimware Restore လုပ်လို့ရတဲ့Tools တစ်ခုပါ။အဓိကက MTK Driver သွင်းထားဖို့နဲ့ CPU အမျိုးအစားမှန်ကန်အောင်Scatter File ကိုရွေးချယ်ပေးဖို့ပါ။SP Flash Tool မှာ Scatter File တစ်ခုပဲရွေးပေးဖို့လိုအပ်တာမို့ မှားလို့မရပါဘူး။USB ကနေ Direct to CPU,EMMC ကိုတန်းရေးပေးတာပါ။တစ်ခါတစ်ရံ Fail ဖြစ်ခဲ့ရင် Download Buttom အစာ Format & Download ကို အသုံးပြုနိုင်ပါတယ် သတိထားရမှာ Format & Download ကိုရွေးချယ်ခဲ့မယ်ဆိုရင် EMMCကို Format အရင်ချမှာဖြစ်တဲ့ အတွက် Firmware File သာမှားနေခဲ့မယ်ဆိုရင် Power သေသွားမှာပါ။ဒါပေမယ့် Firmware File မှန်အောင်ရွေးချယ်ပြီး နောက်ထပ်ရေးလို့ရနိုင်ပါတယ်။ အရင်ရေးထာတာပဲပြန်ထည့်လိုက်ပါတယ်။
MTK သုံးထားသော Phone များကို Flash Tools ဖြင့် Firmware တင်ခြင်း
တစ်ချို့ဖုန်း များတွင် MTK CPU များ သုံးထားတတ်သည်။MTK သုံးထားသော မည်သည့် ဖုန်းကို မဆို SP Flash tools ဖြင့် အလွယ်တကူ Firmware Restore လုပ်နိုင်သည်။
SP Flash Tools ဖြင့် Firmware တင်ရန်အတွက် SP Flash Tools Firmware ရှိရန်လိုအပ်သည်။SP Flash Tools Firmware ဆိုသည် မှာ original firmware file များကို Splict ခွဲထုတ်ထားခြင်း ဒါမှမဟုတ် phone ထဲမှတိုက်ရိုက် Firmware Backup ယူထားခြင်းဖြစ်သည်။
SP Flash Tools ကို ဖွင့် ပါ။SP Flash Tools Folder ထဲက Flash Tool.exe ကို Double Click နှိပ်၍ ဖွင့်ပါ။
Flash Tools ဖွင့်ပြိးပါက Scatter Loading ဆိုသည့်နေရာတွင် Click နှိပ်၍ သက်ဆိုင်ရာဖုန်း model အလိုက် MT65xx Scatter.txt file ကိုရွေးပေးပါ။လိုအပ်သောfile များကို အလိုအလျောက်ေ၇ွးချယ်ပေးသွားပါမည်။
MTK ဖုန်းကို Firmware Restore လုပ်လျင် MTK Phone (CPU) Driver ကို သွင်းထားရန်လိုအပ်သည်။
Scatter File ရွေးပြိး ပါက Download Button ကို နှိပ်ပါ။
Download Button ကိုနှိပ်ပြီးပါကဖုန်းကို Battey ခဏဖြုတ်ပါ Batter ပြန်မတပ်ပဲ ကြိုးထိုးပါ ၊ကြိုးထိုးပြိးမှ Battery ပြန်တပ်ပါ။
Firmware File မှန်လျင်၊Drvier သိလျင် လိုအပ်သော Battery % ရှိလျင် Firmware Restore လုပ်သွားပါမည်။
အားလုံးပြိးပါက OK ဟုပြမည်။အတိုချုံးနည်းလမ်းပါ ဘယ် MTK မဆိုအသုံးပြုလို့ရနိုင်ပါတယ်။
SP Flash Tools Firmware File များကို လေ့လာခြင်း

System.img------------phone တစ်ခုလုံး Apps များ အဓိက အလုပ်လုပ်သော File များစုထားသော image file
Recvery.img----------Android Partition တစ်ပိုင်းဖြစ်သော Recovery Mode အတွက်
Boot.img ------------Android Phone များကို Power စဖွင့် လျင် Bootတက်လာရန်
Logo.img------------သက်ဆိုင်ရာ Model အလိုက် logo ထည့် ထားသော File
Cache.img----------Memory ထဲတွင် မှတ်ထားသော ယာယီမှတ်ဥာဏ် File (Backup လုပ်ထားခြင်းကြောင့်)
Userdate.img------Backup လုပ်ထားသော Phone မှ Data
Preloadre,EBR1,MBR,SECRO--EMMC ic အတွင်းမှာရှိသော Date path လမ်းကြောင်းပေးရန်

Using Research Downloader
နောက်တစ်နည်း ကတော့ Research Downloadကိုသုံးပြီးရေးမှာပါ။Research Downloader ကိုဘယ်လိုအချိန်မျိုးမှာ အသုံးပြုရမလဲဆိုရင် Firmware File ကိုဖွင့်လိုက်လို့ Research Downloader ဆိုတာပါလာရင် ဒါမှမဟုတ် Firmware File က *.pac ဆိုတဲ့ Extension နဲ့ဆိုရင်အသုံးပြုရမှာဖြစ်ပါတယ်။အရင်တုန်း က Huawei ဖုန်းတစ်ချို့ကို ဒီ Toolနဲ့ အသုံးပြုခဲ့ရဖူးပါတယ်။Research Downloader ကိုအသုံးပြုပြီးရေးရတဲ့ဖုန်းတွေက Spectrum CPU အမျိုးအစားကိုသုံးထားတဲ့ဖုန်းတွေဖြစ်ပါတယ်။ဆိုတော့ တစ်ခြားဘယ် Phone အမျိုးအစားမဆို Spectrum CPU သုံးထားမယ် Firmwar File က *.pac နဲ့လာခဲ့မယ်ဆိုရင် Research Downloader ကိုအသုံးပြုရုံပါ။Driver အရင်ဆုံးသွားထားပါ။Spectrum CPU ဆိုတော့ SPD Driver သွင်းထားပြီး ရင် ရပြီ။Research Downloader Tools ကိုဖွင့်ပါ။Research Downloader>Bin>Research Downloader.exeကိုဖွင့်ပါ။Research Downloader ပွင့်လာရင် အပေါ်နားက စက်သွားတစ်ခုထည်းပုံကိုClick နှိပ်ပြီ *.pac Firmware File ကိုမှန်အောင်ရွေးပါ။Firmware Fileရွေးပြီးသွားရင်တော့ စက်သွာ3းခုပေါင်းထားတဲ့ icon ကို Click နှိပ် အဲ့ဒိမှာ က တစ်ချို့ ဖုန်းတွေ Fail ဖြစ်တဲ့အခါမှာ NV ဖြုတ်ရေးဖို့လိုတယ်ဆိုရင် အဲ့ဒိမှာဖြုတ်လို့ရပါတယ်၊အခုမလိုရင်တော့ကျော်လိုက်ပါမယ်။Firmware File ရွေးပြီးသွားရင် Research Downloader Tool မှာ Play ပုံစံ ခလုတ်လေးရှိပါတယ်၊အဲ့ဒိ ခလုတ်လေးကိုနှိပ်ပါ ၊ပြီးရင် တော့ Phone ကို power ပိတ်ပါ ပြန်တပ်ရင် Volume Up ကိုနှိပ်ပြီး USB နဲ့ Computer ကိုချိတ်ဆက်ပါ။Driver ,Firmware File မှန်တယ်ဆိုရင် Firmware ရေးသွားပါလိမ့်မယ်။ပြီးရင်တော့Passed လို့ပြပြီး Reboot တစ်ခေါက်ကျပါမည်၊Firmware Restore ပြီးပါပြီး။

Using QDL_Phone Tool
QDL_Phone Tool (Upgrade Tool) ကို သုံးပြီး Firmware ရေး
မှာဖြစ်ပါတယ်။QDL_Phone Tool ကတော့ Internet မှာအလွယ်တကူရှာလို့ရပါတယ်။Firmware File တွေမှာလည်း တစ်ခါတည်းပါလာတတ်ပါတယ်။တကယ်လို့ Firmware File တွေနဲ့တွဲပါလာခဲ့ရင်တော့ QDL ကိုအသုံးပြုရမယ်ဆိုတာချက်ချင်းသိနိုင်ပါတယ်။ဒါပေမယ့် Frirmwae File သီးသန့်ပဲပါလာတယ်ဆိုရင်တော့ Firmware File Extension ကိုကြည့်ပြီးတော့ QDL သုံးရမလား မသုံးရဘူးလားဆိုတာ ခွဲရပါမယ်၊Firmware File ကိုဖွင့်လိုက်လို့ ARM 11,ARM 9 or Linux,Modem ဆိုပြီးရေးသားထားတာကိုတွေ့ခဲ့မယ်ဆိုရင်တော့ QDL ကိုအသုံးပြုရမှာပါ။QDL ကိုအသုံးပြုရခြင်းမှာ Qualcomm CPU အမျိုးအစားကိုအသုံးပြုထားတဲ့ ဖုန်းအမျိုးတစ်ခုဖြစ်လို့ပါ။အဲ့တော့ Qualcomm Driver ကိုလည်း Computer မှာ Install လုပ်ထားပေးဖို့လိုပါတယ်။Driver မသိရင်တော့ Firmware ရေးတဲ့နေရာမှာ အဆင်ပြေမှာမဟုတ်ပါဘူး။အပေါ်မှာ ပြထားတဲ့အတိုင်း Driver တွေအားလုံး သွင်းထားရင် ပိုပြီးအဆင်ပြေပါတယ်။Driver သွင်းပြီးသွားရင်တော့ Firmware Restore စလုပ်ပါမယ်။Firmware ရေးဖို့အတွက် QDL_Phone Tool ကိုဖွင့်ပါ။Phone ကို Power ပိတ်ပါ။ဖုန်းကို Fastboot Mode(vol D+Power)၀င်ပြီး Computer နဲချိတ်ပါ။QDL_Tool မှာ Device Connected လို့ပြနေရပါမယ်။မပြဘူးဆိုရင် Device Management(devmgmtm.msc)မှာ Driver စစ်ပါ။Driver မသိပဲ အ၀ါရောင် sign ပြနေပါက အဲ့ဒိပေါ်မှာ Right Click>Update Driver Software ကိုရွေးပြီး Driver သိအောင်လုပ်ပါ။Driver တွေ သိအောင်အရင်ဆုံး install မလုပ်ထားသူများအတွက် ခက်ခဲပါမယ်Computer ကို Driver သွင်းတာကို ထပ်လေ့လာပါ။Driver သိလို့ QDL_Tool မှာ Device Detect သိပြီဆိုရင် ARM 11 or ARM 9 ဆိုတဲ့ Buttom တစ်ခုခုပေါ်လာမယ် အပေါ်နားက File ရွေးဖို့နေရာမှာ Firmware File ကိုရွေးပါ။ ARM 11 or ARM 9 ကိုရွေးပါ။ရွေးပြီးရင် Driver လည်း အဆင်ပြေရင် QDL_Phone Tool က လင်းနေတဲ့ ARM11 or ARM 9 ကို Clickနှိပ်ပါ၊Firmware Restore လုပ်နေပါလိမ့်မယ်။ ခဏစောင့်ပါ။ပြီးရင် Reboot ကျပြီးပြန်တက်လာပါမယ်။Firmware ရေးပြီးပါပြီ။ARM 9 ကိုအရင် ရွေးပြီး Flash လုပ်ပြီးမှာ ARM 11 File ကိုရွေးပြီး Flashing လုပ်ခြင်းက ပုံမှန် ပြုလုပ်ခြင်းဖြစ်ပြီး ARM 11 ကိုရွေး ပြီး Flashing လုပ်ခြင်းကလည်း အတူတူပဲဖြစ်ပါတယ်။အဆင်မပြေ ဖြစ်ဖို့က Driver ကြောင့်ပဲဖြစ်နိုင်ပါတယ် Computer အသုံးပြုခြင်း ကျွမ်းကျင်မူနည်းနေသေးရင် တော့ ခက်ခဲနိုင်ပါတယ်။

Using Coolpad Download Assistant Tool(YGDP ကိုသုံးလည်းရနိုင်သည်)
Coolpad Download Assistant ကိုသုံးဖို့ အတွက် Firmware File က *.CPB Extension လာတဲ့Firmware ဖြစ်ရမယ်။*CPB နဲ့လာတဲ့ File တွေကို Firmware Restore လုပ်တဲ့အခါမှာ PC Downloader Tool,CDS Tool,YGDP Tool,Coolpad Download Assistant ကြိုက်နှစ်သက်ရာကိုသုံးလို့ရတယ်။ဒါပေမယ့် Coolpad ကိုရေးမှာမို့ Coolpad Download Assistant ကို အသုံးပြုမှာဖြစ်ပါတယ်။Driver အရင်ဆုံးသွင်းထားဖို့လည်းမမေ့ပါနှင့်၊Coolpad Download Assistant.exe ကို install လုပ်ထားပါ။Install လုပ်ပြီးရင် Desktop ပေါ်မှာ Coolpad Download Assistant Icon ကို ဖွင့်ပါ၊ပွင့်လာရင် Browse ဆိုတဲ့နေရာမှာ Click နှိပ်ပြီး Firmware File(*.CPB)ကိုရွေးပါ။ပြီးရင် Download ကိုနှိပ်ပါ။အစိမ်းရောင် အပေါ်တန်း ပြည့်အောင်စောင့်ပါ။ပြီးရင် ဖုန်းကို Vol Up or Vol Downဒါမှမဟုတ် ဘာမှမနှိပ်ပဲ USB နဲ့ ကြိုးထိုးပါ Firmware Restore လုပ်သွားပါမည်။ကြာနိုင်ပါတယ်။ပြီးရင်တော့ Power ပြန်ဖွင့်လို့ရပါပြီ။

Using EMMC Download Tool

EMM C Download Tool ကိုသုံးပြီး Firmware ရေးပါမယ် EMMC Download Tool က Qualcomm CPU အသုံးပြုထားတဲ့ Phone တွေအတွက် Dead Boot ဖြစ်နေရင် Power နှိုးလို့ရတဲ့အထိ အသုံးဝင်တဲ့ Tools ပါ တစ်ခြား Phone အမျိုးအစားတွေတော်တော်များများကိုလည်း အသုံးပြုလို့ရနိုင်ပါတယ်၊EMMC Tool ကို အသုံပြုရမယ် File Extension တွေက Firmware ဖိုင်ကိုဖွင့်လိုက်လို့ image fileတွေ,Unsparse File တွေနဲ့အများကြီးပါခဲ့မယ်ဆိုရင် သုံးရမှာပါ။အရင်ဆုံးတော့ Driver သွင်းထားဖို့လိုပါမယ်။ Driver အတွက်က Qualcomm USB Driver သွင်းထားရင်အဆင်ပြေမှာပါ။Qualcomm USB Driver သွင်းထားပြီးသားဆိုရင်တော့ရပါတယ်။phone ကPower မတက်ရင်တောင် မှ USB ထိုးလို့ Device Management(Run>Devmgmt.msc)မှာ စစ်လို့ Driver ပေါ်နေခဲ့မယ်ဆိုရင်ရေးလို့ရနိုင်ပါတယ်။Driver စစ်လို့ အ၀ါရောင်နဲ့ပြနေခဲ့မယ်ဆိုရင်တော့ အဲ့ဒိပေါ်မှာ Right Click>Update Driver Software> computer for driver software  ကိုနှိပ်ပြီး *.inf နဲ့လာတဲ့ qcmdm.inf  Driverဖိုင်ကိုေ၇ွးချယ်ပြီး Driver သိအောင်လုပ်လို့ရပါတယ်၊တစ်ချို့ဖိုင်တွေက Driver Install သွင်းပြီးတာတောင် မသိတာမျိုးဖြစ်တတ်ပါတယ်။*.inf,*.dll,*.sys ဖိုင်တွေနဲ့တွေ့ခဲ့ရင်တော့ Update Driver လုပ်ပြီးရွေးချယ်ပေးရင်သိနိုင်ပါတယ်။Driver သိပြီဆိုရင်တော့ EMMC Download Tool ကိုဖွင့်ပါ။ EMMC Download Tool Vxx.exe ကိုဖွင့်ပါ။English ပြောင်းဖို့လိုပါက ညာဘက်ထောင့်နားမှာရှိပါတယ်။ပြီးရင် င်္File Path ကိုနှိပ်ပြီး Firmware File ကိုရွေးချယ်ပေးပါ။ပြီးရင် ဖုန်းကို ဒီအတိုင်း USB ထိုးပြီး Computer နဲ့ချိတ်ပါ။Driver Detect သိတယ်ဆိုရင် Download Buttomလင်းလာမယ် ပြီးရင် Download Buttom ကို Click နှိပ်ပြီး Firmware Restore လုပ်လို့ရပြီ။100%ပြီးသွားရင်တော့ Battery ဖြုတ်ပြီးပြန်တပ်ပါ။power ပြန်ဖွင့်လို့ရပါပြီး။

Flashing From Fastboot
Flash from Fastboot နည်းလမ်းကိုအသုံးပြုပါမယ်။Fastbootက နေရေးတဲ့နည်းလမ်းကတော့ Huawei မှာတုန်းက သင်ခဲ့တဲ့နည်းလမ်းတွေနဲ့ အတူအတူပါပဲ။Huawei တုန်းက သိပြီးသားဆိုရင်တော့ လွယ်လွယ်ကူကူရေးလို့ရမှာပါ။Fastboot ကနေဘယ်အချိန်မှာ Flash လုပ်ရမလဲဆိုတော့ Firmware File ကိုဖွင့်ကြည့်လိုက်လို့ adb,fastboot,system.img,recovery.img,boot.img အဲ့ဒိဖိုင်တွေအနည်းငယ်လောက်ပဲပါလာတယ်ဆိုရင်တော့ Fastboot ကနေ Flash လုပ်ကြည့်လို့ရနိုင်ပါတယ်၊Fastboot ကနေ Flash ဖို့အတွက်က Driver မသိလည်းရနိုင်ပါတယ်.Android SDK လေးသွင်းထားရင်တော့ ပိုအဆင်ပြေနိုင်ပါတယ်။Fastboot ကနေ Flash ဖို့ phone ကို Fastboot Mode (Vol D+Power)အရင်ဝင်ထားပါ။Computer နဲ့ချိတ်ပါ။ပြီး Firmware File ကိုဖွင့်ပါ လွတ်တဲ့နေရာမှာ Right Click>Open Command Window Here ကိုနှိပ်ပါ၊Command Prompt မှာ fastboot devices လို့ရိုက်ပါ Serial Noတစ်ခုပြရင် Detect သိပြီ၊fastboot flash boot boot.img ရိုက်ပါBoot Flashing လုပ်နေမည်။ပြီးရင် fastboot flash recovery recovery.img လို့ရိုက်ပါ Recovery Flash လုပ်သွားမည်၊ပြီးရင် fastboot flash system system.img ရိုက်ပြီး System Flash လုပ်ပါမယ် OKAY လို့ပြရင်တော့။fastboot reboot လို့ရိုက်ပါ reboot ကျပြီး ပြန်တက်လာမည် Firmware Restore ပြီးပါပြီ။

Flashing From Recovery using Zip File
နောက်ထပ်နည်းလမ်းတစ်ခုကတော့ zip file နဲ့ Recovery က နေ Firmware ရေးပါမယ်။Recovery ကနေ Firmware Restore ပြုလုပ်ခြင်း နည်းလမ်းက အရမ်းလွယ်ကူ ပြီး Phone အမျိုးအစားတော်တော်များများကိုလည်း အသုံးပြုနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။Samsung,Huawei,HTC,Lenovo,Xiaomi,OPPO,VIVO နဲ့ အခြား ဖုန်းတော်တော်များများကိုဒီနည်းလမ်းအသုံးပြုပြီး ရေးလို့ရပါတယ်။Firmware File ကိုကြည့်လိုက်လို့ zip ဖိုင်ဖြစ်နေခဲ့ရင် ဒီနည်းလမ်းနဲ့အရင်ဆုံးလုပ်ကြည့်လို့ရပါတယ်။Firmware ရေးတာကျွမ်းကျင်တဲ့သူတွေကတော့ zip ဖိုင်ကိုဖွင့်ကြည့်ပြီး ဘယ်နည်းလမ်းကိုသုံးရမလဲဆိုတာ ချက်ချင်းသိနိုင်မှာပါ။zip file နဲ့Firmware ရေးဖို့အတွက် zip နဲ့လာတဲ့ Firmware File ကို SD Card(2GB)ထဲကို Copy ကူးထည့်ပါ။SD Card ကောင်းဖို့လိုပါတယ်။SD Card ထဲ Copy ကူးပြီးရင် ၊SD Card ကို ဖုန်းထဲထည့်၊Phone ကို Recover Mode(Vol Up +Power or Vol D+Power)ကိုဝင်ပါ။Recovery Mode ထဲကိုရောက်ရင် Volume Buttom တွေကို အသုံးပြုပြီး Apply Update From External Storege ကိုရွေးပါ။ရွေးဖို့အတွက် Volume Buttom တွေကိုအသုံးပြုပါ၊Apply Update From External ကိုရွေးပြီးရင် SD Card ထဲထည့်ထားတဲ့ Firmware File ကိုရွေးချယ်ပေးပါ။Firmware Restore ပြုလုပ်သွားပါမယ်။Firmware ရေးပြီးရင် Reboot System Now ကိုရွေးပါ ဒါမှမဟုတ် Battery ဖြုတ်ပြီး ပြန်တပ် Power ပြန်နှိုးပါ။Firmware တက်လာပါလိမ့်မယ်။

P.Sး Coolpad Phone များကို Firmware Restore လုပ်ခြင်းသည် တော်တော်များများကို Firmware Restore လုပ်ဖူးသောသူများအနေနဲ့လွယ်ကူစွာပြုလုပ်နိုင်ပေမယ့်။တစ်ချို့အခုမှ လေ့လောတုန်း သူများအတွက် နည်းနည်းခက်ခဲနိုင်ပါတယ်။ဒါပေမယ့် လေ့လောမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ၊
Future Winner Taunggyi & NS IT Center
HPBZCoolpad ဖုန်းများ Firmware Restore နည်းလမ်းများ

#Credit
Future Winner Taunggyi & NS IT Center
HPBZ

No comments:

Post a Comment